October 15, 2026

စစ်အာဏာသိမ်း (၂၀၈၂)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၅၄၅)ဦးထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၁၅ AAPP ရဲ့ အောက်တိုဘာ ၁၄ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၈၂) ရက်အတွင်း ပြည်သူ (၈၅၄၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၁၇၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၃၇၇)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကို ဦးစားပေး အ‌ကောင်အထည်ဖော်နေတယ်လို့ အာဏာသိမ်း သမ္မတပြော

ထားဝယ် ၊ အောက်တိုဘာ ၁၅ လက်ရှိ စစ်အစိုးရအနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဆိုတဲ့ ဦးစားပေး ရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။ အောက်တိုဘာ ၁၃ ရက်နေ့က တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူတွေ မြို့ခံတွေ အသေးစား အငယ်စားနဲ့ အလတ်စား…

မွန်မှာ အပူဒဏ်ကြောင့် သေဆုံးသူ ၅ ဦးအထိ ရှိလာ

ဘီးလင်း ၊ အောက်တိုဘာ ၁၅ မွန်ပြည်နယ်မှာ အလွန်ပြင်းထန်တဲ့ စူပါအယ်လ်နီညိုကြောင့် အပူချိန် ပြင်းထန်ပြီး အပူလျှပ်ခြင်း Heat Stroke ဖြစ်ကာ သေဆုံးသူ ၅ ဦး အထိ ရှိလာတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ နှစ်ပတ်အတွင်း စူပါအယ်လ်နီညိုကြောင့် အပူလျှပ်ခြင်း…