October 16, 2026

စစ်အာဏာသိမ်း (၂၀၈၄)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၅၅၇)ဦးထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၁၇ AAPP ရဲ့ အောက်တိုဘာ ၁၆ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၈၄) ရက်အတွင်း ပြည်သူ (၈၅၅၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၁၉၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၃၇၇)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်အာဏာရှင်ရဲ့ ငြိမ်းချမ်းရေးဈေးဗန်း အရပ်သားပစ်မှတ်နဲ့ လဲလှယ်နေ

နေပြည်တော် ၊ အောက်တိုဘာ ၁၇ သမ္မတဖြစ်လိုတဲ့ တပ်မက်မှုနဲ့ နိုင်ငံရဲ့ အလုံးစုံအာဏာကို သိမ်းယူပြီး အရပ်သားအသွင်ပြောင်းထားတဲ့ အာဏာရှင် ဦးမင်းအောင်လှိုင်က နိုင်ငံတော်ကို စိတ်ရင်းအမှန်နဲ့ ငြိမ်းချမ်းမှု ရရှိစေလိုတယ်လို့ မျက်နှာပြောင်တိုက် ထုတ်ပြောလာပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့က ကျရောက်ခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ၁၁ နှစ်မြောက် အခမ်းအနားကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့…

ကြာအင်းဆိပ်ကြီး တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်တပ် စစ်ကြောင်းပြန်ထိုးလာ

ကြာအင်းဆိပ်ကြီး၊ အောက်တိုဘာ ၁၇ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပုလိန်ရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ အာဏာသိမ်း စစ်တပ်ဟာ အင်အားပြန်လည်စုဖွဲ့ပြီး စစ်ကြောင်းပြန်ထိုးလာတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ရွာအခြေစိုက် အမှတ် ၃၁၈ အမြောက်တပ်မှာ စစ်ကြောင်းတွေစုဖွဲ့ပြီး…

သထုံမှာ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှု ဆန့်ကျင်ကြောင်းလှုပ်ရှားတဲ့ လူငယ်နှစ်ဦး ဖမ်းဆီးခံရ

သထုံ ၊ အောက်တိုဘာ ၁၇ မွန်ပြည်နယ် သထုံမြို့ ရွှေစာရံဘုရားရှေ့မှာ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှု ဆန့်ကျင်ကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့တဲ့ လူငယ် နှစ်ဦး ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က သထုံမြို့ ဘင်လှိုင်ရပ်ကွက်နေ အသက် ၂၀ ကျော်အရွယ် မောင်ထူးမောင်နဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ…

IMF- ကမ္ဘာ့ဘဏ် အစည်းအဝေးကို ဆန္ဒပြနေချိန် ဘန်ကောက်မြို့ လမ်းတချို့ကို ကွန်တိန်နာတွေနဲ့ ပိတ်ထား

ဘန်ကောက်၊ အောက်တိုဘာ ၁၆ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF နဲ့ ကမ္ဘာ့ဘဏ် World Bank တို့ရဲ့ နှစ်ပတ်လည် အစည်းအဝေး ကျင်းပရာ မိဖုရား သီရိခေတ် အမျိုးသား ညီလာခံ စင်တာဆီ ဘန်ကောက်မြို့ တဝန်း တောင်သူလယ်သမားတွေနဲ့ အခြေခံ လူတန်းစား တက်ကြွလှုပ်ရှားသူတွေ ချီတက်လာစဉ် စင်တာသို့ ဦးတည်ရာလမ်းမတွေတလျှောက် ရဲတပ်ဖွဲ့…

ဖိလစ်ပိုင်မှာ ကြက်သွန်နီဈေး တဟုန်ထိုး မြင့်တက်စေခဲ့တဲ့ ကုမ္ပဏီတွေကို ဒဏ်ငွေ ဒေါ်လာသန်းချီ ချမှတ်

