ဝါရှင်တန်၊ အောက်တိုဘာ ၁၂
ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှု ညွှန်းကိန်းကို ၂၀၁၀ ပြည့်နှစ်က စတင် ဖန်တီးခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ညွှန်းကိန်း မြင့်တက်လာပြီး ထိခိုက်မှု ရှိသူ အရေအတွက် ၁ ဒသမ ၂ ဘီလီယံရှိလာကြောင်း ကုလ ဖွံ့ဖြိုးရေး စီမံကိန်း UNDP ရဲ့ အောက်တိုဘာ ၁၂ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၆ နှစ်ပတ်လည် အစီရင်ခံစာမှာ UNDP နဲ့ အောက်စဖို့ဒ် ဆင်းရဲမွဲတေမှုနဲ့ လူသား ဖွံ့ဖြိုးရေး အစီအစဉ် သုတေသန စင်တာက အရင်နှစ်က အရေအတွက်နဲ့ နှိုင်းယှဉ်ရင် လူပေါင်း ၅၁ ဒသမ ၅ သန်းကျော်ဟာ ပြင်းထန်တဲ့ ဆင်းရဲမွဲတေမှု အခြေအနေမျိုးနဲ့ နေထိုင်နေကြရတယ်လို့ ဖော်ပြပါတယ်။
ဆင်းရဲမွဲတေသူ အရေအတွက် ပိုများလာတာက ကမ္ဘာကြီးအတွက် နိုးထဖို့ တိုက်တွန်းချက် ဖြစ်သင့်တယ်လို့ UNDP အုပ်ချုပ်ရေးမှူး အလက်ဇန်ဒါး ဒီခရူးက ပြောပါတယ်။
အဲဒီ အရေအတွက်ရဲ့ နောက်ကွယ်မှာ နောက်ထပ် အခြေအနေ တစ်ခု ဖြစ်တဲ့ ဆာလောင်မွတ်သိပ်မှု၊ ကျောင်းမတက်ဘဲ နေရမှုနဲ့ သန့်ရှင်းတဲ့ရေနဲ့ လျှပ်စစ်မီး မရှိဘဲ နေရမှုတို့ကို အားဖြည့်ပေးနေတဲ့ လက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရသူ ၁ ဒသမ ၂ ဘီလီယံ ရှိနေတယ်လို့ ဆိုပါတယ်။
ပြင်းထန်တဲ့ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရသူတွေထဲက ထက်ဝက်ကျော်ဟာ ကလေးငယ်တွေ ဖြစ်တယ်လို့ သိရ ပါတယ်။
ဒါပေမဲ့ စံချိန်တင် တိုးများလာတဲ့ အရေအတွက်ရဲ့ အဓိက အကြောင်းရင်းဟာလူဦးရေ ဖွံ့ဖြိုးလာမှုဖြစ်တယ်လို့ UNDP က ပြောထားပြီး အချက်အလက် အသစ်တွေဟာ အစီရင်ခံစာမှာ ပါဝင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ ၁၀၈ နိုင်ငံထဲက ၁၃ နိုင်ငံအတွက် ရရှိနိုင်တဲ့ အချက်အလက်တွေလောက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆင်းရဲမွဲတေသူ အရေအတွက် ပိုများလာနေချိန်မှာ အဲဒီ အစီရင်ခံစာက ဒွိဟဖြစ်ရာအကြောင်းအရာ တစ်ခု ပါဝင်နေပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ဆင်းရဲမွဲတေမှု ညွှန်းကိန်းကနေ သတ်မှတ်ထားတဲ့ ဆင်းရဲမွဲတေစွာ နေထိုင်နေရသူ ရာခိုင်နှုန်းဟာ နိုင်ငံပေါင်း ၃၃ နိုင်ငံလောက်မှာ ထက်ဝက် လျော့သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ ဆာဟာရ တစ်ပိုင်း အာဖရိကက ၆ နိုင်ငံ ပါဝင်နေပါတယ်။
အလျင်မြန်ဆုံး တိုးတက်လာတာက အာရှ နိုင်ငံတွေ ဖြစ်ပြီး တရုတ်နဲ့ ဗီယက်နမ်တို့ ဖြစ်တယ်လို့ UNDP က ပြောပါတယ်။
အရင်နှစ်က အစီရင်စာမှာ အဆင်းရဲဆုံး လူများစု ရှိနေတာက ဆာဟာရ တစ်ပိုင်း အာဖရိကနဲ့ တောင်အာရှ ဖြစ်ပြီး အထူးသဖြင့် အိန္ဒိယတိုက် တိုက်ခွဲ ဒေသ ဖြစ်ပြီး ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံး ဒေသ ဖြစ်ပါတယ်။
အီဂျစ်၊ နီပေါနဲ့ တာဂျီကစ္စတန်တို့မှာ ဆင်းရဲမွဲတေမှု နှုန်းနဲ့ အကြောင်းရင်းများစွာကြောင့် ဆင်းရဲမွဲတေမှုနဲ့ ကြုံတွေ့နေရသူ အရေအတွက် နှစ်ခုစလုံး သိသသာသာ လျော့နည်းသွားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆင်းရဲမွဲတေမှု ညွှန်းကိန်းကို နေစရာအိမ်ရာ မရှိတာ၊ ရေဆိုးထုတ်စနစ်၊ လျှပ်စစ်မီး၊ မီဖိုချောင်သုံး ဓာတ်ငွေ့၊ စားနပ်ရိက္ခာနဲ့ ပညာသင်ကြားခွင့် မရှိတာ စတဲ့ အချက်တွေနဲ့ တိုင်းတာထားတာ ဖြစ်ပါတယ်။
Ref:AFP

