သတင်း

မွန်မှာ စစ်မှုထမ်းတပ်သား စုဆောင်းခံရသူ ၆၀၀၀ ကျော်အထိ ရှိလာ

မော်လမြိုင် ၊ အောက်တိုဘာ ၁၄ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၉ အထိ လူငယ် ၆၀၀၀ ကျော် စစ်သားစုဆောင်းခံထားရတယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ နိုင်ငံတဝန်း ခုခံတော်လှန်စစ်ကြောင့် တပ်သားအင်အားပြုန်းတီးမှုကို ရင်ဆိုင်ခဲ့ရတဲ့ အာဏာသိမ်း စစ်တပ်ဟာ…

ကိုကင်း ၅ ကီလိုဂရမ် ခိုးဝှက် သယ်ဆောင်လာတဲ့ မလေးရှားနိုင်ငံသား ၅ ဦးကို ဂျပန်ရဲတပ်ဖွဲ့ ဖမ်းဆီး

ကွာလာလမ်ပူ ၊ အောက်တိုဘာ ၁၄ တိုကျိုမြို့ ဟာနဲဒါလေဆိပ်မှာ မလေးရှားနိုင်ငံသား ၅ ဦးရဲ့ ဖိနပ် အောက်ခံပြားထဲကနေ ကိုကင်း ၅ ကီလိုဂရမ် ရှာဖွေတွေ့ရှိပြီးနောက် အောက်တိုဘာ ၁၀ ရက်က ဂျပန်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာခံထားရပါတယ်။ အသက် ၁၉ နှစ်ကနေ အသက် ၂၆ နှစ်အရွယ်အထိ ရှိတဲ့ မလေးရှားနိုင်ငံသား ၆ ဦးဟာ…

အမေရိကန်က ယူကရိန်းကို ထောက်လှမ်းရေး သတင်းတွေ ပေးနေဆဲ ဖြစ်တယ်လို့ ထရန့် ပြော

ဝါရှင်တန် ၊ အောက်တိုဘာ ၁၄ အမေရိကန်က ယူကရိန်းနဲ့ ထောက်လှမ်းရေး သတင်း အချက်အလက်တွေ ဆက်လက် ဝေမျှနေဆဲ ဖြစ်ကြောင်းနဲ့ စစ်ပွဲ အဆုံးသတ်ရေး ကိဗ်၊ မော်စကို နှစ်ဖက်စလုံးနဲ့ အလုပ်လုပ်နေကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့က စစ်ပွဲ…

စစ်အာဏာသိမ်း (၂၀၈၁)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၅၄၁)ဦးထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၁၄ AAPP ရဲ့ အောက်တိုဘာ ၁၃ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၈၁) ရက်အတွင်း ပြည်သူ (၈၅၄၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၁၆၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၃၇၆)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

အရပ်ဘက် စစ်ဘက် ထိပ်ပိုင်းရာထူးတွေကို စစ်အစိုးရ အပြောင်းအလဲလုပ်

နေပြည်တော် ၊ အောက်တိုဘာ ၁၄ အာဏာသိမ်းစစ်တပ်အနေနဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ အရပ်သားအသွင်ပြောင်း အစိုးရအဖြစ် ဖွဲ့စည်းပြီး ၆ လပြည့်ခါနီးမှာ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေ အပါအဝင် အရပ်ဘက် စစ်ဘက် ထိပ်ပိုင်းရာထူးတွေကို အပြောင်းအလဲလုပ်လာပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးပြီးနောက်ပိုင်း အရပ်ဘက်ဆိုင်ရာ…

