အမေရိကန်နိုင်ငံသားတွေကို ဗင်နီဇွဲလား ဆက်တိုက် ဖမ်းဆီးနေ
ကာရာကတ်စ်၊ ဇန်နဝါရီ ၂ ဗင်နီဇွဲလားသမ္မတ နီကိုလာ့စ် မာဒူရိုကို အမေရိကန်က ဆန့်ကျင်ဖိအားပေးမှု ပိုများလာချိန်မှာ ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အမေရိကန်နိုင်ငံသားတွေကို ဆက်တိုက် ဖမ်းဆီးနေပြီး ဖမ်းဆီးခံရသူ ၅ ဦးထက်မနည်း ရှိနေပြီလို့ အမေရိကန်အရာရှိ တစ်ဦးက ပြောပါတယ်။ အမေရိကန် နိုင်ငံသား တစ်ဦးချင်း ဖမ်းဆီးခံရတဲ့ အခြေအနေတွေက အမျိုးမျိုး ဖြစ်ပြီး တချို့ဟာ မူးယစ်ဆေးဝါး…
