ဘန်ကောက်၊ အောက်တိုဘာ ၆

ပြည်ပ ဝယ်လိုအား လျော့ကျမှုကြောင့် ထိုင်းဆန် တင်ပို့မှု လျော့ကျခဲ့ကြောင်း ပြည်ပ ကုန်သွယ်ရေးဌာန (DFT) ရဲ့ ညွှန်ကြားရေးမှူးချုပ် အရာဒါ ဖူအန်တောင်က ပြောပါတယ်။

၂၀၂၆ ခုနှစ် ပထမဆုံး ၆ လအတွင်း ထိုင်းက ဆန် ၃ ဒသမ ၂၈ တန် တင်ပို့ခဲ့ပြီး နှစ်အလိုက် ၁၈ ဒသမ ၈၁ ရာခိုင်နှုန်း လျော့ကျခဲ့တာ ဖြစ်ပါတယ်။

ဆန်တင်ပို့မှု တန်ဖိုး ၂၀ ဒသမ ၅၁ ရာခိုင်နှုန်း လျော့ကျသွားပြီး ကန်ဒေါ်လာ ၁ ဒသမ ၉၁ ဘီလီယံ (ဘတ် ၆၀ ဒသမ ၃၈ ဘီလီယံ) လောက်ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဆန်တင်ပို့မှု လျော့ကျရတာက အီရတ် အပါအဝင် အဓိက ဈေးကွက်တွေမှာ ကုန်သွယ်ရေး အနှောင့်အယှက်ဖြစ်မှု ကမ္ဘာလုံးဆိုင်ရာ ဆန်ထောက်ပံ့မှု မြင့်မားတာာကြောင့် ကမ္ဘာ့ဆန်ဈေး အပြိုင်အဆိုင် ပိုရှိလာမှုတို့ကြောင့် ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် မတ်လက သင်္ဘောတွေ သွားလာမှု ရပ်တန့်သွားတာနဲ့လည်း သက်ဆိုင်နေပါတယ်။

ပြိုင်ဆိုင်မှု မြင့်မားနေပေမယ့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ဝယ်သူတွေရဲ့ အပြုအမူကို ပြောင်းလဲသွားစေခဲ့ပါတယ်။

အယ်လ်နီညို ရာသီဥတု အခြေအနေကြောင့် ရာသီဥတု အန္တရာယ်တွေ ကျရောက်လာလို့ ဆန်တင်သွင်းတဲ့ နိုင်ငံတွေက စားနပ်ရိက္ခာ ဖူလုံမှု အားကောင်းစေရေး ပိုပြီးမှာယူနေကြတယ်လို့ သိရပါတယ်။

ဒါကြောင့် ထိုင်းဆန်ကုန်သည်တွေအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အရှိန်တစ်ခု ဖန်တီး ပေးနေသလို ဖြစ်နေပါတယ်။

အယ်လ်နီညိုရာသီဥတု အခြေအနေကြောင့် မိုးခေါင်ရေးရှားလာနိုင်တဲ့အတွက် ဆန် စုဆောင်းထားရေး အဓိက တင်သွင်းနေတဲ့ နိုင်ငံတွေက အရှိန်မြှင့် ဝယ်ယူလာနေပြီ ဖြစ်တဲ့အတွက် ဆန်တင်ပို့မှု ပြန်လည် အားကောင်းလာတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ ဖူအန်တောင်က ပြောပါတယ်။

အီရတ်ကို ဆန်မဆင်ပို့ နိုင်သေးတာကြောင့် မလေးရှားနဲ့ ဖိလစ်ပိုင်တို့လို အာရှ နိုင်ငံတွေရော တောင်အာဖရိကနဲ့ ကွန်ဂို၊ မိုဇမ်ဘစ်တို့လို အာဖရိကနိုင်ငံတွေကို တင်ပို့နိုင်မယ့် ဈေးကွက်တွေ ထိုင်းက ရှာဖွေနေပါတယ်။

ပြီးခဲ့တဲ့နှစ်က ကာလတူအတွင်း ဝယ်ယူမှုနဲ့ နှိုင်းစာရင် အဲဒီ နိုင်ငံတွေက ထိုင်းဆန် တင်သွင်းမှု ပိုများလာတယ်လို့ သိရပါတယ်။

ဒါက ကမ္ဘာမှာ အရည်အသွေးမြင့်မားတဲ့ ဆန်တွေ ထုတ်လုပ် တင်ပို့တဲ့ နိုင်ငံ အဖြစ် ထိုင်းရဲ့ စွမ်းပကားကို ယုံကြည်မှုရှိကြောင်း ဖော်ပြနေတာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်က ပြည်ပသို့ ထိုင်းဆန်တင်ပို့မှု ၈ ဒသမ ၅ တန် ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်ပထမဆုံး ၆ လအတွင်း ထိုင်းက ၃ ဒသမ ၈ တန် တင်ပို့ထားပါတယ်။

အခုနှစ် ထိုင်းက ဆန်တန်ချိန် ၇ သန်း တင်ပို့ဖို့ ရည်မှန်းထားပြီး ရည်မှန်းချက် အောင်မြင်ရေး ပြည်ပ ကုန်သွယ်ရေးဌာနက အစိုးရချင်း ဆန်ရောင်းချရေး ညှိနှိုင်းမှုတွေ အရှိန်မြှင့်တင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref:Bangkokpost/Thai PBS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.