ဘန်ကောက်၊ ဇူလိုင် ၁၅

အိမ်နီးချင်း နိုင်ငံဆီက သတ္ထုတွင်း တူးဖော်မှုတွေကြောင့် ရေထု ညစ်ညမ်းမှု အထောက်အထားအား ထိုင်း အတိုက်အခံ လွှတ်တော်အမတ်တွေက တင်ပြခဲ့ပြီးနောက် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက တရုတ်အစိုးရထံ ထပ်ဆင့် တင်ပြပေးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ထိုင်းပြည်သူ့ပါတီ ခေါင်းဆောင်က နယ်စပ်ဖြတ်ကျော် ရေထု ညစ်ညမ်းမှုအထောက်အထားကို တရုတ် သံရုံးဆီ တင်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ အရပ်ဖက် အဖွဲ့အစည်းတွေ ထိုင်းမှာ ဆန္ဒပြခဲ့ပြီး တရုတ် သံရုံးရှေ့ ဆန္ဒပြရာမှာ လူ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ထိုင်းမြစ်ရေ ညစ်ညမ်းမှုနဲ့ ပတ်သက်လို့ ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ မြစ်တွေမှာ အဆိပ်အတောက်တွေ ရှိနေကြောင်း ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ရေထု ညစ်ညမ်းမှုဟာ ထိုင်းနယ်နိမိတ်ထဲက ဖြစ်ပေါ်တာ မဟုတ်ကြောင်းလည်း အတိုက်အခံ လွှတ်တော် အမတ်တွေက တရုတ်သံရုံးသို့ တင်ပြတဲ့ အထောက်အထားတွေမှာ ဖော်ပြထားပါတယ်။

တရုတ် သံရုံးသို့ တင်ပြထားတဲ့ အထောက်အထားတွေမှာ ရေနမူနာနဲ့ အနယ်ကျမှု နမူနာတွေ ပါဝင်တယ်လို့ သိရပါတယ်။

မြစ်ရေ ညစ်ညမ်းမှုမှာ ခို့ခ်၊ ဆွိုင်၊ ရူအက်၊ မဲခေါင်နဲ့ သံလွင်မြစ်တို့ ပါဝင်နေကြောင်း ထိုင်း အတိုက်အခံ လွှတ်တော် အမတ်တွေက တရုတ်သံရုံးဆီ တင်ပြထားပါတယ်။

မြန်မာနိုင်ငံရှိ တရုတ် ထောက်ပံ့ထားတဲ့ မိုင်းတွင်းတွေကြောင့် ထိုင်းမြစ်ရေတွေအဆိပ်အတောက် ဖြစ်ပေါ်မှုကြောင့် ကန့်ကွက် ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံတွေရဲ့ စားဝတ်နေရေးအပေါ် ထိခိုက်မှုတွေ ရှိနေကြောင်း သိရပါတယ်။

ကရာဘူရီမြစ်ရေဟာ စံနှုန်းသတ်မှတ်ချက်ထက် ပိုလွန်တဲ့ အဆိပ်အတောက် ဖြစ်မှု ရှိနေကြောင်း ထိုင်း ပညာရှင်တွေက စစ်ဆေးဖော်ထုတ်ထားပါတယ်။

မိုင်းတွင်း တူးဖော်ရာနေရာ ၂၆၇၆ ခုကို စာရင်း ကောက်ယူထားပြီး တရုတ် လုပ်ငန်းတွေနဲ့ အဲဒီ ရေထုညစ်ညမ်းမှု ဆက်စပ်မှု ရှိ၊မရှိ တင်ပြထားတာ ဖြစ်ပါတယ်။

ပြည်သူ့ပါတီအနေနဲ့ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကိုမှ အပြစ်တင် ပြောဆိုလိုတာ မရှိပေမယ့် မိုင်းတွင်း တူးဖော်မှုတွေမှာ ပါဝင် ပတ်သက်နေတဲ့ အစိုးရ အဖွဲ့တွေ အနေနဲ့ ပူးပေါင်း စုံစမ်း စစ်ဆေးသင့်ကြောင်း ပြောဆိုထားပါတယ်။

Ref:KhaosodEnglish

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.