သတင်း

တနင်္သာရီမှာ စစ်တပ်ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦးဒဏ်ရာရ

တနင်္သာရီ၊ စက်တင်ဘာ ၁၉ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ အသေခံဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကနေ ၁၇ ရက်အထိ တနင်္သာရီမြို့နယ် ပြည်အေး၊ သံတိုက်၊ ကျောက်အင်းဖျာနဲ့တကူကျေးရွာတို့ကို…

ထိုင်းမှာ ကိုယ့်သဘောနဲ့ကိုယ် စစ်မှုထမ်းဖို့ လျှောက်ထားသူ ၈ ရက်အတွင်း ၈၀၀၀ နီးပါးရှိ

ဘန်ကောက်၊ စက်တင်ဘာ ၁၈ ၂၀၂၇ ကိုယ့်သဘောနဲ့ကိုယ် စစ်မှုထမ်းရေး အစီအစဉ်အတွက် ပထမဆုံးအတွင်း လျှောက်ထားသူ ၇၈၉၈ ဦး ရှိကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီ အစီအစဉ်နဲ့ စစ်သားအသစ် ၂၅၀၀၀ ခေါ်ယူဖို့ စီစဉ်ထားတာကြောင့် ပထမဆုံး ၈ ရက်အတွင်း ၃၁ ဒသမ ၅၉ ရာခိုင်နှုန်း ပြည့်သွားတဲ့ သဘော…

ဗီယက်နမ် မြောက်ပိုင်းမှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် အိမ်တွေရေမြုပ်ပြီး စီးပွားရေး ထိခိုက်

ဟနွိုင်း၊ စက်တင်ဘာ ၁၈ စက်တင်ဘာ ၁၈ ရက်က ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ခရီးသွားလာရေး အနှောင့်အယှက် ဖြစ်မှု၊ လူနေအိမ် ရေနစ်မြုပ်မှုတွေ ဖြစ်ပြီး မြစ်ကြောင်း တချို့ရဲ့ ရေမျက်နှာပြင်ဟာ အန္တရာယ်ရှိတဲ့ အဆင့်တွေထက် ကျော်လွန်သွားခဲ့ကြောင်း အရာရှိတွေနဲ့ နိုင်ငံပိုင် မီဒီယာက ဖော်ပြထားပါတယ်။ ဗီယက်နမ် နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ အခု…

မုဒုံမြို့အဝင်မှာ စစ်ဆေးအကြမ်းနေ

မုဒုံ၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ် မုဒုံမြို့ အဝင်အထွက် နေရာတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်တပ်ပူးပေါင်းအဖွဲ့တွေက ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ပူးပေါင်းအဖွဲ့တွေဟာ မုဒုံမြို့အဝင် စည်ပင်သာယာရေးဘီးခွန်ကောက်ခံရေးဂိတ်အနီးအပါအဝင် မုဒုံ-ကျွန်းရွာလမ်းပိုင်းတွေမှာ ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ အဲဒီပိတ်ဆို့စစ်ဆေးရေးမှာလည်း ဆိုင်ကယ်စီးနင်းလာသူတွေကို ဘောက်ဖွင့်ခိုင်းတာ၊ ယာဉ်လိုင်စင်၊မောင်းလိုင်စင်ကအစ တိုက်ဆိုင်စစ်ဆေးနေပြီး ခရီးသွားကားတွေကိုလည်း တစ်စီးမကျန် ရပ်တန့်စစ်ဆေးမှုတွေ…

အာဆတ်လက်ထက်က ဆီးရီးယား အရာရှိကို အမေရိကန် တရားရုံးက ထောင်ဒဏ် နှစ် ၆၀ ချမှတ်

ဝါရှင်တန်၊ စက်တင်ဘာ ၁၈ ဖြုတ်ချခံလိုက်ရတဲ့ သမ္မတ ဘာရှား အယ်လ် အာဆတ် လက်ထက်က ဒမတ်စကတ် ဗဟို အကျဉ်းထောင်ကို ဦးဆောင်ခဲ့တဲ့ ဆီးရီးယား အစိုးရ အရာရှိဟောင်း တစ်ဦးကို အမေရိကန် တရားသူကြီး တစ်ဦးက ထောင်ဒဏ် နှစ် ၆၀ ချမှတ်လိုက်တယ်လို့ ဖက်ဒရယ် အစိုးရရှေ့နေတွေက ပြောပါတယ်။ အာဆတ်ခေတ် ဆီရီးယား အရာရှိဟာ…

စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲ ပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ ၁၈ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေအစား ဗိုလ်ချုပ်ကြီး ကိုကိုဦးအား ခန့်အပ်လိုက်တယ်လို့ စစ်အစိုးရရဲ့ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြထားပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီထုတ်ပြန်ချက်အရ ဒုတိယဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေကို မူလစစ်ဘက်တာဝန်တွေ ပြန်လည်ထမ်းဆောင်စေလိုက်တယ်လို့ ဖော်ပြထားပါတယ်။ ပြည်ထဲရေးဝန်ကြီးဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ကိုကိုဦးဟာ တပ်မတော်(ကြည်း၊ရေ၊လေ)…

ဆော်ဒီရဲ့ပန်ကြားမှုကြောင့် ဟူသီအဖွဲ့ကို ထိန်းချုပ်ရေး ကူညီပေးဖို့ အီရန်ကို တရုတ် တောင်းဆို

ဒူဘိုင်း၊ စက်တင်ဘာ ၁၈ ဆော်ဒီအာရေးဗီးယားက ဘေဂျင်းအစိုးရထံ ပန်ကြားခဲ့ပြီးနောက် ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့ကို ထိန်းချုပ်ရေး ကူညီပေးဖို့ အီရန်ကို တရုတ်က သိုသိုသိပ်သိပ် တောင်းဆိုထားတယ်လို့ အဲဒီ ကိစ္စနဲ့ နီးစပ်တဲ့ အီရန် သတင်းရင်းမြစ် သုံးခုက ပြောပါတယ်။ အီရန် ထောက်ပံ့ထားတဲ့ ဟူသီအဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆော်ဒီကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဆော်ဒီဘက်က…

စစ်အာဏာသိမ်း (၂၀၅၅)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၃၉၃)ဦးထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၁၈ AAPP ရဲ့ စက်တင်ဘာ ၁၇ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၅၅) ရက်အတွင်း ပြည်သူ (၈၃၉၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၉၃၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၄၀)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

တပ်ချုပ်သစ်လက်ထက်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၅၀၀ ကျော်အထိ ရှိလာ

နေပြည်တော် ၊ စက်တင်ဘာ ၁၈ အာဏာသိမ်း စစ်တပ်ရဲ့ တပ်ချုပ်တာဝန်ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ရရှိခဲ့ပြီးနောက် ငါးလတာအတွင်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၁၅၈၃ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ ISP-Myanmar က ထုတ်ပြန်ပါတယ်။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးလက်ထက်မှာ စစ်ရေးဆိုင်ရာ နည်းဗျူဟာအပြောင်းအလဲတွေ ရှိခဲ့ပြီး ရန်ကုန်တိုင်းနဲ့ နေပြည်တော်ကလွဲရင် ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ…

မွန်ပြည်နယ် စက်သုံးဆီခွဲတမ်း ထက်ဝက်နီးပါး လျှော့ချခံရ

မော်လမြိုင် ၊ စက်တင်ဘာ ၁၇ စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ စက်သုံးဆီ ခြိုးခြံချွေတာရေးမူဝါဒအရ မွန်ပြည်နယ်က လစဉ် ရရှိနေတဲ့ စက်သုံးဆီ ခွဲတမ်းကို ထက်ဝက်နီးပါး လျှော့ချလိုက်တယ်လို့ သံလွင်တိုင်းမ်က လက်ခံရရှိထားတဲ့ စစ်အစိုးရရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ပြည်နယ်အတွင်းမှာ အရင်က တစ်လလျှင် စက်သုံးဆီ မက်ထရစ်တန် ၄၀၀၀၀ ခွဲတမ်း ရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့…