တိုင်ပေ၊ အောာက်တိုဘာ ၁၂

အခု သီတင်းပတ်အတွင်း နိုင်ငံ ကမ်းရိုးတန်းတလျှောက်မှာ ပြုလုပ်နေတဲ့ တရုတ်ရဲ့ လက်တွေ့ ပစ်ခတ်တဲ့ စစ်ရေး လေ့ကျင့်မှုတွေကို မိမိတို့ စစ်တပ်က အနီးကပ် စောင့်ကြည့်နေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန် ကူးက ပြောလိုက်ပါတယ်။

တရုတ် ရေပြင်လုံခြုံမှု စီမံအုပ်ချုပ်ရေးဌာနက တောင်တရုတ်ပင်လယ်ကနေ အရှေ့မြောက်ဖက်စွန်း လျောင်အိုနင်း ပြည်နယ်အထိ ဒေသ ငါးခုမှာ ရေယာဉ်တွေမသွားလာရဆိုတဲ့ သတိပေးချက် တစ်ရပ်ကို အောက်တိုဘာ ၈ ရက်ကတည်းက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ သတိပေးကြေညာချက်ထဲမှာ ထိုင်ဝမ်တဝိုက် ဒေသတွေတော့ ပါဝင်တာ မတွေ့ရပါဘူး။

ထိုင်ဝမ်နဲ့ အနီးဆုံး ဒေသ တစ်ခုကတော့ တရုတ် အရှေ့ပိုင်း ကျီကျန်း ပြည်နယ် အလွန် ရေပြင် ဒေသ ဖြစ်ပါတယ်။

အဲဒီ စစ်ရေး လေ့ကျင့်မှုတွေဟာ သီတင်း တစ်ပတ်လုံး ကြာမြင့်မှာ ဖြစ်ကြောင်း အသိပေး ကြေညာချက်အရ သိရပါတယ်။

ဝန်ကြီး ဝယ်လင်တန် ကူးက အဲဒီ လက်တွေ့ ပစ်ခတ်တဲ့ စစ်ရေး လေ့ကျင့်မှုတွေကို ကမ်ရိုးတန်း လက်နက်ကြီးနဲ့ ဆက်စပ် တပ်ဖွဲ့တွေက ပြုလုပ်နေတာ ဖြစ်တယ်လို့ လွှတ်တော်မှာ ပြောဆိုပါတယ်။

ဒါပေမဲ့ မိမိတို့အနေနဲ့ ရန်သူကို ကြိုတင် လက်ဦးမှု ရယူရေး တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မယ်ဆိုတဲ့ မူကို လိုက်နာပြီး ပစ်ခတ်တာ ဖြစ်ဖြစ် စစ်ရေး လေ့ကျင့်တာ ဖြစ်ဖြစ် သူတို့ရဲ့ လှုပ်ရှားမှုတွေကို မိမိတို့ အနီးကပ် ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၀ ရက်က အမျိုးသားနေ့ မိန့်ခွန်း ပြောကြားရာမှာ သမ္မတ လိုင်ချင်းတီက ထိုင်ဝမ်အနေနဲ့ ငြိမ်းချမ်းရေးကို တန်ဖိုးထားပေမယ့် မိမိတို့ရဲ့ လွတ်လပ်ခွင့်တွေကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ထိုင်ဝမ်ကို သူတို့ ပိုင်ဆိုင်တဲ့ ဒေသ အဖြစ် ရှုမြင်ထားတဲ့ တရုတ်က သမ္မတ လိုင်ရဲ့ ပြောဆိုမှုတွေကို အမြဲတမ်းလိုပဲ ပြစ်တင် ရှုတ်ချခဲ့ပါတယ်။

တရုတ်က သမ္မတ လိုင်ကို ခွဲထွက်ရေးသမားအဖြစ် ရှုမြင်ထားပြီး ဆွေးနွေးဖို့ သူ့ရဲ့ ကမ်းလှမ်းချက်တွေကို အကြိမ်ကြိမ် ပယ်ချထားပါတယ်။

လက်ရှိ စစ်ရေးလေ့ကျင့်မှုတွေဟာ လိုင်ရဲ့ ပြောဆိုချက်တွေနဲ့ ဆက်စပ်မှု မရှိဘူးလို့ တရုတ်က ပြောထားပေမယ့် အောက်တိုဘာ ၁၁ ရက်က တရုတ် ကာကွယ်ရေး ဝန်ကြီးက ထိုင်ဝမ် သမ္မတဟာ တရုတ်ရဲ့ အန္တရာယ်ကို ပုံကြီးချဲ့နေပြီး အင်အားတည်ဆောက်ပြီးတော့ လွတ်လပ်ရေးရဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

ထိုင်ဝမ်တဝိုက် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်က ပုံမှန် စစ်ရေး လေ့ကျင့်မှုတွေ လေ့ကျင့်မှုတွေ ပြုလုပ်နေတာဟာ ထိုင်ဝမ် လွတ်လပ်ရေး ရရှိရေး ကြိုးပမ်းမှုကို တားဆီးရေး ရည်ရွယ်တာ ဖြစ်ပြီး လုံခြုံရေးကို စောင့်ရှောက်ဖို့ ထိုင်ဝမ် ပြည်သူတို့ရဲ့ ကောင်းကျိုးအတွက် ဖြစ်ပြီး အားလုံး တရားဝင် ဖြစ်တယ်လို့ တရုတ်က ပြောပါတယ်။

တရုတ် စစ်တပ်က ထိုင်ဝမ်တဝိုက်မှာ နေ့တိုင်နီးပါး လှုပ်ရှားနေပေမာ့် ဒီဇင်ဘာလ လကုန်ပိုင်းကတည်းက အပြည့်အဝ စစ်ရေး လေ့ကျင့်မှုမျိုး မပြုလုပ်သေးပါဘူး။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.