သတင်း

နီပေါ ရေဘေးသင့် ဒေသမှာ နိုင်ငံခြားသားတောင်တက်သမား ၁၀၀ ကျော် ပိတ်မိနေ

ခတ္တမန္တူ၊ အောက်တိုဘာ ၁၃ နီပေါနိုင်ငံ အလယ်ပိုင်းရှိ မြစ်ကြောင်း တစ်ခုမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ရေလျှံပြီး တောင်တက်လမ်းကြောင်းတွေနဲ့ တံတားများ ပျက်စီး မျှောပါသွားပြီးနောက် မတူညီတဲ့ နေရာတွေမှာ နိုင်ငံခြားသား တောင်တက်သမား ၁၀၀ ကျော် ပိတ်မိနေတယ်လို့ သိရပါတယ်။ ခတ္တမန္တူမြို့ အနောက်ဖက် ကီလိုမီတာ ၁၀၀ ခန့်အကွာရှိ ဂေါ်ခါဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က…

ပုလောမြို့က စစ်တပ်ကာကင်းစခန်း တစ်ခုကို KNLA/PDF သိမ်းပိုက်

ပုလော၊ အောက်တိုဘာ ၁၃ တနင်္သာရီတိုင်း ပူလောမြို့နယ် မကျည်းကုန်းကျေးရွာရှိ စစ်တပ်ကာကင်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အဲဒီကာကင်းစခန်းကို မနေ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ KNLA တပ်မဟာ(၄) အထူးတိုက်ခိုက်ရေးအဖွဲ့နဲ့ PDF မြိတ်ခရိုင်တပ်ရင်း (၁)…

ကျိုက်ထိုမှာ စစ်တပ်ဗုံးကြဲမှု အရပ်သား နှစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

ကျိုက်ထို၊ အောက်တိုဘာ ၁၃ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ငှက်ပျောတောကျေးရွာအုပ်စုမှာ အာဏာသိမ်း စစ်တပ်ရဲ့ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ အောက်တိုဘာ ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ကျိုက်ထိုအခြေစိုက် တပ်မ(၄၄) ဌာနချုပ်ကနေ ငှက်ပျောတောကျေးရွာကို ဒရုန်းနဲ့ သုံးကြိမ် လာရောက်ဗုံးကြဲသွားတာပါ။ အဲဒီဗုံးကြဲမှုကြောင့် ငှက်ပျောတောကျေးရွာနေ…

စစ်အာဏာသိမ်း (၂၀၈၀)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၅၂၈)ဦးထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၁၃ AAPP ရဲ့ အောက်တိုဘာ ၁၂ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၈၀) ရက်အတွင်း ပြည်သူ (၈၅၂၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၁၄၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၃၇၄)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

တော်လှန်ရေးအတွက် CRPH ကို IPU က ဆက်လက်အသိအမှတ်ပြုထားရုံနဲ့ လုံလောက်ပြီလား

နေပြည်တော် ၊ အောက်တိုဘာ ၁၃ အာဏာသိမ်း စစ်အစိုးရက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှု ရရှိဖို့ နည်းမျိုးစုံ ကြိုးပမ်းနေချိန်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို နိုင်ငံတကာပါလီမန်များအဖွဲ့ IPU က အဓိကမိတ်ဖက်ဆွေးနွေးဖက်အဖြစ် ဆက်လက်အတည်ပြုလာပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တန်ဇန်းနီးယားနိုင်ငံ၊ အားရူးရှားမြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ရဲ့ (၁၅၃) ကြိမ်မြောက် အထွေထွေညီလာခံကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်…

ကရင်ပြည်နယ်မှာ သီတင်းကျွတ်ပွဲတော် စည်ကားစွာကျင်းပဖို့ စစ်အစိုးရစီစဉ်

ဘားအံ၊ အောက်တိုဘာ ၂၃ တိုက်ပွဲတွေနဲ့ လေကြောင်းဗုံးကြဲမှုတွေ၊ စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှုတွေနဲ့ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုတွေ ရှိနေတဲ့ ကရင်ပြည်နယ်မှာ လာမယ့် သီတင်းကျွတ်ပွဲတော်ကာလမှာ ပျော်ပွဲရွှင်ပွဲတွေ စည်ကားစွာ ကျင်းပပြုလုပ်ဖို့ ကရင်ပြည်နယ် စစ်အစိုးရက စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ စစ်အစိုးရခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးရဲ့ ဦးဆောင်မှုနဲ့ လာမယ့် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၂၆…

ရေဖြူမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရလို့ သုံးဦးသေဆုံး

ရေဖြူ၊ အောက်တိုဘာ ၁၃ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့အနီးမှာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ် ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်သား သုံးဦး သေဆုံးခဲ့တယ်လို့ ရေးဘီးလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက် မနက် ၈ နာရီခွဲအချိန်လောက်မှာ လော့သိုင်းကျေးရွာနဲ့ ကျွဲတလင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်တပ် စစ်ကြောင်းကို…

၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာတစ်ဝန်း ဆင်းရဲမွဲတေသူ အရေအတွက် ပိုများလာ

ဝါရှင်တန်၊ အောက်တိုဘာ ၁၂ ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှု ညွှန်းကိန်းကို ၂၀၁၀ ပြည့်နှစ်က စတင် ဖန်တီးခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ညွှန်းကိန်း မြင့်တက်လာပြီး ထိခိုက်မှု ရှိသူ အရေအတွက် ၁ ဒသမ ၂ ဘီလီယံရှိလာကြောင်း ကုလ ဖွံ့ဖြိုးရေး စီမံကိန်း UNDP ရဲ့ အောက်တိုဘာ ၁၂ ရက်…

တရုတ်ရဲ့ လက်တွေ့ ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ထိုင်ဝမ် အနီးကပ် စောင့်ကြည့်နေ

တိုင်ပေ၊ အောာက်တိုဘာ ၁၂ အခု သီတင်းပတ်အတွင်း နိုင်ငံ ကမ်းရိုးတန်းတလျှောက်မှာ ပြုလုပ်နေတဲ့ တရုတ်ရဲ့ လက်တွေ့ ပစ်ခတ်တဲ့ စစ်ရေး လေ့ကျင့်မှုတွေကို မိမိတို့ စစ်တပ်က အနီးကပ် စောင့်ကြည့်နေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန် ကူးက ပြောလိုက်ပါတယ်။ တရုတ် ရေပြင်လုံခြုံမှု စီမံအုပ်ချုပ်ရေးဌာနက တောင်တရုတ်ပင်လယ်ကနေ အရှေ့မြောက်ဖက်စွန်း လျောင်အိုနင်း ပြည်နယ်အထိ ဒေသ…

လမိုင်းမြို့က စည်ပင်ဝန်ထမ်း တစ်ဦး ဖမ်းဆီးခံရ

ရေး၊ အောက်တိုဘာ ၁၂ မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့စည်ပင်သာယာရေးအဖွဲ့က ဝန်ထမ်းတစ်ဦးကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖမ်းဆီးခံရသူဟာ သန့်ရှင်းရေးဝန်ထမ်း အသက် ၂၉ နှစ်အရွယ် ကိုခင်ချို ဖြစ်ပြီး မနေ့ အောက်တိုဘာ ၁၁ ရက်နေ့ နေ့လည်ပိုင်းမှာ လမိုင်းမြို့ကနေ နှစ်ကရင်အသွားလမ်းမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ မြို့ခံတွေရဲ့ ပြောပြချက်အရ…