မွန်က ဘုန်းကြီးကျောင်းတွေမှာ အပူရှောင်စခန်း ဖွင့်ဖို့ စစ်အစိုးရ ညွှန်ကြား
မော်လမြိုင်၊ အောက်တိုဘာ ၁၂ အလွန်ပြင်းထန်တဲ့ စူပါအယ်လ်နီညိုကို ရင်ဆိုင်ဖို့ မွန်ပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတွေမှာ အပူရှောင်စခန်းတွေ ဖွင့်လှစ်ဖို့ စစ်တပ် အသွင်းပြောင်း အစိုးရက ညွှန်ကြားထားတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘုန်းကြီးကျောင်းတွေမှာ အပူရှောင်စခန်းတွေ ဖွင့်လှစ်ဖို့ ဌာနစုံပါဝင်တဲ့ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အပူရှောင်စခန်းတွေမှာ သောက်သုံးရေ၊ အိမ်သာ၊ အခင်း၊ခေါင်းအုံတွေ…
