မဲဆောက်ကို ကင်းလှည့်ဖို့ ထိုင်းလေတပ်က F-16 တိုက်လေယာဉ်တွေ စေလွှတ်

မဲဆောက် ၊ နိုဝင်ဘာ ၂

တက်ခ်ပြည်နယ် မဲဆောက်မြို့မှာ F-16 တိုက်လေယာဉ် တစ်စီးနဲ့ ကင်းလှည့်ခဲ့ပြီးနောက် ထိုင်းတော်ဝင် ရဲတပ်ဖွဲ့က နိုင်ငံရဲ့ လေပိုင်နက်ကို ကာကွယ်ဖို့ ၂၄ နာရီ အဆင့်သင့် ရှိကြောင်း အတည်ပြုလိုက်ပါတယ်။

မဲဆောက်မြို့ဝေဟင် အပါအဝင် ထိုင်းတောင်ပိုင်း နယ်စပ် တလျှောက် လေကြောင်း ကင်းလှည့်ရေး လုပ်ငန်စဉ်အတွက် ထိုင်းတော်ဝင် လေတပ်က နိုဝင်ဘာ ၁ ရက် ညနေ ၅ နာရီဝန်းကျင်လောက်မှာ တိုက်လေယာဉ် စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ မစ်ရှင်ကို ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ထိုင်း တော်ဝင် လေတပ်က ပြောပါတယ်။

ဌာနက တိုက်လေယာဉ် အမျိုးအစား ၁၉ အဖြစ် သတ်မှတ်ထားတဲ့ F-16 တိုက်လေယာဉ်ကို တပ်ရင်း လေယာဉ် အုပ်စု ၄၀၃ ရှိ အသင့်အနေအထားကနေ စေလွှတ်ခဲ့တာ ဖြစ်တယ်လို့ လေတပ် ပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။

နာခွန်ဆာဝန်ဒေသရှိ လေတပ် တပ်ဖွဲ့ အမှတ် ၄ ကနေ စေလွှတ်ခဲ့တာ ဖြစ်ပြီး အလျင်အမြန် တုံ့ပြန်ရေး လုပ်ငန်းစဉ်တွေအရ အဲဒီ လေယာဉ်ကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ စစ်အင်အား အသုံးပြုမှုက တခြား နိုင်ငံတွေကို အန္တရာယ် ဖြစ်စေတဲ့ လုပ်ရပ်မျိုး မဖြစ်စေရဘဲ သင့်လျော်မှု ရှိရမှာ ဖြစ်ကြောင်း လေတပ် ပြောခွင့်ရသူက ဆိုပါတယ်။

ထိုင်းနိုင်ငံနဲ့ ထိုင်း လေတပ်အနေနဲ့ နိုင်ငံတကာ စံနှုန်းတွေအတိုင်း အခြေခံမူတွေကို အမြဲမပြတ် လိုက်နာနေတယ်လို့လည်း ပြောပါတယ်။

နိုင်ငံရဲ့ လေပိုင်နက်ကို စောင့်ကြည့်ထောက်လှမ်းရေး လေတပ်ရဲ့ စွမ်းဆောင်ရည်ကို ထပ်မံ အတည်ပြုပြီး နေ့စဉ်နေ့တိုင်း ၂၄ နာရီပတ်လုံး အဆင်သင့်ရှိတယ်လို့ ထိုင်းလေတပ်က ဆိုပါတယ်။

ထိုင်း လေပိုင်နက်နဲ့ နိုင်ငံတော် အချုပ်အခြာ အာဏာကို ကာကွယ်ရေး လေဆပ်က စွမ်းပကားများ အပြည့်အဝ သုံးသွားမှာ ဖြစ်ပြီး အများပြည်သူတွေအနေနဲ့ ထိုင်းလေတပ်အပေါ် ယုံကြည်မှု ထားရှိကြဖို့လည်း တိုက်တွန်းထားပါတယ္။

ထိုင်းနယ်စပ်အနီး မြန်မာ လေတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ထိုင်း ကျေးရွာတချို့ ထိခိုက်မှုတွေ ရှိနေပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် တည်ငြိမ်ရေးနဲ့ တိုက်ပွဲတွေ ဖြစ်ပွားရာ နေရာနဲ့ နီးနီးကပ်ကပ် နေထိုင်နေရတဲ့ ထိုင်းနိုင်ငံသားတွေ ဘေးကင်းရေးတို့အတွက် အဲဒီ လေကြောင်း တိုက်ခိုက်မှုတွေဟာ ပြင်းထန်တဲ့ ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ရွာသားတွေနဲ့ စစ်ရေး လေ့လာသူတွေက ပြောဆိုထားပါတယ်။

Ref:TheNationThailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.