မော်လမြိုင်မှာ လျှပ်စစ်မီးရရှိချိန် ထပ်မံလျော့နည်းနိုင်တယ်လို့ဆို

မော်လမြိုင် ၊ အောက်တိုဘာ ၁၄ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တစ်ရက်လျှင် ၈ နာရီ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးဖြန့်ဝေပေးနေပေမယ့် ဓာတ်အားရရှိမှုအပေါ် မူတည်ပြီး လျှပ်စစ်မီးရရှိချိန် လျော့နည်းနိုင်တယ်လို့ မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးဌာနက ကြေညာပါတယ်။ မော်လမြိုင်မြို့မှာ လျှပ်စစ်မီးဖြန့်ဝေပေးဖို့ A1,A2,B1နဲ့ B2 ဆိုပြီး အုပ်စု ၄ အုပ်စုခွဲထားကာ လျှပ်စစ်မီးပေးချိန်အနေနဲ့ ၂ နာရီပေး ၆ နာရီ…

ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းရဲ့ ပါတီဝင် ရာပေါင်းများစွာကို ပါကစ္စတန်အစိုးရ ဖမ်းဆီး

ပက်ရှ်ဝါ အောက်တိုဘာ ၁၃ ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းပြည်နယ် တစ်ခုမှာ အရေးပေါ် အုပ်ချုပ်ရေး ကြေညာလိုက်ပြီးနောက် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းရဲ့ ပါတီဝင် ရာပေါင်းများစွာကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်ကြောင်း ရဲအရာရှိတွေက ပြောပါတယ်။ မီဒီယာနဲ့ စကားပြောဆိုခွင့် မရှိတာကြောင့် အမည်မဖော်ဘဲ ပြောကြားတဲ့ ရဲအရာရှိ နှစ်ဦးက ထောင်ကျခံနေရတဲ့ အီမရန်ခန်းရဲ့ PTI ပါတီဝင်၂၇၈ ဦးဟာ အောက်တိုဘာ…

ဆော်ဒီကို ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေအပေါ် တရုတ် ပြစ်တင် ရှုတ်ချ

ဘေဂျင်း အောက်တိုဘာ ၁၃ မကြာသေးခင်က ဆော်ဒီအာရေးဗီးယား လေဆိပ်တွေနဲ့ စွမ်းအင် အခြေခံ အဆောက်အဦးတွေကို ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တရုတ်က အောက်တိုဘာ ၁၂ ရက်မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ရီးယာ့ဒ်နဲ့ အီရန် ထောက်ပံ့ထားတဲ့ ဟူသီ အဖွဲ့တို့ကြား ပဋိပက္ခနဲ့ ပတ်သက်လို့ အလွန်စိုးရိမ်ကြောင်းလည်း ဘေဂျင်းက ဖော်ပြပါတယ်။ ထိခိုက်သေဆုံးမှု အများအပြား…

မင်းတုန်းမြို့နယ် မဲဇလီကျေးရွာကို စစ်တပ် ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၁ ဦး သေဆုံး

မကွေး အောက်တိုဘာ ၁၃ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာကို အာဏာသိမ်းစစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး နေအိမ်နှစ်လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ သရက် ကပစ ၁၂ ကနေ ပျံတက်လာတဲ့ ပါရာမော်တာနှစ်စီးဟာ မဲဇလီကျေးရွာကို ဗုံး ၈ လုံး…

အာဆီယံက မြန်မာကို အစည်းအဝေး ပြန်တက်ခွင့်ပေးရေး ဂျပန် ကူညီသင့်တယ်လို့ ဝန်ကြီးချုပ်ဟောင်း ကီရှီဒါ ပြော

ဘန်ကောက်၊ အောက်တိုဘာ ၁၃ အာဆီယံ အစည်းအဝေးတွေဆီ မြန်မာနိုင်ငံကို ပြန်လည် ဆောင်ကျဉ်းရေး အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ဂျပန်က ဘယ်လို ကူညီပေးနိုင်မလဲ စဉ်စားသင့်ကြောင်း ဂျပန် ဝန်ကြီးချုပ်ဟောင်း ဖူမီယို ကီရှီဒါက Nikkei Asia သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်၊ ပြည်တွင်းစစ်ကြောင့် စုတ်ပြတ်သတ်နေတဲ့ နိုင်ငံကို အာဆီယံ ထိပ်သီး အစည်းအဝေးတွေ ပြန်လည်…