ဘီးလင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၃ ဦးထက်မနည်းသေဆုံး
ဘီးလင်း၊ ဇူလိုင် ၈ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တက်တူးကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က အရာရှိအပါအဝင် ၃ ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့နေအိမ်တွေ မီးရှို့ခံရတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက် မနက် ၄ နာရီလောက်ကစတင်ပြီး တက်တူးကုန်းကျေးရွာထဲကို စစ်တပ်က အင်အား ၂၀၀ ကျော်နဲ့စစ်ကြောင်းထိုးလာရာ…
