မော်လမြိုင်၊ နိုဝင်ဘာ ၃
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လေပြင်းတိုက်ခိုက်မှုနဲ့အတူ သစ်ပင်တွေ ပြိုလဲမှုကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၂ ရက်နေ့ ညဦးပိုင်းမှာ မော်လမြိုင်မြို့နယ် ဖားအောက်၊ရိုးဂိုးနဲ့ကြာအင်းကျေးရွာတို့မှာ လေပြင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
လေပြင်းတိုက်ခိုက်မှုကြောင့် မော်လမြိုင် နည်းပညာတက္ကသိုလ်ဝင်းအတွင်းရှိ လူနေအိမ်တန်းလျာတွေနဲ့ နေအိမ်တချို့ သစ်ပင်ပိပြီး လူထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့တာပါ။
နေအိမ် သစ်ပင်ပိမိတာကြောင့် အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ဖားအောက်တိုက်နယ်ဆေးရုံမှာ တက်ရောက်ကုသနေရပါတယ်။
လေပြင်းတိုက်ခိုက်မှုနဲ့အတူ သစ်ပင်တွေ ပြိုလဲမှုကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့နဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဖယ်ရှားရှင်းလင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
မိုးဇလကတော့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း“မူရားစု”ရဲ့အရှိန်ကြောင့် လာမယ့် ၂၄ နုရီအတွင်း မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းတာ၊လေပြင်းတိုက်ခတ်တာ၊ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ ကြုံနိုင်တယ်လို့ သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

