သတင်း

စစ်အာဏာသိမ်း (၂၀၉၈)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၆၂၇)ဦးထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၃၁ AAPP ရဲ့ အောက်တိုဘာ ၃၀ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၉၈) ရက်အတွင်း ပြည်သူ (၈၆၂၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၂၅၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၃၉၉)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်မှုထမ်းပြဿနာ စစ်တပ်နဲ့ အစိုးရအပေါ် လွှတ်တော်တွေ ထိန်းကျောင်းလိုစိတ်ရှိရဲ့လား

နေပြည်တော် ၊ အောက်တိုဘာ ၃၁ ပြည်သူလူထု သောကပွေနေရတဲ့ ပြည်သူ့စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ အစိုးရအပေါ် လွှတ်တော်တွေက ထိန်းကျောင်းနိုင်စွမ်းနဲ့ ထိန်းကျောင်းလိုစိတ်ရော ရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ ISP-Myanmar က ထောက်ပြလာပါတယ်။ ၂၀၂၆ ခုနှစ် မတ်လကနေ အောက်တိုဘာလအထိ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွေမှာ စစ်အစိုးရကို မေးခွန်းပေါင်း ၄၉၅ ခု…

မြဝတီတိုက်ပွဲကြောင့် နယ်စပ်ဂိတ်တွေကို ထိုင်းစစ်တပ် တစ်ပတ်ပိတ်

မြဝတီ၊ အောက်တိုဘာ ၃၀ ကရင်ပြည်နယ် မြဝတီနယ်စပ်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ အခြေအနေတွေကြောင့် ထိုင်းစစ်တပ်က နယ်စပ်ဂိတ်တွေကို အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့က မြဝတီမြို့နယ် မင်းလက်ပံကျေးရွာအနီး တော်လှန်ရေးအင်အားစုနဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းက ကျည်တွေဟာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်…

မုဒုံမှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရလို့သေဆုံး

မုဒုံ၊ အောက်တိုဘာ ၃၁ မွန်ပြည်နယ် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာအနီး ရော်ဘာခြံအတွင်းမှာ သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားကို အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ရော်ဘာခြံလုပ်သားတွေက ရော်ဘာခြံဆင်းချိန်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီအမျိုးသားဟာ…

ရေထုညစ်ညမ်းမှု၊ မီးခိုးမြူနဲ့ ကျားဖြန့် လုပ်ငန်းအရေး ထိုင်းက တရုတ်နဲ့ ဆွေးနွေးဖို့ စီစဉ်

ဘန်ကောက် ၊ အောက်တိုဘာ ၃၀ ထိုင်း လက်ထောက်ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဟာ နိုဝင်ဘာ ၂ ရက်ကနေ ၄ ရက်အထိ တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ် ဂျိုင်ထိုင်း အူပါကာနီသီကာဆက်က ပြောပါတယ်။ ဝန်ကြီး ဆီဟာဆက်အနေနဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး မူဘောင် အရ…

ခရစ်ပတို ငွေကြေးကုမ္ပဏီ Binance ရဲ့ ကွန်ပြူတာ ကွန်ရက် ချိုးဖောက်ခံရမှု ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံ ဆုံးရှုံး

နယူးယောက် ၊ အောက်တိုဘာ ၃၀ ရာဇဝင်မှာ အကြီးမားဆုံး ကွန်ပြူတာ ကွန်ရက်ချိုးဖောက်မှု ဖြစ်နိုင်တဲ့ ထိခိုက်မှု တစ်ခုကြောင့် အမေရိကန် ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံ ဆုံးရှုံးခဲ့ရကြောင်း အင်တာနက် ငွေကြေး ခရစ်ပတိုကုမ္ပဏီ Binance က အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။ ကမ္ဘာမှာ အကြီးမားဆုံး အင်တာနက်…

စစ်ရေးပြင်းထန်နေတဲ့ သရက်ချောင်းမှာ အရပ်သား တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

သရက်ချောင်း၊ အောက်တိုဘာ ၃၀ စစ်ရေးပြင်းထန်နေတဲ့ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ အရပ်သားပြည်သူ တစ်ဦးကို စစ်တပ်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သတ်ဖြတ်ခံရသူဟာ ဝဲရစ်ရွာသား အသက် ၃၀ ကျော်အရွယ် ကိုဇော်ဦး ဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်နေ့က ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ဆုံပြီး ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။ ဝဲရစ်ရွာသား…

အစ္စရေးရွေးကောက်ပွဲ နေတန်ညာဟု အုပ်စု အသာရနေပေမယ့် လူများစု အမတ်နေရာ မရရှိသေး

ဂျေရုစလင်၊ အောက်တိုဘာ ၃၀ အစ္စရေး အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ညာဟုရဲ့ အုပ်စု အတိုက်အခံတွေထက် အသာစီးရထားပေမယ့် လူများစု အမတ်နေရာ ရရှိဖို့ လိုနေသေးကြောင်း အောက်တိုဘာ ၃၀ ရက် နောက်ဆုံးရလဒ်တွေက ဖော်ပြထားပါတယ်။ လက်ရှိ ရွေးကောက်ပွဲ ရလဒ်ကြောင့် ညွှန့်ပေါင်းအစိုးရ ဖွဲ့ရေး ခက်ခဲတဲ့ ဆွေးနွေးမှုတွေ ဖြစ်လာနိုင်သလို နောက်ထပ် ရွေးကောက်ပွဲ…

တရားရုံး ဆုံးဖြတ်ချက်ကြောင့် မြန်မာ ဒုက္ခသည် ၅၀၀၀ ကို ပြန်ပို့ရေး မလေးရှား ဆက်လက် ဆောင်ရွက်မယ်

ပူထရာဂျာယာ ၊ အောက်တိုဘာ ၃၀ မြန်မာ ဒုက္ခသည်တွေကို တရားဝင် လမ်းကြောင်းတွေကတဆင့် သူတို့ရဲ့ ဇာတိ နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရေး မလေးရှား အစိုးရအနေနဲ့ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒါတွတ် ဆီရီ ဆိုင်ဖူဒင် နာဆူတီယံ အစ္စမေးလ်က ပြောပါတယ်။ မလေးရှားမှာ နေထိုင်ခွင့် ရရှိရေး လျှောက်ထားမှုတွေကို ပယ်ချတဲ့…

မွန်နယ်လုံ ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ရဲထွဋ်ကို အတည်ပြုခန့်အပ်

မော်လမြိုင်၊ အောက်တိုဘာ ၃၀ စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ရဲထွဋ်ကို ပြည်နယ် လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခန့်အပ်ခဲ့ပါတယ်။ ဒီကနေ့ အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့ပါတယ်။ အတည်ပြုခန့်အပ်ခံရတဲ့ ဗိုလ်မှူးကြီး ရဲထွဋ်ဟာ အသက် ၄၉…