လန်ဒန် ၊ အောက်တိုဘာ ၁၅
ကမ္ဘာလုံးဆိုင်ရာ ဒီဇယ် ဈေးကွက်တွေဟာ ငွေကြေး ဖောင်းပွမှုကြောင့် ဈေးနှုန်း မြင့်တက်မှုနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အထိနာမှုတို့ကြောင့် လာမယ့်နှစ်အထိ ဆက်လက် ကြပ်တည်းနိုင်တယ်လို့ နိုင်ငံတကာ စွမ်းအင် အေဂျင်စီ IEA က အောက်တိုဘာ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။
အရှေ့အလယ်ပိုင်း ဒေသနဲ့ ရုရှားဆီက ရေနံထုတ်လုပ်မှုတွေဟာ ပဋိပက္ခတွေကြောင့် လျော့ကျ ပြတ်တောက်နေတယ်လို့ IEA က ဆိုပါတယ်။
စွမ်းအင် ဈေးကွက်တွေ စိတ်အေးလက်အေးရှိစေရေး IEA ရဲ့ အရေးပေါ် လောင်စာတွေ ထုတ်ပေးမယ့် အချိန်နဲ့ အတိုင်းအတာကို ဆွေးနွေးမယ့် အစည်းအဝေး တစ်ရပ် မတိုင်ခင်ရက်မှာ အေဂျင်စီရဲ့ သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီဇယ်ကို စက်မှု လုပ်ငန်းနယ်ပယ်၊ စိုက်ပျိုးရေးနဲ့ ကားမောင်းနှင်မှုတို့မှာ တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြတာကြောင့် ဈေးနှုန်း စံချိန်တင် မြင့်တက်မှုကြောင့် နိုင်ငံရေးအရရော စီးပွားရေးအရပါ ဖိအားတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ တီထွင် ကြံဆမှုတွေ မလုပ်ရင် အမေရိကန် ဒီဇယ် တင်ပို့မှု တားမြစ်ချက်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က သတိပေးပါတယ်။
ဒီဇယ်ဈေးနှုန်း စံချိန်တင် မြင့်တက်မှုကြောင့် ကုန်စည်တွေရဲ့ ကုန်ကျစရိတ်တွေ မြင့်တက်လာပြီး ခေတ်နဲ့ အညီ ညှိနှိုင်းထားတဲ့ ဝင်ငွေတွေလည်း ထိခိုက်မှု ရှိသလို စီးပွားရေး လုပ်ရပ်တွေနဲ့ ငွေဖောင်းပွမှုတို့ အပေါ်ကလည်း စီးပွားရေးအရ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေတယ်လို့ IEA က ပြောပါတယ်။
စက်မှုလုပ်ငန်းတွေကို အဓိက အားကိုးနေရတဲ့ နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ အရေးပေါ် လောင်စာများကို စီမံခန့်ခွဲရေးလည်း IEA ရဲ့ လစဉ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အရှေ့အလယ်ပိုင်း ဒေသနဲ့ ရုရှားရဲ့ ရေနံ တင်ပို့မှု နှစ်ခုစလုံး ဆုံးရှုံးလိုက်ရတာဟာ စက်တင်ဘာလ အတွင်း တစ်ရက်ကို စည်ပေါင်း ၁ ဒသမ ၃ သန်း ရှိတယ်လို့
ဆိုပါတယ်။
အဲဒီ ပမာဏဟာ အခုနှစ်အတွက် အေဂျင်စီက ခန့်မှန်းထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ဒီဇယ်နဲ့ သဘာဝဓာတ်ငွေ့ ဝယ်လိုအားရဲ့ ၄ ဒသမ ၅ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း သိရပါတယ်။
ထောက်ပံ့မှု အနှောင့်အယှက်တွေ ရှည်ကြာနေရင် ဈေးနှုန်းမြင့်တက်လေ့ရှိတဲ့ နှစ်တစ်နှစ်ရဲ့ အခုလို အချိန်မှာ တီထွင်ကြံဆမှုတွေ လုပ်ဆောင်ရာမှာ ဒီဇယ် ဈေးကွက်ဟာ သိသာတဲ့ ဖိအားများအောက် ရောက်ရှိနေဆဲ ဖြစ်ကြောင်း IEA က ပြောပါတယ်။
စနစ်အတွင်း လက်ကျန် တောင့်ခံနိုင်အား ဆက်လက် ယိုယွင်းလာနေပြီး ၂၀၂၇ အတွင်း ပိုလျှံပမာဏ ရှိမလာခင်အချိန်အထိ ရေနံ ဈေးကွက်တွေ နောက်ထပ် ပရမ်းပတာ အခြေအနေတွေနဲ့ လများစွာကြာ ကြုံတွေရနိုင်တယ်လို့ သိရပါတယ်။
အခုနှစ်ကုန်ပိုင်းအထိ ကမ္ဘာလုံးဆိုင်ရာ ရေနံ သန့်စင်ရေး လုပ်ငန်းစဉ်တွေ ပြန်လည် ကောင်းမွန်လာရင်တော့ ဒီဇယ် ပမာဏ ပြန်လည် များပြားလာနိုင်ပါတယ်။
လက်ရှိမှာ ဒီဇယ်နဲ့ ဓာတ်ဆီ၊ လေယာဉ်တင်ဆီတွေ အားလုံး ဈေးနှုန်း မြင့်တက်လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၁၄ ရက်အထိ ကမ္ဘာ့ ရေနံဈေး ပြောင်းလဲမှု အနည်းငယ်ပဲ ရှိခဲ့ပြီး တစ်စည်ကို ၁၀၅ ဒသမ ၈၀ ဒေါ်လာနှုန်း ပေါက်ခဲ့ပြီး ဈေးကွက် ပိတ်ချိန်က ဈေးနှုန်းထက် ဝ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
Ref:Reuters

