NUG အထူးတိုင်းစစ်ဌာနချုပ် အပါအဝင် စခန်း ၉ ခု သိမ်းထားတယ်လို့ စစ်တပ်ထုတ်ပြန်

ကျိုက်ထို၊ နိဝင်ဘာလ ၁၀ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ KNU တပ်မဟာ ၁ နဲ့ တပ်မဟာ ၃ အစပ်က NUG အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် စခန်း ၉ ခုသိမ်းထားတယ်လို့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ စစ်တပ်က သတင်းထုတ်ပြန်လာပါတယ်။ စစ်တပ်ထုတ်ပြန်ချက်အရ နိဝင်ဘာလ ၃ ရက်နေ့ကစတင်ပြီး မွန်ပြည်နယ်၊ သိမ်ဇရပ်-ကျိုက်ထိုဒေသနှင့် ပဲခူးတိုင်းဒေသကြီး နယ်မြေအစပ်ကို…

ဥရောပသို့ သွားမယ့် ရွှေ့ပြောင်းသူတွေရဲ့ လှေ ဆီနီဂေါ ကမ်းလွန်မှာ နစ်မြုပ်ပြီး လူ ၃၉ ဦးထက် မနည်း သေဆုံး

ဒါခါ ၊ နိုဝင်ဘာ ၁၀ ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်လာတဲ့ လှေတစ်စီး ဆီနီဂေါ ကမ်းရိုးတန်း အလွန်မှာ နစ်မြုပ်သွားပြီးနောက် လူ ၃၉ ဦးထက် မနည်း သေဆုံးကြောင်း ဆီနီဂေါ မီဒီယာ အေဂျင်စီ APS က ဖော်ပြထားပါတယ်။ လူတစ်ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပေမယ့် ပျောက်ဆုံးနေသူ အရေအတွက်ကို ကြေညာထားတာ မတွေ့ရသေးပါဘူး။…

မြောက်ကိုရီးယားက မြန်နှုန်းမြင့် တော်ပီဒိုစနစ် စမ်းသပ်

ဆိုးလ်၊ နိုဝင်ဘာ ၁၀ မြောက်ကိုရီးယားက မြန်နှုန်းမြင့် တော်ပီဒို စနစ်သစ် တစ်ခုကို ပစ်ခတ် စမ်းသပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၁၀ ရက်မှာ ဖော်ပြပါတယ်။ ကိုရီးယား ကျွန်းစွယ်မှာ တင်းမာမှုတွေ မြင့်တက်နေချိန်အတွင်း မြောက်ကိုရီးယားက သူတို့ရဲ့ ရေတပ်ကို လက်နက် ဖြည့်တင်းမှု အရှိန်မြှင့် ပြုလုပ်တဲ့အနေနဲ့အခုလို စမ်းသပ် ပစ်ခတ်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။…

စစ်အာဏာသိမ်း (၂၁၀၈)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၆၆၂)ဦးထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ၁၀ AAPP ရဲ့ နိုဝင်ဘာ ၉ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၁၀၈) ရက်အတွင်း ပြည်သူ (၈၆၆၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၂၈၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၄၂၈)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

စီတန်းလှည့်လည်ခွင့် တားမြစ်ချက် စစ်အစိုးရရဲ့ လုံခြုံရေးအာမခံချက်မရှိတာကို ပြသနေ

နေပြည်တော် ၊ နိုဝင်ဘာ ၁၀ လစ်လပ်မဲဆန္ဒနယ် ၅၅ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်အစိုးရလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ကြေညာခဲ့ပြီးနောက် စီတန်းလှည့်လည်ခွင့် တားမြစ်ချက်ကို ပြည်သူ့လွှတ်တော်နည်းဥပဒေမှာ ထည့်သွင်းလာပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၆ ရက်မှာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေတွေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ နည်းဥပဒေဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ ပြင်ဆင်လိုက်တဲ့ နည်းဥပဒေထဲမှာ ပုဒ်မတချို့ကို ပြင်ဆင်အစားထိုးတာနဲ့…

မွန်-တနင်္သာရီ လူငယ်အင်အားစုတွေ နိုင်ငံရေးတော်လှန်ရေးကဏ္ဍစုံ ပူးပေါင်းဖို့ ကတိပြု

