သတင်း

စစ်အာဏာသိမ်း (၂၁၀၁)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၆၃၃)ဦးထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ၃ AAPP ရဲ့ နိုဝင်ဘာ ၂ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၁၀၁) ရက်အတွင်း ပြည်သူ (၈၆၂၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၂၅၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၄၀၁)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

မြန်မာ့အရေး တိုးတက်မှုမရှိ တိုင်းတာသင့်တဲ့အချက်တွေနဲ့ နိုင်ငံတကာကို NUG သတင်းစကားပါး

နေပြည်တော် ၊ နိုဝင်ဘာ ၃ အာဆီယံအထူးကိုယ်စားလှယ် အပါအဝင် နိုင်ငံတကာသံတမန်တွေက စစ်အုပ်စုနဲ့ ပြန်လည်ဆက်ဆံလာတဲ့အခါ နိုင်ငံတကာအသိုင်းအဝိုင်းက တိုင်းတာသင့်တဲ့ တိုးတက်မှု ညွှန်းကိန်းတွေကို သတင်းစကားပါးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အောက်တိုဘာ ၃၁ ရက်မှာ အသိပေးလာပါတယ်။ စစ်အုပ်စု ခေါင်းဆောင်ရဲ့ နိုင်ငံတကာခရီးစဉ်တွေ၊ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတချို့က စစ်အုပ်စုနဲ့ ပြန်လည်ထိတွေ့ဆက်ဆံလာမှုတွေအပေါ် ပြည်သူတွေက…

မွန်လုံနယ်ဝန်ကြီးဟောင်း ဗိုလ်မှူးကြီးကျော်စွာမြင့်ကို အရေးယူဖို့ ရှိနေ

မော်လမြိုင် ၊ နိုဝင်ဘာ ၃ အာဏာသိမ်း စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ်အစိုးရရဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး နေရာကနေ အနားပေးခံရတဲ့ နယ်လုံ ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ကျော်စွာမြင့်ကို စစ်အစိုးရက အရေးယူဖို့ ရှိနေတယ်လို့ စစ်အစိုးရနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တရားမဝင် ကုန်သွယ်မှုတွေနဲ့ နာမည် ကြီးနေတဲ့ ဗိုလ်မှူးကြီး ကျော်စွာမြင့်ကိုတော့ စစ်အစိုးရက…

ကရင်ပြည်နယ်နေ့ ပွဲတော်အတွက် မြို့ဝင်တံတားပိတ်ချိန် ပြောင်းလဲသတ်မှတ်

ဘားအံ၊ နိုဝင်ဘာ ၃ ၇၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ နီးကပ်လာချိန်မှာ စစ်တပ် အသွင်းပြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့က ဘားအံမြို့နယ်အတွင်းရှိ သံလွင်တံတားနဲ့ ဒုံသမိတံတား ဖွင့်ပိတ်ချိန်တွေကို ကန့်သတ်ဖြေလျှော့လိုက်ပြီး အချိန်ပြောင်းလဲလိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ကရင်ပြည်နယ် ဘားအံမြို့နယ်နဲ့ မွန်ပြည်နယ် သထုံမြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းမကြီးပေါ်မှာရှိတဲ့ သံလွင်တံတား(ဘားအံ)ကို မနက် ၅ နာရီကနေ ည ၁၀…

ဖလော်ရီဒါမှာ ဂျက်လေယာဉ် ပျက်ကျ၊ လိုက်ပါသူ ၉ ဦးစလုံး သေဆုံး

ဖလော်ရီဒါ၊ နိုဝင်ဘာ ၂ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က လူနေရပ်ကွက်တစ်ခုအနီးမှာ အသေးစားဂျက်လေယာဉ်တစ်စီး အရှိန်ပြင်းပြင်းနဲ့ ထိုးဆင်းပျက်ကျခဲ့တာကြောင့် လေယာဉ်ပေါ် လိုက်ပါလာသူ ၉ ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ နိုဝင်ဘာ ၁ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီမထိုးခင်လေးမှာ ဖလော်ရီဒါပြည်နယ် ပလန်းဘိချ်ကောင်တီရဲ့ ဂရင်းအေကာစ်မြို့၊ ခရက်စ်တီယာဗန် ရပ်ကွက်အနီးမှာ ဖြစ်ပွားခဲ့တာပါ။ ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ…

ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပေမယ့် ဘင်္ဂလားဒေ့ချ် အထည်ချုပ် စက်ရုံတွေ ပြန်ဖွင့်

ဒါကာ ၊ နိုဝင်ဘာ ၂ လုပ်ခလစာ တိုးပေးရေး အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ မငြိမ်သက်မှုတွေကြောင့် စောစောပိုင်းမှာ ဘင်္ဂလားဒေ့ချ် အထည်ချုပ် စက်ရုံ အများအပြား ပိတ်ထားခဲ့ရာကနေ ထုတ်လုပ်မှုတွေ အနှောင့်အယှက် ဖြစ်ခဲ့ရပြီးနောက် နိုဝင်ဘာ ၂ ရက်က ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ ထုတ်လုပ်သူတွေက နောက်ထပ် မငြိမ်မသက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေဆဲ…

မဲဆောက်ကို ကင်းလှည့်ဖို့ ထိုင်းလေတပ်က F-16 တိုက်လေယာဉ်တွေ စေလွှတ်

မဲဆောက် ၊ နိုဝင်ဘာ ၂ တက်ခ်ပြည်နယ် မဲဆောက်မြို့မှာ F-16 တိုက်လေယာဉ် တစ်စီးနဲ့ ကင်းလှည့်ခဲ့ပြီးနောက် ထိုင်းတော်ဝင် ရဲတပ်ဖွဲ့က နိုင်ငံရဲ့ လေပိုင်နက်ကို ကာကွယ်ဖို့ ၂၄ နာရီ အဆင့်သင့် ရှိကြောင်း အတည်ပြုလိုက်ပါတယ်။ မဲဆောက်မြို့ဝေဟင် အပါအဝင် ထိုင်းတောင်ပိုင်း နယ်စပ် တလျှောက် လေကြောင်း ကင်းလှည့်ရေး လုပ်ငန်စဉ်အတွက် ထိုင်းတော်ဝင် လေတပ်က…

ကုလသမဂ္ဂရုံးရှေ့ မြန်မာရွှေ့ပြောင်းလုပ်သားအရေး လှုပ်ရှားသူ တိုက်ခိုက်ခံရမှုကို ထိုင်း ပြည်သူ့ပါတီ ရှုတ်ချ

ဘန်ကောက် နိုဝင်ဘာ ၂ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ အခွင့်အရေးအတွက် ဆန္ဒထုတ်ဖော်နေတဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံခဲ့ရတဲ့အပေါ် ထိုင်းအတိုက်အခံ People’s Party (ပြည်သူ့ပါတီ) က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ ဒီဖြစ်စဉ်ဟာ နိုဝင်ဘာ ၁ ရက်နေ့ မနက်ပိုင်းက ဘန်ကောက်မြို့ ရတ်ချာဒမ်နွန်နော့ လမ်းပေါ်မှာရှိတဲ့ ကုလသမဂ္ဂရုံးရှေ့မှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီနေ့က…

အဓိကရုဏ်းနဲ့ လုယက်မှုတွေကို တင်းတင်းကြပ်ကြပ် တုံ့ပြန်မယ်လို့ ဂျာမနီ အစိုးရ ကြွေးကြော်

ဖရန့်ဖက်၊ နိုဝင်ဘာ ၂ ဖရန့်ဖက်မြို့မှာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပြီး စတိုးဆိုင်တွေကို ဖျက်ဆီးခဲ့တဲ့ လုယက်သူတွေ၊ အဓိကရုဏ်း ဆင်နွှဲသူတွေကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်တွေ ချမှတ်သွားမှာ ဖြစ်ကြောင်း ဂျာမနီ အစိုးရဝန်ကြီးတွေက ခြိမ်းခြောက်လိုက်ပါတယ်။ ပိုမိုကျယ်ပြန့်တဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ဆောင်ရွက်ပုံကို ဝန်ကြီးတွေက ချီးကျူးခဲ့ပါတယ်။ Gen Z regelt လို့ခေါ်တဲ့…

ရခိုင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၁၂ ဦးသေဆုံး

ကျောက်တော်၊ နိုဝင်ဘာလ ၂ ရခိုင်ပြည်နယ်က မြို့နယ်လေးခုမှာ တစ်ရက်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့အတွင်း ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနဲ့…