မုန်း၊ ဒီဇင်ဘာ ၂၄

ပဲခူးတိုင်း မုန်းမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သား သုံးဦးဟာ KNLA ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သူတို့ သုံးဦးဟာ ဒီဇင်ဘာ ၂၁ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၈)ထံ ဘက်ပြောင်းခိုလှုံလာတာ ဖြစ်ပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့ စစ်မှုထမ်းတပ်သားတွေဟာ အသက် ၂၃ နှစ်အရွယ် တပ်သား လင်းထက်မိုး၊ အသက် ၂၇ နှစ်အရွယ် တပ်သား စိုင်းထက်ဝေ၊ အသက် ၃၀ အရွယ် တပ်သား သက်မောင်တို့ ဖြစ်ပါတယ်။

သူတို့ သုံးဦးဟာ စစ်ကော်မရှင်ရဲ့ ကျောက်ကြီးမြို့နယ်အခြေစိုက် အမှတ် ၇၅ ခြေလျင်တပ်ရင်းက တပ်သား ဖြစ်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မစေခိုင်းခံရတဲ့ စစ်မှုထမ်းတပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံ လက်နက်ချအလင်းဝင်ကြဖို့ KNU ဗဟိုက တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.