ကွာလာလမ်ပူ၊ ဇူလိုင် ၁၅
အစ္စရေးကို အသိအမှတ် မပြုကြောင်း ရှင်းလင်းပြတ်သားတဲ့ မူဝါဒကို ဖော်ပြမှု အနေနဲ့ မလေးရှားနိုင်ငံထဲသို့ ဝင်ရောက်လာတဲ့ အစ္စရေးနိုင်ငံသား မှန်သမျှကို နှင်ထုတ်သွားမှာ ဖြစ်ပြီး လုံးဝ ညှိနှိုင်းမှာ မဟုတ်ကြောင်း ဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က ပြောလိုက်ပါတယ်။
မလေးရှား နိုင်ငံတွင်းမှာ စစ်ဆေးတွေ့ရှိထားတယ်ဆိုတဲ့ အစ္စရေး နိုင်ငံသားတွေနဲ့ ပတ်သက်လို့ လုံခြုံရေး အေဂျင်စီ အားလုံးက ပူးပေါင်းစုံစမ်း စစ်ဆေးနေကြောင်း မလေးရှား ဝန်ကြီးချုပ်က ဆိုပါတယ်။
မိမိတို့အနေနဲ့ အစ္စရေးကို နိုင်ငံအဖြစ် အသိအမှတ် မပြုတာကြောင့် မိမိတို့ နိုင်ငံတွင်းမှာ တွေ့ရှိတဲ့ အစ္စရေး နိုင်ငံသားတွေကို ချက်ချင်း နှင်ထုတ်သွားမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါက ပြောပါတယ်။
ဂျိုဟိုးပြည်နယ်မှာ အစ္စရေး နိုင်ငံသားများ နှစ်နိုင်ငံသားကတ် စာရွက်စာတမ်းမတွေ ကိုင်ဆောင်ထားတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် အန်ဝါက သတင်းထောက်တွေကို ဖြေကြားရာမှာ အခုလိုမျိုး ပြောကြားခဲ့တာပါ။
အဲဒီ ကိစ္စကို ဌာနဆိုင်ရာ အားလုံးက စုံစမ်း စစ်ဆေးနေပြီး အဆင့်မြင့်ပညာရေး ဝန်ကြီး ဒေါက်တာ အဒူ ဇမ်ဘရီ ခါဒါက အသေးစိတ် ရှင်းပြပေးသွားမှာ ဖြစ်ကြောင်း အန်ဝါက ပြောပါတယ်။
သက်ဆိုင်ရာ ကိစ္စအလိုက် ဌာနဆိုင်ရာ အားလုံးက စုံစမ်းစစ်ဆေးနေပြီး အသေးစိတ် အချက်အလက်တွေကို ဌာနဆိုင်ရာက မကြာခင် ဖြေရှင်းလိမ့်မယ်လို့ ဆိုပါတယ်။
အစ္စရေး နိုင်ငံသားတွေ ပါဝင်နေတယ်ဆိုတဲ့ ဖောရက်စ် စီးတီး စာသင်ကျောင်း ကွန်ရက်ကို စုံစမ်း စစ်ဆေးရေး ဝန်ကြီးချုပ်က ပြည်ထဲရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဌာနတွေအားလုံးကို ညွှန်ကြားထားပါတယ်။
မလေးရှား -စင်ကာပူ နယ်စပ်မှာ အစ္စရေး နိုင်ငံသားတွေ နှစ်နိုင်ငံသား စာရွက်စာတမ်းတွေ ကိုင်ဆောင်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောထားပါတယ်။
အစ္စရေး နိုင်ငံသား လက်မှတ် ကိုင်ဆောင်ထားပြီး မလေးရှား နိုင်ငံသား လက်မှတ်လည်း ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသားတွေကို တွေ့ရှိပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အဲဒီ သတင်းတွေ လူမှုမီဒီယာပေါ်မှာ ထွက်ပေါ်လာပြီးနောက် မလေးရှား ဌာနဆိုင်ရာက စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Ref:Bermana