မနီလာ အောက်တိုဘာ ၁၆ ကြက်သွန်နီဈေးနှုန်း ခေါင်ခိုက်အောင် မြင့်တက်စေခဲ့တဲ့ အမြတ်ကြီးစား ကြက်သွန်နီ လုပ်ငန်းများ အဖွဲ့ ဖွဲ့စည်းမှုအတွက် ကုမ္ပဏီ ၆ ခုကို ဖိလစ်ပိုင် အာဏာပိုင်တွေက ဒဏ်ငွေ ပီဆို ၁ ဒသမ ၇၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၈ သန်း) ချမှတ်လိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံက မီးဖိုချောင်တွေမှာ အမြဲ…

KNU၊ CNF နဲ့ ABSDF အဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီ ပြန်လာဖို့ ဦးမင်းအောင်လှိုင် ဖိတ်ခေါ်

နေပြည်တော်၊ အောက်တိုဘာ ၁၆ NCA ကနေ ထွက်ခွာသွားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ KNU ၊CNF နဲ့ ABSDF အဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီ ပြန်လာဖို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။ မနေ့ အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးတဲ့…

စစ်တပ်ရဲ့ ကွပ်မျက်သတ်ဖြတ်မှု တိုက်ရိုက်ထုတ်လွှင့်ပြသမယ့် အစီအစဉ် ထရန့် ဖျက်သိမ်း

ဝါရှင်တန်၊ အောက်တိုဘာ ၁၆ Fort Hood စစ်စခန်းမှာ လူ ၁၃ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှု ကျူးလွန်သူ စစ်တပ် ဗိုလ်မှူးဟောင်း တစ်ဦးကို ကာကွယ်ရေးဝန်ကြီး ပိချ်ဟက်ဆေ့ချ်ရဲ့ သေနတ်ပစ် တပ်ဖွဲ့နဲ့ ကွပ်မျက် သတ်ဖြတ်မှုပုံ တိုက်ရိုက်ထုတ်လွှင့်ပြသမယ့် အစီအစဉ်ကို ရီပက်ဘလေကန်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ အများပြည်သူ ကန့်ကွက်ခဲ့ကြပြီးနောက် အမေရိကန် သမ္မတ…

ရွှေနဲ့ဒေါ်လာအပြင် စက်သုံးဆီဈေးပါ လိုက်တက်လာ

မော်လမြိုင်၊ အောက်တိုဘာ ၁၆ စစ်တပ် အသွင်းပြောင်း အစိုးရက ဘယ်လာရုစ်နိုင်ငံကနေ ချေးငွေယူဖို့ လွှတ်တော် အတည်ပြုပြီးနောက် ရွှေနဲ့ ဒေါ်လာဈေးနှုန်းတွေ ထိုးတက်လာပြီး ဒီကနေ့ အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ စက်သုံးဆီဈေးနှုန်းပါ လိုက်တက်လာခဲ့ပါတယ်။ မနေ့က စစ်အစိုးရ ထုတ်ပြန်တဲ့ မွန်ပြည်နယ် စက်သုံးဆီဈေးနှုန်းဟာ 92 ဓာတ်ဆီ တစ်လီတာကျပ် ၄၈၆၀ ၊ 95…

ပါကစ္စတန် စာသင်ကျောင်း ခေါင်မိုး ပြိုကျမှု သေဆုံးသူ ၃၃ ဦးအထိ ရှိလာ

ပက်ရှဝါ ၊ အောက်တိုဘာ ၁၆ ပါကစ္စတန် အနောက်မြောက်ပိုင်း ပက်ရှဝါမြို့ရှိ စာသင်ကျောင်း တစ်ကျောင်းရဲ့ ခေါင်မိုး အောက်တိုဘာ ၁၅ ရက်က ပြိုကျမှုကြောင့် သေဆုံးသူ ၃၃ ဦးအထိ ရှိလာပြီး အဆောက်အဦ ပိုင်ရှင်ကို ဖမ်းဆီးထားပါတယ်။ သေဆုံးသူ ၃၂ ဦးဟာ အသက် ၁၄ နှစ်အောက် ပိုငယ်တဲ့ ကျောင်းသား အများစု…