မော်လမြိုင် ၊ နိုဝင်ဘာ ၁၀ မွန်နဲ့တနင်္သာရီဟာ နယ်နမိတ်ထိစပ်နေပြီး ပထဝီနိုင်ငံရေးနဲ့ စစ်ရေးအရ အရေးပါတဲ့ ဒေသတွေဖြစ်လို့ မွန်-တနင်္သာရီဒေသ လူငယ်နိုင်ငံရေးနှီးနှောဖလှယ်ပွဲကနေ နိုင်ငံရေး၊ တော်လှန်ရေးအပါအဝင် ကဏ္ဍစုံ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ လူငယ်အင်အားစုတွေက နိုဝင်ဘာ ၈ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။ လက်ရှိ ဒေသတွင်းဖြစ်ပွားနေတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ အာဏာရှင်စနစ်ရဲ့ အကျိုးဆက်ကြောင့် သာမန်ထက် ပြင်းထန်နေပြီး စစ်အုပ်စုရဲ့…

မွန်မှာ ငွေမိုးဆေးရုံအပါအဝင် စီးပွားရေးလုပ်ငန်းစု ၁၉ စု ၂၄ နာရီ လျှပ်စစ်မီး ရရှိနေ

မော်လမြိုင်၊ နိုဝင်ဘာ ၁၀ မွန်ပြည်နယ်မှာ မော်လမြိုင်ခရိုနီ ဦးမိုးကျော်ရဲ့ ငွေမိုးဆေးရုံအပါအဝင် စီးပွားရေးလုပ်ငန်းစု ၁၉ စုဟာ ၂၄ နာရီ လျှပ်စစ်မီး ရရှိနေတယ်လို့ သံလွင်တိုင်းမ်က လက်ခံရရှိထားတဲ့ စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရရဲ့ အချက်အလက်တွေအရ သိရပါတယ်။ အဲဒီစီးပွားရေးလုပ်ငန်းစု ၁၉ စုဟာ စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ်အစိုးဆီကနေ တစ်ယူနစ် ကျပ်…

ပွင့်ဖြူမှာ စစ်မှုထမ်းကြေး မကောက်တော့ပေမယ့် ပေါ်တာဆွဲတာတွေ ဆက်တိုက် ပြုလုပ်လာ

မကွေး နိုဝင်ဘာ ၉ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းကြေး မကောက်တော့ဘူးလို့ ကြေညာပြီးနောက် ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုဝင်ဘာလ ၇ ရက်ကနေ ၉ ရက်အထိ ဝန်ထမ်းတွေအပါအဝင် လူငယ် ၂၀ ကျော်ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ “တချို့ရွာတွေက ပေါ်တာကြေးမပေးနိုင်တော့ဘူး။ ကောက်တဲ့သူတွေကိုလည်း ခြိမ်းခြောက်တော့ အမုန်းခံပြီး ကောက်မပေးကြတော့ဘူး။…

မြန်မာနဲ့ ကမ္ဘောဒီးယား နယ်စပ်တို့နဲ့ ပတ်သက်လို့ လုံခြုံရေး အစီအစဉ်တွေ ထိုင်းစစ်တပ် ချပြ

ဘန်ကောက် ၊ နိုဝင်ဘာ ၉ ထိုင်းနိုင်ငံ အနောက်ပိုင်းနဲ့ အရှေ့ပိုင်း နယ်စပ်တလျှောက် အခြေအနေနဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ နေတဲ့ သတင်းအချက်အလက်ကြောင့် ထိုင်းပြည်သူများ စိုးရိမ်နေချိန် ထိုင်းတော်ဝင် စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝင်သိုင်း ဆူဗာရီက လုံခြုံရေး အစီအစဉ်တွေကို ချပြလိုက်ပါတယ်။ နယ်စပ် အခြေအနေတွေကို အများပြည်သူ အတိအကျ နားလည်…

ရိုဟင်ဂျာ ပြဿနာနဲ့ ပတ်သက်လို့ မြန်မာ စစ်အစိုးရနဲ့ရော AA နဲ့ပါ ညှိနှိုင်းနေကြောင်း ဘင်္ဂလားဒေ့ချ် အတည်ပြု

ဒါကာ ၊ နိုဝင်ဘာ ၉ ဘင်္ဂလားဒေ့ချ်က သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒကို ကြီးကြီးမားမား ပြန်လည် ချိန်ညှိမှုအတွင်း ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ရေးနဲ့ ပတ်သက်လို့ ရှည်ကြာနေတဲ့ လိပ်ခဲတည်းလည်း အခြေအနေကို ချိုးဖျက်ရေး မြန်မာ စစ်အစိုးရနဲ့ရော အာရက္ခတပ်တော် AA နဲ့ပါ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း တရားဝင် အတည်ပြုလိုက်ပါတယ်။ ရိုဟင်ဂျာ ပြဿနာနဲ့…