ရေး၊ နိုဝင်ဘာ ၃
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အိုင်ပုတ်ကျေးရွာအနီးမှာ အာဏာသိမ်း စစ်တပ်အဖွဲ့ဝင်တွေ ရေးဘီလူးအဖွဲ့ရဲ့ တိုက်ခိုက်တာခံရပြီး ၂ ဦးသေဆုံးတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်မှာ အိုင်ပုတ်ရွာ တာဝန်ကျ စစ်ဆေးရေးဂိတ် တာဝန်ကျ စစ်တပ်မှ တပ်သား ၂ ဦးဟာ ဆိုင်ကယ်နဲ့ထွက်လာချိန် ရေးဘီးလူးအဖွဲ့ရဲ့တိုက်ခိုက်တာကို ခံခဲ့ရတယ်လို့လဆိုပါတယ်။
အိုင်ပုတ်မှာရှိတဲ့ စစ်တပ်ဂိတ်နားမှာ စစ်တပ် အဖွဲ့တွေ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာမှန်ပေမယ့် ရာထူးတွေကိုတော့ သေချာ မသိရသေးကြောင်း ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီ ပစ်ခတ်မှုအတွင်း စစ်တပ်ဘက်က တပ်သား ၂ ဦးသေဆုံးသွားပြီး ပါလာတဲ့ ပစ္စည်း တချို့ကို ရေးဘီလူးအဖွဲ့က သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။
ရေးဘီလူးအဖွဲ့ကတော့ ဗိုလ်လေး ဝေဟင်ပိုင်ကျော်နဲ့စစ်မှုထမ်း နှစ်ဦးဟာ ကျေးရွာတွေမှာ မူးယစ်ဆေးဝါး ရောင်းချဖို့လာချိန် အဖွဲ့တွေနဲ့တိုးပြီး ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်က တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး သူတို့ထံကနေ ဖုန်းတစ်လုံး၊ WY ဆေးပြား ၆ ပြားနဲ့ ငွေကျပ် ၂၀၀၀၀ ကျော်ကိုသိမ်ဆည်းရမိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

