မန္တလေး၊ ဇူလိုင် ၇

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မန္တလေး ဈေးကွက်အတွင်း ကျောက်စိမ်းဈေးနှုန်းတွေကျဆင်းနေပြီး တရုတ် စီးပွားရေး နှေးကွေးနေမှုနဲ့ ကျားဖြန့်လုပ်ငန်းများ နှိမ်နှင်းမှုနဲ့ သက်ဆိုင်နေတဲ့ ရေစီးကြောင်း ပုံစံ တစ်ခု ဖြစ်ကြောင်း ကုန်သည်တွေက ပြောပါတယ်။

ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နှင်းမှုများ ထွက်ပေါ်လာပြီးနောက် တရုတ်နဲ့ ဆက်စပ်တဲ့ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတွေ ငွေကြေးခဝါချနိုင်မှု အတိုင်းအတာ လျော့ကျသွားမှုနဲ့အတူ သူတို့ရဲ့ ကျောက်စိမ်း ဝယ်လိုအားလည်း လျော့ကျသွားခဲ့ပါတယ်။

ပြည်ပ ဝယ်လိုအား ကောင်းတာကြောင့် ရေရှည် အဆင်ပြေ ချောမွေ့နေခဲ့တဲ့ ဈေးကွက်အတွင်း အခုလို ရောင်းအားရော၊ ဈေးနှုန်းပါ ကျဆင်းနေမှုကြောင့် ကျောက်စိမ်း ကုန်သည်တွေ ထိခိုက်နေရပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ကချင်ပြည်နယ်ဟာ ကမ္ဘာ့ တန်ဖိုးအကြီးဆုံးနဲ့ အမြတ်အများဆုံး ကျောက်စိမ်း မိုင်းတွင်းများရှိရာ ဒေသ ဖြစ်ပြီး မန္တလေးဟာ ကျောက်စိမ်း ရောင်းဝယ်မှုနဲ့ ဈေးကွက်တင်ရေး ပြင်ဆင်ပေးမှုများအတွက် အဓိကနေရာ တစ်ခု ဖြစ်ပါတယ်။

နေ့စဉ် သတ်မှတ်ဈေးနှုန်း ရှိတဲ့ ရွှေဈေးလို မဟုတ်ဘဲ ကျောက်စိမ်းအတွက် နိုင်ငံတကာ စံသတ်မှတ်ထားတဲ့ ဈေးနှုန်း မရှိ ဖြစ်နေပါတယ်။

စံသတ်မှတ်နှုန်းထားအစား ကျောက်စိမ်း ဈေးနှုန်းဟာ ကျောက်တစ်တုံးစီရဲ့ အရောင်အသွေးနဲ့ ကြည်လင် တောက်ပမှုအပေါ် အခြေခံတဲ့ လူတစ်ဦးချင်းစီရဲ့ တန်ဖိုးဖြတ်မှုအပေါ် မူတည်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ကျောက်စိမ်း ရောင်းဝယ်မှုဟာ ဝယ်ယူသူတွေနဲ့ ရောင်းသူတွေကြား ဈေးနှုန်း ညှိနှိုင်းမှုတွေနဲ့ ကျောက်အရည်အသွေး အကဲဖြတ်မှုတွေအပေါ် မူတည်ပြီး ဈေးနှုန်း သတ်မှတ်ကြတာ ဖြစ်ပါတယ်။

မေလ လလယ်ပိုင်းက ဈေးကွက်ထဲ သွားရောက် လေ့လာရာမှာ ကျောက်စိမ်း အရိုင်းတုံးတွေကို ပွဲစားတွေက အရေအသွေး စစ်ဆေးကြည့်နေတာ တွေ့ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။

အလယ်အလတ် အဆင့်ရှိ ကျောက်စိမ်းတွေရဲ့ ဈေးနှုန်းတွေဟာ ၂၀၂၁ နဲ့ ၂၀၂၃ ခုနှစ်ကြား မြင့်တက်ခဲ့ပြီးနောက် ၂၀၂၄ က စတင်ပြီး အစဉ်တစိုက် လျော့ကျလာခဲ့တယ်လို့ ကျောက်စိမ်း ကုန်သည်တွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကျောက်စိမ်း ဈေးကွက် ရောင်းဝယ်မှု စနစ်ဟာ တရုတ် ဖောက်သည်တွေနဲ့ ငွေကြေး ခဝါချလိုတဲ့ ရာဇဝတ် အဖွဲ့အစည်းအပေါ် မူတည်နေတာကြောင့် ဟန်ချက် မမျှတဲ့ အခြေအနေမှာ အခုလို ဈေးကွက် အခြေအနေ ဖြစ်လာတာ ဖြစ်တယ်လို့ မန္တလေး ဈေးကွက်က ပွဲစားတွေက ပြောဆိုထားပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.