အစ္စရေးနဲ့ ဟစ်ဇဘိုလာ အပစ်ရပ်စဲရေး သဘောတူပေမယ့် တိုက်ခိုက်မှုတွေ ဆက်ရှိနေ

ဘေရွတ်၊ ဇွန် ၂၀ လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ အစ္စရေးရဲ့ ပြင်းထန်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လူ ၄၇ ဦး သေဆုံးခဲ့ပြီးနောက် အစ္စ‌ရေးနဲ့ လက်ဘနွန်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူပြီ ဖြစ်ကြောင်း အမေရိကန် အရာရှိ တစ်ဦးက ပြောလိုက်ပါတယ်။ လက်ဘနွန်ရှိ အစ္စရေး စစ်သား ၄ ဦးကို ဟစ်ဇဘိုလာအဖွဲ့က သတ်ဖြတ်ခဲ့ပြီး တိုက်ပွဲတွေ ဆက်လက်…

စစ်မှုထမ်း ဖမ်းဆီးငွေတောင်းမှု အရေးယူမယ်လို့ မွန်ပြည်နယ် စစ်အစိုးရ ပြော

မော်လမြိုင်၊ ဇွန် ၂၀ မွန်ပြည်နယ်အတွင်း ပြည်သူ့စစ်မှုထမ်း ခေါ်ယူရာမှာ ဖမ်းဆီးငွေကြေးတောင်းခံမှုတွေကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ် စစ်အစိုးရအဖွဲ့ရဲ့ လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်းက ပြောပါတယ်။ မနေ့ ဇွန် ၁၉ ရက်နေ့ ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်ရဲ့…

စစ်အာဏာသိမ်း (၁၉၆၅)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၁၀၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၂၀ AAPP ရဲ့ ဇွန်၁၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၆၅) ရက်အတွင်း ပြည်သူ (၈၁၀၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၂၀၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၉၉၁)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

အသွင်ပြောင်းစစ်အစိုးရရဲ့ ငြိမ်းချမ်းရေးခြေလှမ်း မြောက်ပိုင်းအဖွဲ့ကို ဦးတည်လာ

ပန်ဆန်း ၊ ဇွန် ၂၀ ထာဝရငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်မယ်လို့ ကြွေးကြော်နေတဲ့ အသွင်ပြောင်းစစ်အစိုးရက ရက် ၁၀၀ စီမံချက်ထဲက ငြိမ်းချမ်းရေးခြေလှမ်းကို နိုင်ငံမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ ဦးတည်လာပါတယ်။ အထူးသဖြင့် စစ်တပ်နဲ့ တိုက်ပွဲမဖြစ်တဲ့ NDAA နဲ့ UWSA အဖွဲ့ကို စစ်အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့…

လောင်းကစားဝိုင်းတွေ ပိတ်ပင်ရေးအဆို မွန်လွှတ်တော် အတည်ပြု

မော်လမြိုင် ၊ ဇွန် ၂၀ မွန်ပြည်နယ်အတွင်း တရားဝင် ခွင့်ပြုချက်ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေကို တားဆီး ပိတ်ပင်ရေး မွန်ပြည်နယ် စစ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို ပြည်နယ်လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ ဒီအဆိုကို ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်က ပြီးခဲ့တဲ့ ဇွန်…

ကော့ဘိန်းမှာ စစ်တပ်တိုက်ခိုက်ခံရပြီးနောက် ညမထွက်ရ အမိန့်ထုတ်လို့ ရွာခံတွေအခက်ကြုံ

ကော့ကရိတ်၊ ဇွန် ၂၀ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်း စစ်တပ် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တာကြောင့် အခက်ကြုံနေရတယ်လို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က အင်အား ၁၀ ဦးလောက်နဲ့ ကော့ဘိန်းကျေးရွာ အလယ်တန်းခွဲကျောင်းအနီး တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို…

ဆွစ်ဇာလန်မှာ ကျင်းပမယ့် အမေရိကန်-အီရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖျက်သိမ်း

ဝါရှင်တန်၊ ဒူဘိုင်း၊ ဇွန် ၁၉ အရှေ့အလယ်ပိုင်း စစ်ပွဲ အဆုံးသတ်ရေး အပြီးသတ် သဘောတူညီမှု ရရှိရေး အီရန်နဲ့ အမေရိကန် ဆွေးနွေးပွဲတွေကို ဇွန် ၁၉ ရက်မှာ ကျင်းပဖြစ်တော့မှာ မဟုတ်ဘူးလို့ ဆွစ်ဇာလန်က ပြောဆိုခဲ့ပါတယ်။ ဆွစ်ဇာလန်သို့ လာရောက်မယ့် အစီအစဉ်ကို အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်ဇ်က ဖျက်သိမ်း လိုက်တာ ဖြစ်ကြောင်းလည်း ဆွေးနွေးမှု…

ဟောမု့ဇ် ရေလက်ကြား ပုံမှန် ပြန်ဖြစ်ရေး အချိန်ကြာကြာ စောင့်ရဖို့ရှိနေ

တိုကျို၊ ဇွန် ၁၉ ရန်လို တိုက်ခိုက်မှုတွေ အဆုံးသတ်ရေး အမေရိကန်-အီရန် ကနဦး သဘောတူညီချက်ကို ဂျပန် သင်္ဘောနဲ့ စွမ်းအင်ကုမ္ပဏီတွေက ကြိုဆိုကြပေမယ့် လမ်းကြောင်း ပုံမှန်ပြန်ဖြစ်ရေး သေချာဖို့ အဝေးကြီး လိုနေသေးတယ်လို့ သတိပေးလိုက်ပါတယ်။ အပြီးသတ် သဘောတူညီမှု ရရှိဖို့ ညှိနှိုင်းမှုတွေ လုပ်ဖို့ လိုအပ်နေပါတယ်။ ပြီးတော့ ရေလက်ကြားမှာ မိုင်းတွေ ရှိနေဆဲ ဖြစ်ပါတယ်။…

ကျိုက်ထိုမှာ စစ်တပ်ဗုံးကြဲမှု ၅ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ကျိုက်ထို၊ ဇွန် ၁၉ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ချောင်းစောင့်ကျေးရွာ လမ်းဆုံမှာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် လူ ၅ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဇွန် ၁၈ ရက်နေ့ နေလည် ၁ နာရီအချိန်လောက်မှာ ချောင်းစောင့်ကျေးရွာ လမ်းဆုံကို အာဏာသိမ်း…

မွန်မှာ ရက် ၁၀၀ စီမံချက်အတွင်း လဝက ဝန်ထမ်းတွေ ငွေတောင်း မပြတ်

မော်လမြိုင်၊ ဇွန် ၁၉ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်အစိုးရက ရက် ၁၀၀ လမင်းစီမံချက်အဖြစ် နိုင်ငံသားစိစစ်ရေးကတ်နဲ့ Unique ID နံပါတ် ထုတ်ပေးမှုအတွင်း လဝက ဝန်ထမ်းတွေ ငွေကြေးတောင်းယူမှုတွေ ဆက်လုပ်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်အစိုးရဟာ ရက် ၁၀၀ ကာလအဖြစ် ဧပြီ ၂၀ ရက်နေ့ကနေ…