ဘန်ကောက်၊ အောက်တိုဘာ ၁၆

နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF နဲ့ ကမ္ဘာ့ဘဏ် World Bank တို့ရဲ့ နှစ်ပတ်လည် အစည်းအဝေး ကျင်းပရာ မိဖုရား သီရိခေတ် အမျိုးသား ညီလာခံ စင်တာဆီ ဘန်ကောက်မြို့ တဝန်း တောင်သူလယ်သမားတွေနဲ့ အခြေခံ လူတန်းစား တက်ကြွလှုပ်ရှားသူတွေ ချီတက်လာစဉ် စင်တာသို့ ဦးတည်ရာလမ်းမတွေတလျှောက် ရဲတပ်ဖွဲ့ ကွန်တိန်နာတွေ ချပြီး ပိတ်ဆို့ထားပါတယ်။

နိုင်ငံတကာ တောင်သူများ လှုပ်ရှားမှုအဖွဲ့ La Via Campesina ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ ထိုင်း ဆင်းရဲသားများ ညီလာခံ အဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၁၆ ရက် မနက် ၈ နာရီမှာ လုမ္ပဏီ ရဲစခန်းနဲ့ မျက်နှာချင်းဆိုင်ရှိ လုမ္ပဏီ ဥယျာဉ် အမှတ် ၁ ဂိတ်မှာ စုဝေးခဲ့ကြပါတယ်။

အဲဒီနောက် ဆူခွန်ဗစ်လမ်းသို့ ချီတက်သွားပြီး အစည်းအဝေး ကျင်းပရာ နေရာ အနီး အဆော့ခ် လမ်းဆုံအထိ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ စင်တာဆီ ဆန္ဒပြသူတွေ မရောက်ရှိစေရေး မြို့တော် ရဲတပ်ဖွဲ့ ဗျူရိုက ရတ်ချာဒက်ဖီဆက် လမ်း နှစ်ဖက်မှာ ကွန်တိန်နာတွေ ချထားခဲ့ပါတယ်။

IMF နဲ့ World Bank တို့ရဲ့ အစည်းအဝေးကို ဘန်ကောက်မြို့မှာ အောက်တိုဘာ ၁၂ ရက်ကနေ ၂၈ ရက်အထိ ကျင်းပသွားနေတာပါ။

အဲဒီ ဆန္ဒပြပွဲဟာ နိုင်ငံပေါင်း ၆၀ကျော်ရှိ La Via Campesina အဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး အထူးသဖြင့် ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ ပါအဝင်တဲ့ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို ရည်ရွယ်တဲ့ တောင်းဆိုမှု ၆ ခု ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီလို ငွေကြေး အဖွဲ့အစည်းတွေကြောင့် ဒီမိုကရေစီ အားလျော့နေရပြီး စားနပ်ရိက္ခာဆိုင်ရာ အချုပ်အခြာအာဏာလည်း ထိခိုက်နေရတယ်လို့ ဆန္ဒပြသူတွေက စောဒက တက်ထားပါတယ်။

အဲဒီ အဖွဲ့အစည်းတွေဟာ အခြေခံ လူတန်းစားတွေကို ဖိနှိပ် ကြီးစိုးထားတဲ့ ကိုလိုနီ လက်သစ် ဝါဒနဲ့ ပြစ်မှုတွေ ကျူးလွန်နေတာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

IMF-World Bank နှစ်စဉ် အစည်းအဝေးတွေမှာ ဗဟိုဘဏ်တွေ၊ ဘဏ္ဍာရေးနဲ့ ဖွံ့ဖြိုးရေးဝန်ကြီးတွေ ပုဂ္ဂလိက ကဏ္ဍက အမှုဆောင်အရာရှိချုပ်တွေ အရပ်ဖက် ကိုယ်စားလှယ်တော်တွေ ပညာရှင်တွေ တက်ရောက်ပြီး ကမ္ဘာ့စီးပွားရေး အသွင်အပြင်၊ ဘဏ္ဍာရေး တည်ငြိမ်မှု၊ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ တခြား နိုင်ငံတကာ ကိစ္စရပ်တွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။

Ref:Khaosodenglish

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.