နယ်စပ်တိုက်ပွဲကြောင့် မြန်မာစစ်သံမှူးကို ထိုင်းစစ်ဦးစီးချုပ် ခေါ်ယူသတိပေး
မြဝတီ၊ နိုဝင်ဘာ ၄ ထိုင်း-မြန်မာနယ်စပ်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း ထိုင်းနိုင်ငံထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မြန်မာစစ်သံမှူးကို ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုဝင်ဘာ ၂ ရက်နေ့မှာ ခေါ်ယူသတိပေးလိုက်ပါတယ်။ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိတဲ့ တိုက်ပွဲတွေမှာ ထိုင်းနိုင်ငံထဲ လက်နက်ကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံလူထုရဲ့ အသက်အိုးအိမ်ထိခိုက်ခံစားရမှုနဲ့ စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ထိုင်းနိုင်ငံထဲအထိပါ ထိခိုက်ပျက်စီးဆုံးရှုံးရမှုတွေကို ထိုင်းဘက်က…
