ရခိုင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၁၂ ဦးသေဆုံး
ကျောက်တော်၊ နိုဝင်ဘာလ ၂ ရခိုင်ပြည်နယ်က မြို့နယ်လေးခုမှာ တစ်ရက်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့အတွင်း ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနဲ့…
