နယူးဒေလီ၊ အောက်တိုဘာ ၆

မဲပေးသူ စာရင်းကို အငြင်းပွားဖွယ် ပြန်လည် ပြင်ဆင်မှုနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ အကြီးအကဲ နုတ်ထွက်ပေးရေး ကြိုးပမ်းတဲ့အနေနဲ့ ဒါဇင်နဲ့ချီတဲ့ အိန္ဒိယ အတိုက်အခံ လွှတ်တော်အမတ်တွေဟာ အောက်တိုဘာ ၆ ရက်က စတင်ချီတက်ခဲ့ကြပါတယ်။

အိန္ဒိယ မြို့တော် နယူးဒေလီ အလယ်ခေါင်မှာ ရာနဲ့ချီတဲ့ လုံခြုံရေး ဝန်ထမ်းတွေ စောင့်ကြပ်နေပြီး အတားအဆီးတွေချထားခဲ့ရပါတယ်။

ဝန်ကြီးချုပ် နရန်ဒရာ မိုဒီကို ဆန့်ကျင်တဲ့ ပါတီတွေနဲ့ လူကြိုက်များတဲ့ ပိုးဟပ် လူငယ် အဖွဲ့ဝင်တွေက ရွေးကောက်ပွဲ ကော်မရှင်အကြီးအကဲ ဂျီယာနက်ရှ် ကူးမားကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်အတွင်း သဘောထားကွဲလွဲမှုတွေ ရှိနေကြောင်း Indian Express သတင်းစာက ပြီးခဲ့တဲ့လမှာ ဖော်ပြခဲ့ပြီးနောက် ဆန္ဒပြပွဲတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ကော်မရှင်အကြီးအကဲ ကူးမားကို မိုဒီ အစိုးရက ခန့်အပ်ထားတာ ဖြစ်ပါတယ်။

မိုဒီရဲ့ တတိယမြောက် ရာထူးသက်တမ်း ထက်ဝက် ကြာလာချိန် ဆန္ဒပြပွဲတွေဟာ သူ့အတွက် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှု အသစ် ဖြစ်လာပါတယ်။

စာမေးပွဲ မေးခွန်းလွှာ ပေါက်ကြားမှုနဲ့ ပတ်သက်လို့ အလားတူ ဆန္ဒပြပွဲတွေကြောင့် ပညာရေးဝန်ကြီး နုတ်ထွက်ခဲ့ပြီး လပိုင်းအကြာမှာ ဆန္ဒပြပွဲတွေ ထပ်ပြီး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

မဲစာရင်းတွေနဲ့ မဲပေးသူ မှတ်ပုံတင်လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ ကွဲလွဲမှုတွေ ရှိနေတယ်လို့ ဆိုတာကြောင့် ကော်မရှင်ရဲ့ ကြားနေမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီမိုကရေစီကို ကယ်တင်ပါဆိုတဲ့ စာတန်း အကြီးကြီး ကိုင်ထားကြတဲ့ လွှတ်တော် အမတ်တွေက မိုဒီကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြပါတယ်။

သူတို့က လွှတ်တော်ကနေ ဒေလီမြို့လယ်ရှိ အိန္ဒိယ ရွေးကောက်ပွဲ ကော်မရှင် ရုံးချုပ်သို့ ချီတက်ပြီး ကူးမား နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

လုံခြုံရေး တပ်ဖွဲ့ဝင် ရာပေါင်းများစွာက လမ်းကြောင်း တချို့ကို ပိတ်ထားပြီး အတားအဆီးတွေ ချထားခဲ့ပါတယ်။

ပြန်လည် ပြင်ဆင်ထားတဲ့ မဲစာရင်းက မိုဒီနဲ့ သူ့ရဲ့ ပါတီအတွက် အကျိုးရှိစေတယ်လို့ ကွန်ဂရက်စ် ပါတီနဲ့ တခြား ပါတီတွေက စွပ်စွဲထားပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ မိုဒီရဲ့ BJP ပါတီတို့က အဲဒီ စွပ်စွဲချက်တွေကို ပယ်ချထားပါတယ်။

ရွေးကောက်ပွဲ ကော်ရှင်ရဲ့ မဲစာရင်း ပြင်ဆင်မှုနဲ့ ကော်မရှင် အကြီးအကဲရဲ့ အပြုအမူနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို ကြားနာ စစ်ဆေးရေး အိန္ဒိယ နိုင်ငံတော် တရားရုံးက အောက်တိုဘာ ၅ ရက်မှာ သဘောတူထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.