ကျိုက်ထီးရိုးလေးဒေသ လေကြောင်းဗုံးကြဲခံရ

ရွှေကျင်၊ နိုဝင်ဘာ ၁၂ ပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိ ကျိုက်ထီးရိုးလေးဒေသကို အာဏာသိမ်း စစ်တပ်က တိုက်ပွဲမရှိဘဲ လေကြောင်းကနေ လာရောက်ဗုံးကြဲသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ နိုဝင်ဘာ ၁၀ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာ ကျိုက်ထီးရိုးလေးဒေသကို လေကြောင်းကနေ ပေါင် ၃၀၀ ဗုံး လေးလုံး လာရောက်ကြဲချသွားပါတယ်။…

ရေနံမှော်ဒေသက KTV ဆိုင်တွေ အပြီးတိုင် ပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးအဖွဲ့ အမိန့်ထုတ်

ပခုက္ကူ၊ နိုဝင်ဘာ ၁၂ မကွေးတိုင်း ပခုက္ကူခရိုင်အတွင်းရှိ ပေါက်နဲ့ မြိုင်မြို့နယ် ရေနံမှော်ဒေသတွေမှာ ဖွင့်လှစ်ထားတဲ့ KTV ဆိုင်တွေကို အပြီးတိုင် ပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ တော်လှန်ရေးကာလအတွင်း ရေနံမှော်နယ်မြေတွေမှာ KTV ဆိုင်ခန်းတွေ အများအပြား ဖွင့်လှစ်လာတယ်လို့ နိုဝင်ဘာ ၁၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီဆိုင်ခန်းတွေမှာ အရပ်သားပြည်သူတွေအပြင်…

စစ်အာဏာသိမ်း (၂၁၁၀)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၆၇၆)ဦးထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ၁၂ AAPP ရဲ့ နိုဝင်ဘာ ၁၁ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၁၁၀) ရက်အတွင်း ပြည်သူ (၈၆၇၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၃၂၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၄၃၀)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုေကြာင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

စစ်တပ်ရဲ့ ကာကွယ်ရေးအသုံးစရိတ် စံချိန်တင်မြင့်တက်လာ

နေပြည်တော် ၊ နိုဝင်ဘာ ၁၂ အာဏာသိမ်းမှုကြောင့် တကျော့ပြန်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အတွင်း ကာကွယ်ရေးအမည်ခံထားတဲ့ စစ်အသုံးစရိတ်အတွက် နိုင်ငံ့ဘတ်ဂျက်ကို တိုးမြှင့်သုံးစွဲမှု မြင့်တက်လာနေတဲ့အပေါ် အကြောက်တရားနဲ့ ရှင်သန်နေရတဲ့ ပြည်သူတွေအဖို့ နစ်နာနေရပါတယ်။ ၂၀၂၁ အာဏာသိမ်းမှု ၅ နှစ်ကျော်အတွင်း စစ်အသုံးစရိတ်ကို လိုသလောက် ထုတ်ယူသုံးစွဲနေတဲ့ စစ်တပ်က လက်ရှိမှာ သူတို့ ဦးစီးကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ လွှတ်တော်ရဲ့…

မော်လမြိုင်မြို့မှာ နေအိမ်ဖောက်ထွင်းမှုနဲ့လုယက်မှု အဖြစ်များလာ

မော်လမြိုင် ၊ နိုဝင်ဘာ ၁၂ စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရ အပြည့်အဝ ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ နေအိမ်ဖောက်ထွင်းမှုနဲ့ လုယက်မှုတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နေအိမ်ဖောက်ထွင်းမှု ဖြစ်စဉ်အရ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က မော်လမြိုင်မြို့ သရက်ကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ဆရာဝန်…

တနင်္သာရီမှာ ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ်နှစ်ဦး စစ်တပ်ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး

တနင်္သာရီ၊ နိုဝင်ဘာ ၁၂ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဖာနီကျေးရွာအနီး ဇဝဲ-တကူလမ်းပိုင်းမှာ ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ် နှစ်ဦးဟာ အာဏာသိမ်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်လောက်မှာ ဇဝဲကျေးရွာကနေ တကူရွာဘက်ကို ဆိုင်ကယ်မောင်းနင်းလာတဲ့ လူငယ်…

အမေရိကန်နဲ့ မူအားဖြင့် အခွန်ဆိုင်ရာ သဘောတူညီမှု ရရှိပြီလို့ ထိုင်း ပြော

ဘန်ကောက်၊ နိုဝင်ဘာ ၁၁ ထိုင်းနဲ့ အမေရိကန်ကြား အခွန်ဆိုင်ရာ ညှိနှိုင်းမှု ရလဒ်တွေကို ကျေနပ်လိမ့်မယ်လို့ နှစ်နိုင်ငံစလုံးရဲ့ ယုံကြည်မှုနဲ့အတူ ညှိနှိုင်းမှုတွေ မူအားဖြင့် ပြီးဆုံးပြီ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအန် ကက်ကွေးက ပြောလိုက်ပါတယ်။ ထိုင်းက တရုတ်နဲ့ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းအောင် ကြိုတင် ဆောင်ရွက်နေချိန်မှာ ဒီ…

အီရန်က မြေအောက် ဒုံးကျည်မြို့တော်ကို မိတ်ဆက်ပြသ

တီဟီရန်၊ နိုဝင်ဘာ ၁၁ အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ IRGC က မြေအောက် ဒုံးကျည်မြို့တော် အသစ်လို့ သူတို့ ပြောတဲ့နေရာကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ နေရာမှာ ဒုံးကျည် ပစ်လွှတ်စနစ်တွေနဲ့အတူ ပဲ့ထိန်း ဒုံးကျည်တွေ ခရု့ဇ်ဒုံးကျည်တွေကို သိမ်းဆည်းထားတာ တွေ့မြင်ရပါတယ်။ အီရန် တပ်ဖွဲ့ရဲ့ လေကြောင်း သီတင်းပတ် အတွင်း နိုဝင်ဘာ…

စားနပ်ရိက္ခာထောက်ပံ့မှု စီမံကိန်းကနေ လူပေါင်း ၆ ဒသမ ၃ သန်း လျှော့ချဖို့ ထရန့် အစိုးရ လုပ်ဆောင်

ဝါရှင်တန်၊ နိုဝင်ဘာ ၁၁ အမေရိကန်နိုင်ငံရဲ့ အကြီးမားဆုံး စားနပ်ရိက္ခာ ထောက်ပံ့ရေး စီမံကိန်းကနေ အမေရိကန် နိုင်ငံသား သန်းပေါင်းများစွာကို လျှော့ချဖို့ ထရန့် အစိုးရက နိုဝင်ဘာ ၁၀ ရက်မှာ လုပ်ဆောင်လိုက်ပါတယ်။ အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အဆိုပြုဥပဒေက အာဟာရ ထောက်ပံ့ရေး စီမံကိန်း အကျိုးကျေးဇူးတွေအတွက် အလိုအလျောက် သတ်မှတ်ချက် ပြည့်မီမှုကို လျှော့ချမှာ…

သရက်ချောင်း တောင်ပျောက်တိုက်နယ် လေကြောင်းဗုံးကြဲခံရ

သရက်ချောင်း ၊ နိုဝင်ဘာ ၁၁ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်မှာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ခြံလုပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ နိုဝင်ဘာ ၁၀ ရက် ညနေ ၃ နာရီအချိန်ခန့်မှာ တောင်ပျောက်တိုက်နယ်ရှိ ဝင်းကဖော်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာလေယာဉ်နှစ်စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။…