September 2026

ရေမြှုပ်နေသေးတဲ့ ကျိုက်မရောက စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စစ်အစိုးရ ဖိအားပေး

ကျိုက်မရော၊ စက်တင်ဘာ ၉ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ရေမြှုပ်နေသေးတဲ့ စာသင်ကျောင်းတွေ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ဖို့ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ်အစိုးရက ဖိအားပေးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ စက်တင်ဘာ ၈ ရက်နေ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ဦးဆောင်တဲ့အဖွဲ့ ကျိုက်မရောမြို့သို့ ရောက်ရှိလာပြီး ပိတ်ထားတဲ့ စာသင်ကျောင်းတွေ အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့နဲ့…

ထိုင်းနိုင်ငံ ချွန်ဘူရီ မူကြိုကျောင်းမှာ ရဲအရာရှိရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး

ဘန်ကောက် စက်တင်ဘာ ၉ ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ ဘန်လမွန်မြို့နယ်၊ နောင်ပလာလိုင်ဒေသရှိ မူကြိုကျောင်းတစ်ခုအတွင်း ဒီနေ့ စက်တင်ဘာ ၉ ရက် မနက် ၁၁ နာရီအချိန်ခန့်ကအသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း သိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျောင်းအတွင်းရှိ ကလေးငယ် ၄၄ ဦးစလုံးကို ဘေးကင်းရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ကျောင်းသားတစ်ဦးမှ…

စစ်အာဏာသိမ်း (၂၀၄၆)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၃၄၄) ဦးထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၉ AAPP ရဲ့ စက်တင်ဘာ ၈ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၄၆) ရက်အတွင်း ပြည်သူ (၈၃၄၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၈၉၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၂၄)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ပေါ်တာဆွဲမှု မြင့်တက်နေချိန် PDF ရာချီ အလင်းဝင်လာတယ်လို့ စစ်အစိုးရ ဆက်တိုက် ဝါဒဖြန့်

နေပြည်တော် ၊ စက်တင်ဘာ ၉ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်တဲ့ တပ်သားတွေ ရရှိနိုင်ရေး ပေါ်တာဆွဲမှုတွေ မြင့်တက်နေချိန်မှာ PDF တွေ လက်နက်ခဲယမ်းနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတယ်လို့ စစ်အစိုးရက ဆက်တိုက် ဝါဒဖြန့်နေပါတယ်။ စစ်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်အရ PDF တွေကို လက်နက်ချဖို့ ကမ်းလှမ်းပြီးနောက်ပိုင်း နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို…

စစ်အစိုးရရဲ့ မွန်လွှတ်တော် အစည်းအဝေး ပြန်စမယ်

မော်လမြိုင် ၊ စက်တင်ဘာ ၉ အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို လာမယ့် စက်တင်ဘာ ၂၉ ရက်နေ့မှာ စတင်ကျင်းပသွားမယ်လို့ မွန်ပြည်နယ် လွှတ်တော်က ကြေညာပါတယ်။ လွှတ်တော် အစည်းအဝေး ပြန်စဖို့ လွှတ်တော် ကိုယ်စားလှယ်တွေအပြင် ပြည်နယ်အစိုးရအဖွဲ့ကိုလည်း အသိပေး အကြောင်းကြားထားပြီလို့ စက်တင်ဘာ ၇…

သရက်ချောင်းတိုက်ပွဲမှာ အမျိုးသမီးတစ်ဦးသေဆုံး

သရက်ချောင်း၊ စက်တင်ဘာ ၉ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် သရက်နှစ်ခွနဲ့ သင်ကျွန်းကျေးရွာကြားမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲ အတွင်း အရပ်သားပြည်သူ အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၈ ရက်နေ့ မနက်ပိုင်းက အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာကနေ…

မကွေးတိုင်းက စစ်မှုထမ်းတွေကို နယ်မြေစခန်းတွေမှာ လက်တိုလက်တောင်း ခိုင်းစေမှုတွေ ရှိနေ

