သတင်း

ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၃၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ အီရန် အစိုးရ ပြော

ပါရီ၊ ဇန်ဝါရီ ၂၂ ဒီဇင်ဘာလ နှောင်းပိုင်းက ပထမဆုံး စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း သတ်ဖြတ်ခံရသူ ၃၁၁၇ ဦး ရှိကြောင်း အီရန် အစိုးရရဲ့ တရားဝင် မီဒီယာက ဇန်နဝါရီ ၂၁ ရက်မှာ ဖော်ပြလိုက်ပါတယ်။ အီရန် လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြပွဲတွေကို အင်အားသုံး နှိမ်နှင်းခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောထားပါတယ်။ အီရန် စစ်ပြန်တွေနဲ့ အာဇာနည်များဆိုင်ရာ…

စစ်အာဏာသိမ်း (၁၈၁၆)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၇၀၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၂ AAPP ရဲ့ ဇန်နဝါရီ၂၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၁၆) ရက်အတွင်း ပြည်သူ (၇၇၀၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၃၁၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၇၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ရွှေဈေး သိန်း ၁၀၀ ကျော်ပြီးနောက် အရောင်းအဝယ်ရပ်နား

မော်လမြိုင် ၊ ဇန်နဝါရီ ၂၂ ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ ပြည်တွင်း မီးလင်းအခေါက်ရွှေ တစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်အထိ မြင့်တက်လာပြီးနောက် အရောင်းအဝယ် ရပ်နားထားတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကမ္ဘာ့ရွှေဈေးနှုန်းဟာ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံရေး အခြေအနေ မငြိမ်သက်မှုတွေကြောင့် ဇန်နဝါရီ ၂၁ ရက်နေ့မှာ ရွှေတစ်အောင်စကို ဒေါ်လာ ၄၈၇၀ ဝန်းကျင်အထိ…

စစ်တပ်ရွေးကောက်ပွဲမှာ မဲပုံးမထောင်နိုင်တဲ့ မဲဆန္ဒနယ်တွေထပ်တိုး

မိုးမောက်၊ ဇန်နဝါရီ ၂၂ လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၃ မှာလည်း မဲပုံးမထောင်နိုင်တဲ့ မဲဆန္ဒနယ်တွေ ထပ်တိုးလာတယ်လို့ စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။ တိုင်းနဲ့ ပြည်နယ် ရှစ်ခုရှိ ၆၃ မြို့နယ်မှာ အပိုင်း ၃ ရွေးကောက်ပွဲပြုလုပ်ဖို့ ကြေညာထားပေမယ့် ကချင်ပြည်နယ်က…

လောင်းလုံးမှာ ဒရုန်းဗုံးကျလို့ အမျိုးသမီးသုံးဦး သေဆုံး

လောင်းလုံး၊ ဇန်နဝါရီ ၂၂ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စုမှာ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး သုံးဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စခန်းကြီးကျေးရွာမှာ မဲပေးစက် လာပို့ပြီး ပြည်သူတွေ မဲပေးကြဖို့ စည်းရုံးရေးဆင်းနေတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို ဇန်နဝါရီ ၂၀ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက…

မိမိတစ်ခုခု ဖြစ်ခဲ့ရင် အီရန်နိုင်ငံ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားမယ်လို့ ထရန့် သတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ အီရန်က မိမိကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းရာမှာ အောင်မြင်ခဲ့မယ်ဆိုရင် အီရန်နိုင်ငံ ကမ္ဘာ မျက်နှာပြင်ပေါ်ကနေ ပျောက်ကွယ်သွားရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဇန်နဝါရီ ၂၀ ရက်မှာ သတိပေးလိုက်ပါတယ်။ အပြန်အလှန် ခြိမ်းခြောက်ကြရာမှာ အီရန်နဲ့အမေရိကန် နှစ်နိုင်ငံစလုံးက မိမိတို့ တစ်နိုင်ငံရဲ့ ခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံရရင် ကြီးမားကျယ်ပြန့်တဲ့ စစ်ပွဲ ဖြစ်လာနိုင်တယ်လို့…

ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးကို သတ်ဖြတ်သူ ထောင် တစ်သက်တစ်ကျွန်း ချမှတ်ခံရ

နာရာ၊ ဇန်နဝါရီ ၂၁ ၂၀၂၂ ခုနှစ်က နာရာမြို့ စုဝေးပွဲ တစ်ခုမှာ ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးအား ပစ်သတ်ခဲ့သူကို သုံးနှစ်ခွဲအကြာမှာ တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က စတင်ခဲ့တဲ့ အမှုမှာ တရားခံ တတ်ဆူယာ ယာမာဂါမီ ကိုယ်တိုင်က သူကျူးလွန်ခဲ့တဲ့ အမှု အတွက် အပြစ်ရှိကြောင်း ထွက်ဆိုခဲ့ပေမယ့် သူ့ကို…

ဘီးလင်း လမ်းပိုင်းတွေမှာ မြေမြှုပ်မိုင်းတွေ တွေ့ရှိနေတာကြောင့် ဒေသခံတွေ ကြောက်လန့်နေရ

ဘီးလင်း၊ ဇန်နဝါရီ ၂၁ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရဲ့ ပြည်ထောင်စုလမ်းပိုင်းတွေအပါအဝင် အများပြည်သူ အသုံးပြုနေတဲ့ လမ်းပိုင်းတွေမှာ မြေမြှုပ်မိုင်းတွေ မကြာခဏ တွေ့ရှိနေတာကြောင့် စိုးရိမ်ကြောက်လန့်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘီးလင်းမြို့နယ်ရဲ့ ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ ရန်ကုန် – မော်လမြိုင်လမ်းပိုင်း၊ ကျေးရွာချင်းလမ်းပိုင်းတွေဖြစ်တဲ့ ဘီးလင်း-တောင်စွန်းလမ်းပိုင်းနဲ့ဘီးလင်း-နတ်ကြီးလမ်းပိုင်းတွေမှာ အခုနှစ်ဆန်းပိုင်းကစလို့ မြေမြှုပ်မိုင်းတွေကို ဒေသခံတွေက မကြာခဏဆိုသလို တွေ့ရှိနေတာပါ။ အများပြည်သူ သွားလာအသုံးပြုနေတဲ့လမ်းပိုင်းတွေမှာ…

ရွေးကောက်ပွဲ အပိုင်း ၂ မှာ မဲပေးသူ ၅၆ ရာခိုင်နှုန်း ရှိတယ်လို့ စစ်ကော်မရှင် ပြော

နေပြည်တော်၊ ဇန်နဝါရီ ၂၁ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ မဲလာပေးသူ ၅၆ ရာခိုင်နှုန်းနီးပါး ရှိတယ်လို့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ လုံခြုံရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။ ဇန်နဝါရီ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ…

အမေရိကန် ကုန်သွယ်ရေး သဘောတူညီမှု ခွင့်ပြုချက် ရပ်ဆိုင်းဖို့ ဥရောပ စီစဉ်

ဘရပ်ဆဲလ်၊ ဇန်နဝါရီ ၂၁ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက သဘောတူညီခဲ့တဲ့ အမေရိကန် ကုန်သွယ်ရေး သဘောတူခွင့်ပြုမှုကို ဆိုင်းငံ့ရေး ဥရောပလွှတ်တော်က စီစဉ်နေကြောင်း ဥရောပ နိုင်ငံတကာ ကုန်သွယ်ရေးကော်မတီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီလို ဆိုင်းငံ့ကြောင်းကို ပြင်သစ်နိုင်ငံ စတရာ့စ်ဘော့ဂ်မြို့မှာ ဇန်နဝါရီ ၂၁ ရက် ကြေညာသွားမယ်လို့ အဲဒီ သတင်းရင်းမြစ်က ပြောပါတယ်။ အခုလို…