မော်စကို၊ အောက်တိုဘာ ၆

ဆိုက်ဘေးရီးယား ဒေသရှိ ရောဂန္တရကပ် လေ့လာရေး အဖွဲ့အစည်း တစ်ခုမှာ ဓာတ်ခွဲစမ်းသပ်ခန်း အလုပ်သမား တစ်ဦး နာမကျန်းဖြစ်ရာကနေ သေဆုံးသွားပြီးနောက် အာဏာပိုင်တွေက လူဒါဇင်ပေါင်းများစွာကို ရောဂါ ခြေချုပ်ထားရှိပြီး အသွားအလာ ကန့်သတ်ထားပါတယ်။

အဲဒီ ဖြစ်ရပ် ဖြစ်ပွားပြီးနောက် ရုရှား ကျန်းမာရေး စောင့်ကြည့်ရေး အကြီးအကဲ အာကူဆာ ဒေသသို့ လေကြောင်းခရီးနဲ့ သွားရောက်ဖို့ ရှိနေပါတယ်။

အလုပ်သမား သေဆုံးမှုကြောင့် အများပြည်သူ စိုးရိမ် ကြောက်ရွံ့နေကြောင်း လူမှုမီဒီယာပေါ်မှာ ဖော်ပြနေကြပေမယ့် အခြေအနေကို ထိန်းချုပ်ထားပြီး ဖြစ်ကြောင်း အာဏာပိုင်တွေက အောက်တိုဘာ ၅ ရက်က ပြောပါတယ်။

ရရှိနိုင်ထားတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က သာမန် လူထုအတွက် ကျန်းမာရေး အန္တရာယ် လျော့နည်းပုံ ပေါ်ကြောင်း ပြောဆိုထားပါတယ်။

နောက်ထပ် သတင်းအချက်တွေ သိလာရရင် အန္တရာယ် လေ့လာမှုတွေ ထပ်ပြီး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း WHO က ပြောထားပါတယ်။

အဲဒီ အလုပ်သမား သေဆုံးမှုဟာ ရုရှားအတွက် ကြီးမားတဲ့ ပြဿနာ ဖြစ်ကြောင်းနဲ့ အခြေအနေကို ဖြေရှင်းရေး မော်စကိုကို ကူညီပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောထားပါတယ်။

သမိုင်းမတင်မီခေတ်က လူသားတွေမှာ ရောဂါပျံ့နှံ့ခဲ့ကြောင်း ပထမဆုံး သိရှိထားတဲ့ နေရာဒေသ တစ်ခု ဖြစ်တဲ့ ဆိုက်ဘေးရီးယားမှာ ကပ်ရောဂါတွေ ဖြစ်ပွားလေ့ ရှိပါတယ်။

ယာဆီနီယာလို့ အမည်ရတဲ့ ဘတ်တီးရီးယား တစ်မျိုးဟာ ဆိုက်ဘေးရီးယားရှိ များပြားတဲ့ တောရိုင်း နို့တိုက်သတ္တဝါ ကောင်သေးသေးလေးတွေမှာ ဖြစ်ပွားလေ့ ရှိပါတယ်။

ဒါပေမဲ့ အထူးသဖြင့် အာဖရိကနဲ့ ကမ္ဘာ့ တခြား ဒေသတွေမှာ နှစ်စဉ် ကပ်ရောဂါ ဖြစ်ပွားလေ့ ရှိပေမယ့် ရုရှားနိုင်ငံသားတွေ ကပ်ရောဂါကြောင့် နာမကျန်း ဖြစ်တယ်ဆိုတာ ကြုံခဲတဲ့ အခြေအနေ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ အလုပ်သမားဟာ ဆိုက်ဘေးရီးယားနဲ့ အရှေ့ဖက်စွန်းရှိ အာကူဆာ ကပ်ရောဂါ တိုက်ဖျက်ရေး အင်စတီကျုရဲ့ အသက် ၂၈ နှစ်အရွယ် ဆာယာ ရှီပီလိုဘာ ဖြစ်ကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြထားပါတယ်။

အဲဒီ အမျိုးသမီး ဘယ်လို၊ ဘယ်နေရာမှာ နာမကျန်း ဖြစ်တယ်ဆိုတာနဲ့ ပတ်သက်လို့ သတင်းတွေ ကွဲလွဲနေပေမယ့် သူဟာ ဘယ်နေရာက ကူးစက်မှန်း မသိရတဲ့ အဆုတ်ရောင် ရောဂါကြောင့် သေဆုံးသွားတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီ အမျိုးသမီးဟာ သက်ရှိ ဘတ်တီးရီးယားတွေ ပါဝင်တဲ့ စမ်းသပ်ပြွန် တစ်ခုကို လွှတ်ချမိခဲ့တယ်လို့ လူမှုမီဒီယာပေါ်မှာ ကောလာဟလ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ ရုရှား ကျန်းမာရေး စောင့်ကြည့်ရေး အဖွဲ့က ရောဂါပိုးမွှားတွေ ကိုင်တွယ်မှု ပါဝင်တဲ့ ဖြစ်ရပ်တွေ ရှိတယ် ဆိုတဲ့ အထောက်အထား မတွေ့ရကြောင်း နိုင်ငံပိုင် မီဒီယာသို့ ပြောထားပါတယ်။

သေဆုံးသူနဲ့ ထိတွေ့ခဲ့သူ ၂၀၀ လောက်ရှိပြီးသူတို့ကို ရောဂါ ခြေချုပ် အသွားအလာ ကန့်သတ်ထားတယ်လို့ ရုရှား မီဒီယာတွေက ဖော်ပြထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.