ဘီးလင်း ရွှေမျောလုပ်ကွက် ငါးခု ဗုံးကြဲခံရ၊ ထိခိုက်သေဆုံးမှုများနိုင်
ဘီးလင်း၊ ဇွန် ၂၃ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ရွှေမျောလုပ်ကွက် ငါးခုကို အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲသွားတာကြောင့် ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဇွန် ၂၂ ရက်နေ့ မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိ ဘီးလင်းမြစ်ကြောင်း…
နျူ လက်နက် ပိုင်ဆိုင်ထားတဲ့ အနေအထားကို အသုံးချသွားမယ်လို့ ကင်ဂျုံအန် ပြော
ဆိုးလ်၊ ဇွန် ၂၃ ကြိုတင် မှန်းဆလို့မရတဲ့ ရှုပ်ထွေးတဲ့ ကမ္ဘာ့ လုံခြုံရေး အခြေအနေကို နိုင်နင်းအောင် ကိုင်တွယ်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ မိမိတို့ရဲ့ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံ့ အနေအထားကို အသုံးချဖို့ပဲ ဖြစ်တယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဇွန် ၂၃…
ဗြိတိန် ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်လိုက်တဲ့ စတာမာကို ဥရောပခေါင်းဆောင်တွေနွေးထွေးစွာ နှုတ်ဆက်
ဘာလင်၊ ဇွန် ၂၃ ကီယာ စတာမာက ဗြိတိန် ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ကြောင်း ဇွန် ၂၂ ရက်မှာကြေညာလိုက်ပြီးနောက် အရင်က ခေါင်းဆောင်တွေနဲ့ထက် သူနဲ့ အလုပ်တွဲလုပ်ရတာ ပိုလွယ်ကူတယ်လို့ မှတ်ယူထားတဲ့ ဥရောပခေါင်းဆောင်တွေကို သူ့ကို နွေးနွေးထွေးထွေး နှုတ်ဆက်ခဲ့ကြပါတယ်။ အီးယူကနေ ဗြိတိန် ထွက်ခွာရေး မဲခွဲဆုံးဖြတ်ပြီးနောက် ကွန်ဆာဗေးတစ် မဟုတ်တဲ့ ပထမဆုံးဝန်ကြီးချုပ် ဖြစ်သူ စတာမာက…
စစ်အာဏာသိမ်း (၁၉၆၈)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၁၁၀) ဦးအထိရှိလာ
မော်လမြိုင်၊ ဇွန်၂၃ AAPP ရဲ့ ဇွန်၂၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၆၈) ရက်အတွင်း ပြည်သူ (၈၁၁၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၂၁၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၉၉၃)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…
ခွင့်ပြုချက်မဲ့ အသံချဲ့စက်မဖွင့်ဖို့ မွန်မှာ ရပ်/ကျေး အဖွဲ့တွေ အသံချဲ့စက်နဲ့ လိုက်လံနှိုးဆော်
မော်လမြိုင် ဇွန် ၂၃ မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ မည်သူမဆို ခွင့်ပြုချက် မရှိဘဲ အသံချဲ့စက် မဖွင့်ဖို့ စစ်အစိုးရ လက်အောက်ခံ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်တွေက အသံချဲ့စက်နဲ့ လိုက်လံ နှိုးဆော်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်တွေကတော့ အသံချဲ့စက် ဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး မည်သူမဆို…
ဘုရားသုံးဆူမြို့ကိုပြန်ရနိုင်ဖို့ စစ်တပ်က ကြာအင်းဆိပ်ကြီးမှာ စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေ
ဘားအံ ဇွန် ၂၃ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က ဘုရားသုံးဆူမြို့ကို ပြန်ပေးဖို့ အာဏာသိမ်း စစ်တပ်က တောင်းဆိုတာတွေ လုပ်ဆောင်ခဲ့ပြီးနောက် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းမှာ စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားဆောင်ရွက်မှုတွေ ရှိလာတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA အမှတ် (၂) စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောအေဝမ်း ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကို ပြန်ပေးဖို့ စစ်တပ်က…
တနင်္သာရီမှာ လေကြောင်းကနေ ဗုံးကြဲပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီထွက်ပြေးနေရ
တနင်္သာရီ ဇွန် ၂၃ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဖာနီနဲ့လေးမိုင်ရွာတို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူ ၁၀၀၀ ခန့်ထွက်ပြေးနေရတယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့ မနက် ၈ နာရီခန့်မှာ စစ်တပ်ဘက်က ဂျက်ဖိုက်တာ ၂ စီး၊ စက်တပ်လေထီး…
စစ်အုပ်ချုပ်ရေး ဥပဒေကြေညာမှုနဲ့ တောင်ကိုရီးယားဝန်ကြီးဟောင်း ထောင် ၂၅ နှစ် ချမှတ်ခံရ
ဆိုးလ်၊ ဇွန် ၂၂ ၂၀၂၄ ခုနှစ်မှာ သမ္မတဟောင်း ယွန်ဆွတ်ယိုလ်ရဲ့ စစ်အုပ်ချုပ်ရေး ဥပဒေကြေညာဖို့ ကြိုးပမ်းမှုမှာ ပါဝင် ပတ်သက်ခဲ့တဲ့အတွက် တောင်ကိုရီးယား တရားရေးဝန်ကြီးဟောင်းကို တရားရုံး တစ်ရုံးက ဇွန် ၂၂ ရက်မှာ ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်ပါတယ်။ တော်လှန်ပုန်ကန်မှုမှာ ပါဝင်တဲ့အတွက် ဝန်ကြီးဟောင်း ပက်ဆွန်ဂျေးမှာ အပြစ်ရှိကြောင်း ဆိုးလ် ဗဟိုဒေသတရားရုံးက…
ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် မြေနေရာပိုပေးရေး ကုလ တောင်းဆိုမှု ဘင်္ဂလားဒေ့ချ် ပယ်ချ
ဒါကာ၊ ဇွန် ၂၂ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရာချထားပေးရေး မြေနေရာပိုပေးဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုမှုကို ဘင်္ဂလားဒေ့ချ် အစိုးရက ပယ်ချလိုက်ပါတယ်။ ဒုက္ခသည်တွေကို မြန်မာနိုင်ငံသို့ အလျင်အမြန်၊ ဘေးအန္တရာယ်ကင်းကင်း၊ ရေရှည်နေနိုင်အောင် ပြန်လည် ပို့ဆောင်ရေး ဘင်္ဂလားဒေ့ချ်က ကုလသမဂ္ဂမှာ ထပ်ပြီး တောင်းဆိုထား ပါတယ်။ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို နေရာချထားပေးရေး နောက်ထပ် မြေနေရာပေးဖို့…
တနင်္သာရီမှာ မိုင်းထိလို့ မိခင်ဖြစ်သူ သေဆုံးပြီး သားနဲ့တူမတို့ ဒဏ်ရာရ
တနင်္သာရီ၊ ဇွန် ၂၂ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာမှာ မြေမြှုပ်မိုင်းကြောင့် မိခင်ဖြစ်သူ သေဆုံးပြီး သားနဲ့တူမ ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က လယ်တောင်ယာကျေးရွာနေ အသက် ၃၆ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်ကြူကြူခိုင်၊ အသက် ၁၅ နှစ်အရွယ် သားဖြစ်သူ မောင်ဟိန်းထက်အောင်နဲ့…
