သတင်း

ကမ္ဘာလုံးဆိုင်ရာ ဒီဇယ် ပြတ်လပ်မှု ၂၀၂၇ အထိ ရှည်ကြာနေနိုင်တယ်လို့ IEA သတိပေး

လန်ဒန် ၊ အောက်တိုဘာ ၁၅ ကမ္ဘာလုံးဆိုင်ရာ ဒီဇယ် ဈေးကွက်တွေဟာ ငွေကြေး ဖောင်းပွမှုကြောင့် ဈေးနှုန်း မြင့်တက်မှုနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အထိနာမှုတို့ကြောင့် လာမယ့်နှစ်အထိ ဆက်လက် ကြပ်တည်းနိုင်တယ်လို့ နိုင်ငံတကာ စွမ်းအင် အေဂျင်စီ IEA က အောက်တိုဘာ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။ အရှေ့အလယ်ပိုင်း ဒေသနဲ့ ရုရှားဆီက ရေနံထုတ်လုပ်မှုတွေဟာ…

IMF-ကမ္ဘာ့ဘဏ် အစည်းအဝေးအတွက် ဘန်ကောက်မှာ လုံခြုံရေး အားဖြည့်ထား

ဘန်ကောက် ၊ အောက်တိုဘာ ၁၅ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ အစည်းအဝေးတွေအတွက် အသုံးပြုနေတဲ့ လမ်းကြောင်း ၂၁ ခုကို လုံခြုံရေး တင်းကြပ်ထားပြီး ရေကြီးရေလျှံမှု စောင့်ကြည့်ရေးလည်း လုပ်ဆောင်နေကြောင်း ဘန်ကောက် အုပ်ချုပ်ရေးမှူး ချက်ချက် ဆီတီပွန့်က ပြောပါတယ်။ ရေဘေး သက်သာစေရေး၊ ပြန်လည် နလန်ထရေး မြို့တော် အာဏာပိုင်တွေက…

နိုင်ငံတဝန်းမှာ စစ်တပ်ဗုံးကြဲမှု စံချိန်တင် မြင့်တက်လာ

မော်လမြိုင်၊ အောက်တိုဘာ ၁၅ နိုင်ငံတဝန်းမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှု စံချိန်တင် မြင့်တက်လာပြီး စက်တင်ဘာလ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၅၀ ကျော် ကျူးလွန်ခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ မြန်မာ့ကာကွယ်ရေးနဲ့ လုံခြုံရေးရာ အင်စတီကျု MDSI ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း နိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၁၇၅…

ကျိုက်ထိုနဲ့ဘီးလင်းမှာ စစ်တပ်ဗုံးကြဲမှု သေဆုံးသူ ၈ ဦးအထိရှိလာ

ကျိုက်ထို၊ အောက်တိုဘာ ၁၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ဘီးလင်းမြို့နယ်တို့မှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူ ၈ ဦးအထိ ရှိလာတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ကျိုက်ထိုမြို့နယ် ငှက်ပျောတောကျေးရွာမှာ တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ဒရုန်းနှစ်စီးနဲ့…

စစ်အာဏာသိမ်း (၂၀၈၂)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၅၄၅)ဦးထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၁၅ AAPP ရဲ့ အောက်တိုဘာ ၁၄ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၈၂) ရက်အတွင်း ပြည်သူ (၈၅၄၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၁၇၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၃၇၇)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကို ဦးစားပေး အ‌ကောင်အထည်ဖော်နေတယ်လို့ အာဏာသိမ်း သမ္မတပြော

ထားဝယ် ၊ အောက်တိုဘာ ၁၅ လက်ရှိ စစ်အစိုးရအနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဆိုတဲ့ ဦးစားပေး ရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။ အောက်တိုဘာ ၁၃ ရက်နေ့က တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူတွေ မြို့ခံတွေ အသေးစား အငယ်စားနဲ့ အလတ်စား…

မွန်မှာ အပူဒဏ်ကြောင့် သေဆုံးသူ ၅ ဦးအထိ ရှိလာ

ဘီးလင်း ၊ အောက်တိုဘာ ၁၅ မွန်ပြည်နယ်မှာ အလွန်ပြင်းထန်တဲ့ စူပါအယ်လ်နီညိုကြောင့် အပူချိန် ပြင်းထန်ပြီး အပူလျှပ်ခြင်း Heat Stroke ဖြစ်ကာ သေဆုံးသူ ၅ ဦး အထိ ရှိလာတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ နှစ်ပတ်အတွင်း စူပါအယ်လ်နီညိုကြောင့် အပူလျှပ်ခြင်း…

မြန်မာနိုင်ငံမှာ ကျားဖြန့်စင်တာ ဖွင့်ခဲ့တဲ့ ဝေမိသားစု ဂိုဏ်းခေါင်းဆောင် ၃ ဦးကို တရုတ် သေဒဏ် ချမှတ်

ကွန်ကျိုး၊ အောက်တိုဘာ ၁၄ မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်း စင်တာတွေ ဖွင့်လှစ်မှုအတွက် ရာဇဝတ်ဂိုဏ်း တစ်ဂိုဏ်းရဲ့ ခေါင်းဆောင် ၃ ဦးကို တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ တရားရုံး တစ်ရုံးက သေဒဏ် ချမှတ်လိုက်ပါတယ်။ အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ်ရှိ အဆင့်မြင့် တရားရုံးဖြစ်တဲ့ ကွန်ကျိုး အလယ်အလတ် ပြည်သူ့တရားရုံးက…

ဂရင်းလန်းကျွန်းမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စူးစမ်းလေ့လာမှု ပြုလုပ်မယ်လို့ ထရန့် ပြော

ဝါရှင်တန် ၊ အောက်တိုဘာ ၁၄ ဒိန်းမတ်ပိုင် ဂရင်းလန်းဒေသမှာ ကြီးမားတဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ စူးစမ်းရှာဖွေရေး စတင်ဖို့ အသင့် ပြင်ဆင်နေပြီ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။ ဂရင်းလန်းမှာ စူးစမ်းရှာဖွေမယ့် အစီအစဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်ကို မဖော်ပြပေမယ့်…

ဘီးလင်းမှာ လက်နက်ကြီးကျလို့ အရပ်သား ၅ ဦး သေဆုံး

ဘီးလင်း၊ အောက်တိုဘာ ၁၄ မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာမှာ အာဏာသိမ်း စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ အောက်တိုဘာ ၁၃ ရက်နေ့ ည ၈ နာရီအချိန်လောက်မှာ အာဏာသိမ်း စစ်တပ်ရဲ့ ဘီးလင်းအခြေစိုက်…