လေးကေကော်မြို့သစ်အနီးက ထိန်းချုပ်နယ်မြေတစ်ခုကို တော်လှန်ရေးအင်အားစုတွေ လက်လွှတ်ခဲ့ရ
မြဝတီ ဇူလိုင် ၁၆ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မင်းလက်ပံနဲ့ ဖလူးဒေသအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ ပြန်လည်စစ်ကြောင်းထိုးမှု သီတင်း ၁ ပတ်ခန့်အတွင်းမှာ တော်လှန်ရေးအင်အားစုအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတစ်ခုကို လက်လွှတ်ခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်နဲ့ စစ်တပ်လော်ဘီတွေဆီက သိရပါတယ်။ လေးကေကော်မြို့သစ်အနီး မင်းလက်ပံနဲ့ ဖလူးဒေသတို့ကို စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် အာဏာသိမ်း စစ်တပ်၊ ကရင်နယ်ခြားစောင့်တပ် BGF၊ ခွဲထွက် DKBA…
