သတင်း

၂၀ ရာခိုင်နှုန်းအထိ အခွန်လျှော့ပေးဖို့ ထရမ့်ကို စစ်ခေါင်းဆောင် အသနားခံ

နေပြည်တော်၊ ဇူလိုင် ၁၂ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး LDC နိုင်ငံတွေထဲကတစ်နိုင်ငံ ဖြစ်တာကြောင့် အခွန်ကောက်ခံမှု လျှော့ပေါ့ပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသနားခံလိုက်ပါတယ်။ ဇူလိုင် ၇ ရက်နေ့က အခွန် တိုးမြှင့်ကောက်ခံမယ့်အစီအစဉ်အပေါ် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် ပေးပို့တဲ့ အကြောင်းကြားစာနဲ့ ပတ်သက်ပြီး…

ရွေးကောက်ပွဲမှာ နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော

မိတ္တီလာ၊ ဇူလိုင် ၁၂ လာမယ့် နှစ်ကုန်ပိုင်းနဲ့နှစ်ဆန်းပိုင်းအတွင်း အပိုင်းလိုက် ကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ငံတကာကနေ လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောပါတယ်။ ဇူလိုင် ၁၀ ရက်နေ့က မန္တလေးတိုင်း မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာ ဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေနဲ့ MSME လုပ်ငန်းရှင်တွေကို မိတ္ထီလာမြို့မှာ တွေ့ဆုံစဉ်…

ရေးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံး

ရေး၊ ဇူလိုင် ၁၂ မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ ကင်းပုန်းစခန်း ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန် ရေးတပ် MSRF က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ အဲဒီကင်းပုန်းစခန်းကို ဇူလိုင် ၁၁ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်မှာ တော်လှန်ရေးမဟာ မိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ အချိန် နာရီဝက်ကျော်ကြာ…

ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်း ပြန်လည်ထိန်းချုပ်ဖို့ စစ်ကောင်စီ ထပ်မံကြိုးပမ်း

ကော့ကရိတ်၊ ဇူလိုင် ၁၂ ကရင်ပြည်နယ် ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အခုလ ဇူလိုင်လအစောပိုင်းရက်တွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထပ်မံထိုးလာတဲ့အတွက် KNLA တော် လှန်ရေးပူးပေါင်းတပ်တို့နဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားလျက်ရှိနေတယ်လို့ နယ်မြေခံသတင်းရင်း မြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ စကခ ၁၂ ဌာနချုပ်ကနေ ထွက်လာတဲ့ စစ်ကြောင်းတစ် ကြောင်းနဲ့ ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၆…

ယူကရိန်းဆီ နေတိုးအဖွဲ့က တစ်ဆင့် လက်နက် ပေးပို့သွားမယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဇူလိုင် ၁၁ အမေရိကန်က ယူကရိန်းသို့ နေတိုးအဖွဲ့ကနေတစ်ဆင့် လက်နက်တွေ ပေးပို့သွားမှာ ဖြစ်ကြောင်း၊ ရုရှားနဲ့ ပတ်သက်လို့ ဇူလိုင် ၁၄ ရက်မှာ အဓိက ကြေညာချက် ထုတ်ပြန်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဇူလိုင် ၁၀ ရက်မှာ ပြောကြားလိုက်ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းသို့ ရုရှားရဲ့ ရာနှုန်းပြည့်…

ခြိမ်းခြောက်ရင် အီရန်ကို ထပ်မံ တိုက်ခိုက်မယ်လို့ အစ္စရေး သတိပေး

ဂျေရုစလင်၊ ဇူလိုင် ၁၁ အီရန်က မိမိတို့ကို ခြိမ်းခြောက်လာရင် ထပ်မံ တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ်က ဇူလိုင် ၁၀ ရက်မှာ ပြောကြားလိုက်ပါတယ်။ “တီဟီရန်၊ တာဘရဇ်၊ အစ္စဖာဟန်နဲ့ အစ္စရေးကို အန္တရာယ်ပေးဖို့ ဒါမှမဟုတ် ခြိမ်းခြောက်ဖို့ ခင်ဗျားတို့ ဘယ်နေရာကပဲ ကြိုးစားကြိုးစား အစ္စရေးရဲ့ ရှည်လျားတဲ့ လက်တံက…

စစ်အာဏာသိမ်း (၁၆၂၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၈၈၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၁၁ AAPP ရဲ့ ဇူလိုင်၁၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၂၁) ရက်အတွင်း ပြည်သူ (၆၈၈၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၄၀၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၈၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ပြည်ကာကွယ်ရေးတပ် MSDF နှစ်ဖွဲ့ကွဲပြီလား

မော်လမြိုင် ၊ ဇူလိုင် ၁၁ မွန်ပြည်ကာကွယ်ရေးတပ် MSDF နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီက ကော်မတီဥက္ကဋ္ဌ ဒေါက် တာ သီရိမွန်ချမ်းကို ရာထူးကနေ ပြန်လည်ရုပ်သိမ်းပြီး အဖွဲ့ကနေ ထုတ်ပယ်လိုက်တယ်လို့ ဇူလိုင် ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ထုတ်ပယ်မှုဟာ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ သီရိမွန်ချမ်းရဲ့ အပြုအမူအပြောအဆို ကြံစည်လုပ်ကိုင်ဆောင်ရွက်ခဲ့မှုတွေအပေါ် ဆက်လက်ယုံကြည် လက်တွဲလုပ်ဆောင်ဖို့ အဆင်မပြေမှုတွေ…

လမိုင်းမြို့မှာ လူမှုကူညီရေးအသင်းဝင်နှစ်ဦး အုပ်စုဖွဲ့ ဓားနဲ့ခုတ်ခံရ

ရေး၊ ဇူလိုင် ၁၁ မွန်ပြည်နယ် လမိုင်းမြို့ မော့ကနင်ကျေးရွာအခြေစိုက် လူမှုကူညီရေးအသင်းဖြစ်တဲ့ ရွှေဟင်္သာပရဟိတ လူမှုကူညီရေးအသင်းက အသင်းဝင်နှစ်ဦး အုပ်စုဖွဲ့ ဓားနဲ့ခုတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှာ အဲဒီလူမှုကူညီရေးအသင်းရဲ့ အတွင်းရေးမှူးနဲ့ အသင်းသား တစ်ဦးဟာ ဆိုင်ကယ်တစ်စီးနဲ့ လမိုင်းမြို့ကနေ မော့ကနင်ကျေးရွာကို ပြန်လာချိန်…

ဘီးလင်းမြို့နယ် မင်းစောရွာကို စစ်တပ်ဗုံးကြဲ

ဘီးလင်း၊ ဇူလိုင် ၁၁ မွန်ပြည်နယ် ဘီးလင်းမြို့နယ် မင်းစောကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်ဗုံးကြဲသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေး မှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၀ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးနဲ့ မင်းစောရွာကို ဗုံးနှစ်လုံး…