မကွေး စက်တင်ဘာ ၈ မကွေးတိုင်းမှာ စစ်မှုထမ်းတွေကို သင်တန်းကျောင်း မပို့ဘဲ နယ်မြေစခန်းတွေမှာ လက်တိုလက်တောင်း ခိုင်းစေဖို့​ လုပ်ဆောင်တာတွေ ရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သင်တန်းအပြီး ရှေ့တန်း ပို့ခံရမှာစိုးရိမ်တာကြောင့် မိသားစုနဲ့ငွေကြေးညှိနှိုင်းတာ ဒါမှမဟုတ် နယ်မြေတပ်စခန်းတွေမှာပဲ သင်တန်းပေးပြီး စခန်းစောင့်ထားတာတွေရှိတယ်လို့ သိရပါတယ်။ “တချို့က ပထမအကြိမ် စစ်မှုထမ်းစာရင်းပါလို့ ငွေကြေးနဲ့ညှိပြီးလွတ်ပြီးသားတွေ၊ နောက်တစ်ခေါက် ပြန်စစ်မှုထမ်း…

အီရန် ထောက်ပံ့ထားတဲ့ ဟူသီအဖွဲ့ ဆော်ဒီမြို့ ၄ မြို့ကို တိုက်ခိုက်

တီဟီရန် စက်တင်ဘာ ၈ အီရန်အစိုးရရဲ့ ထောက်ခံမှုရရှိထားတဲ့ ယီမင်နိုင်ငံအခြေစိုက် ဟူသီအဖွဲ့က အမေရိကန်မဟာမိတ် ဆော်ဒီအာရေဘီးယားနိုင်ငံတောင်ပိုင်းက မြို့ ၄ မြို့ကို စက်တင်ဘာ ၈ ရက်မှာ ဒရုန်းနဲ့ ဒုံးကျည်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၇၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆော်ဒီအာဏာပိုင်တွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ရေနံနဲ့ ဆက်စပ်တဲ့ စက်ရုံနေရာတွေမှာ မီးလောင်မှုတွေ…

ရုရှားနဲ့ဆက်သွယ်ထားတဲ့ တံတားသစ် မြောက်ကိုရီးယား ဖွင့်လှစ်

ဆိုးလ်၊ စက်တင်ဘာ ၈ မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံကြား ပထမဆုံး တံတားသစ် ဖွင့်လှစ်လိုက်တာဟာ နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုနီးကပ်လာနေတဲ့ လက်တွေ့ကျတဲ့ သက်သေတစ်ခု ဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက စက်တင်ဘာ ၈ ရက်မှာ ဖော်ပြပါတယ်။ တူမန်မြစ်ကို ဖြတ်ပြီး ရုရှားနိုင်ငံဘက်ကို ဆက်သွယ်ထားတဲ့ အဲဒီတံတားဟာ မြောက်ကိုရီးယားအတွက် ရုရှားနဲ့ ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး…

တနင်္သာရီမှာ လူနာတင်ယာဉ် ပစ်ခတ်ခံရလို့ တစ်ဦး သေဆုံး

တနင်္သာရီ၊ စက်တင်ဘာ ၈ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သိန်းခွန်ကျေးရွာအနီးမှာ လူနာတင်ယာဉ် ပစ်ခတ်ခံရတာကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦး သေဆုံးသွားတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ စက်တင်ဘာ ၇ ရက်နေ့ နေ့လည် ၁ နာရီကျော်အချိန်မှာ တနင်္သာရီမြို့ကနေ မောတောင်မြို့ဘက်ကို လူနာပို့ပြီး ပြန်လာတဲ့ မောတောင်မြို့အခြေစိုက် သင်္ဂဟမိတ္တ နာရေးကူညီမှုအသင်းပိုင် လူနာတင်ယာဉ် ပစ်ခတ်ခံခဲ့ရတာပါ။…