သတင်း

စစ်အာဏာသိမ်း (၁၅၇၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၇၁၀) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၂ AAPP ရဲ့ မေ ၂၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၇၁) ရက်အတွင်း ပြည်သူ (၆၇၁၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၆၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၀၇၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

အာဏာသိမ်း စစ်ခေါင်းဆောင် နိုင်ငံတော်သမ္မတ တကယ်ဖြစ်လာမှာလား

နေပြည်တော် ၊ မေ ၂၂ နိုင်ငံတော်ရဲ့ အမြင့်ဆုံးရာထူး လေးနေရာ ရယူထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ရွေးကောက်ခံအစိုးရရဲ့ သမ္မတဖြစ်ဖို့ ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခင်းအကျင်းတွေကို ထုတ်ပြောလာပါတယ်။ ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ခံအစိုးရနဲ့ နိုင်ငံ့အရေးဆောင်ရွက်တာဟာ နိုင်ငံအတွက် အ ကောင်းဆုံးလို့ မေ ၁၉ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောသွားခဲ့တာပါ။…

တနင်္သာရီတိုင်းမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်

တနင်္သာရီ၊ မေ ၂၂ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်တဲ့ တနင်္သာရီတိုင်းက နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ပိုမိုအသုံးပြုလာတယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အထူးသဖြင့် သူတို့ရဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရတာ၊ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခံရတဲ့ အခြေအနေတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအသုံးပြုလာတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ထိုင်း-မြန်မာနယ်စပ်အနီး ထားဝယ်အရှေ့တောဒေသရှိ ထီးထဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန်နဲ့ ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းပေါ်…

ထိုင်း-မြန်မာနယ်စပ်က စစ်တပ်စခန်းနှစ်ခု KNLA ပူးပေါင်းတပ်အဖွဲ့ ထပ်မံတိုက်ခိုက်

မြဝတီ၊ မေ ၂၂ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဝေါ်လေမြို့နဲ့ စုကလိမြို့အနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း တွေဖြစ်တဲ့ မော်ခီးစခန်းအပါအဝင် စခန်း နှစ်ခုကို မေ ၂၀ ရက်နေ့ကစလို့ တော်လှန်ရေးတပ် ဖွဲ့တွေ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီရဲ့ မော်ခီးစခန်းအပါအဝင် စခန်း နှစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊…

ကော့ကရိတ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံး

ကော့ကရိတ်၊ မေ ၂၂ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လေးတိုင်ကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနှစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသလူမှုကူညီရေးအဖွဲ့ဝင်တွေထံကနေ သိရပါတယ်။ မေ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးဟာ အံကောင်းကျေးရွာနဲ့ လေးတိုင်ကျေးရွာဘက်ကို ဗုံးလေးလုံး လာရောက်ကြဲချသွားတာပါ။ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၃၀ ကျော်အရွယ်…

ဂန့်ဂေါ လယ်မရွာက စစ်ကောင်စီ ဖမ်းဆီးထားသူတွေ အားလုံး သတ်ဖြတ်ခံရ

မကွေး မေ ၂၁ မကွေးတိုင်း ဂန့်ဂေါမြို့နယ် လယ်မကျေးရွာကနေ စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရသူ အားလုံး သတ်ဖြတ်ခံလိုက်ရပြီဖြစ်ကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၁၂ ရက် မနက်ပိုင်းမှာ လယ်မကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး လူ ၁၁ ဦးကို သတ်ဖြတ်ကာ ၂၀ ကျော်ကို ဂန့်ဂေါမြို့ ခ.လ.ရ ၅၀…

ရွှေကွန်ချာ ဒုံးကျည် ကာကွယ်ရေးစနစ်ကို ထရန့် မိတ်ဆက်

ဝါရှင်တန်၊ မေ ၂၁ အမေရိကန်က ခေတ်မီနည်းပညာပါဝင်တဲ့ ရွှေကွန်ချာ ဒုံးကျည် စနစ်အတွက် ဒီဇိုင်း တစ်ခုကို ရွေးချယ်လိုက်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားပြီး သူ့ရဲ့ ရာထူး သက်တမ်း အဆုံးသတ်ချိန်မှာ အသုံးပြုနိုင်လိမ့်မယ်လို့ ဖြည့်စွက် ပြောကြား ပါတယ်။ ဇန်နဝါရီက အိမ်ဖြူတော်သို့ ရောက်ရှိလာပြီး ရက်ပိုင်းအကြာမှာ ထရန့်က ပဲ့ထိန်း…

‎လာမယ့် ၅ နှစ်တာအတွက် တရုတ်က WHO ကို ဒေါ်လာ သန်း ၅၀၀ ပေးမယ်

‎ဂျီနီဗာ၊ မေ ၂၁‎‎ထိပ်တန်း အလှူရှင်နိုင်ငံ အမေရိကန်ကို လက်လွှတ်ဆုံးရှုံးရတော့မယ့် အခြေအနေမှာ ရန်ပုံငွေ ပိုမိုရရှိရေး ကြိုးပမ်းနေချိန် မေ ၂၀ ရက်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ ကျန်းမာရေး ညီလာခံမှာ တရုတ်က လာမယ့် ၅ နှစ်တာအတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ကို ကန်ဒေါ်လာ သန်း ၅၀၀ ထပ်ဆောင်း ပေးအပ်သွားမှာ…

သံဖြူဇရပ်-မုဒုံလမ်းပေါ်က စစ်တပ်စခန်းကို မွန်ပြည်သစ် AD ဝင်တိုက်

မုဒုံ၊ မေ ၂၁ မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာအနီး သံဖြူဇရပ်-မုဒုံကားလမ်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မနေ့ မေ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်လောက်မှာ အင်အား ၃၀ ကျော်နဲ့ တပ်စွဲထားတဲ့ အဲဒီစခန်းကို မွန်ပြည်သစ်ပါတီ…

မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ဖြစ်ပါက ဓာတ်အားလိုအပ်ချက် ပြည့်မီကျော်လွန်နိုင်ကြောင်း စစ်ခေါင်းဆောင် ပြော

မော်လမြိုင် မေ ၂၁ ကချင်ပြည်နယ်မှာ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို မရပ်ဆိုင်းဘဲ အကောင်အထည် ဖော်ဖြစ်ခဲ့မည်ဆိုပါက မြန်မာတစ်နိုင်ငံလုံးရဲ့ ဓာတ်အားလိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန်တဲ့အနေအထားကို ရောက်သွားနိုင်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။ မေ ၂၀ ရက်က နေပြည်တော်မှာ ဒုတိယနေ့အဖြစ် ဆက်လက်ပြုလုပ်တဲ့ စစ်ကောင်စီ အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလိုမျိုး ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။…