July 2026

မွန်မှာ စားအုန်းဆီ ရောင်းပေးမယ်ဆိုပြီး အိမ်ထောင်စုစာရင်းတွေ တောင်းယူနေ

မော်လမြိုင်၊ ဇူလိုင် ၁၅ မွန်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ စားအုန်းဆီရောင်းပေးမယ်ဆိုပြီး အိမ်ထောင်စုစာရင်းတွေ တောင်းယူနေလို့ ပြည်သူတွေ စိုးရိမ်နေကြတယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။ အရပ်သားအသွင်ပြောင်း စစ်အစိုးရက အခြေခံပြည်သူတွေထံ စားသုံးဆီကို ပြင်ပဈေးထက် သက်သာတဲ့နှုန်းထားနဲ့ ဝယ်ယူနိုင်ရေး ခေါင်းစဉ်နဲ့ စားအုန်းဆီတွေကို ရောင်းချပေးနေရာကနေ အခု ဇူလိုင်လမှစတင်ကာ စားအုန်းဆီ ဝယ်ယူသူတွေထံကနေ အိမ်ထောင်စုစာရင်းတွေ တောင်းယူနေတာလို့ ဆိုပါတယ်။ အရင်က…

ကော်ဖီထုတ်ကုန်မှာ ဌာနလိုဂိုသုံးစွဲမှု ကရင်ကျန်းမာရေးနဲ့ ကယ်ဆယ်ဌာန ကန့်ကွက်

ဘားအံ ဇူလိုင် ၁၅ ကရင်ကျန်းမာရေးနဲ့ ကယ်ဆယ်ဌာန (KDHW) အမှတ်တံဆိပ်ကို အလွဲအသုံးပြုနေတာဟာ အထင်အမြင်လွဲမှားစေနိုင်ပြီး ဌာနအမှတ်တံဆိပ် အလွဲသုံးခြင်းကို လုံး၀ ကန့်ကွက်ရှုံ့ချကြောင်း KDHW ဗဟိုဌာနမှူးက ဇူလိုင် ၁၄ ရက်နေ့မှာ အသိပေးရှင်းလင်းထုတ်ပြန်ပါတယ်။ လက်ရှိ လူမှုမီဒီယာတွေမှာ မိမိတို့ ကရင်ကျန်းမာရေးနဲ့ ကယ်ဆယ်ဌာန (Karen Department of Health and Welfare)…

ဟောမု့ဇ် ရေလက်ကြားရှိ ယူအေအီး သင်္ဘော နှစ်စီးကို အီရန် တိုက်ခိုက်

တီဟီရန်၊ ဇူလိုင် ၁၄ အမေရိကန်က အီရန်ကို တတိယမြောက် ဆက်တိုက် တိုက်ခိုက်မှုတွေ ပြုလုပ်နေချိန် ဟောမု့ဇ် ရေလက်ကြားရှိ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)ရဲ့ သင်္ဘော နှစ်စီးကို အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ အိန္ဒိယ သင်္ဘောသား တစ်ဦး သေဆုံးပြီး တခြား သင်္ဘောသား ၈ ဦး ဒဏ်ရာရရှိကြောင်းနဲ့ပြောင်ပြောင်တင်းတင်း…

Volkswagen ကုမ္ပဏီက ကမ္ဘာတစ်ဝန်း အလုပ်အကိုင် ၁ သိန်းအထိ လျှော့ချဖို့ စီစဉ်နေ

ဘာလင် ဇူလိုင် ၁၄ ဂျာမနီနိုင်ငံက ကမ္ဘာကျော်ကားထုတ်လုပ်ရေးကုမ္ပဏီ Volkswagen Group ဟာ ကမ္ဘာတစ်ဝန်းမှာ အလုပ်အကိုင်ပေါင်း ၁ သိန်းအထိ လျှော့ချနိုင်တဲ့ အစီအစဉ်ကို စဉ်းစားနေတယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် အိုလီဗာ ဘလွန်းက အတည်ပြုလိုက်ပါတယ်။ အရင်က Volkswagen Group က ၂၀၃၀ ပြည့်နှစ်အထိ ဂျာမနီနိုင်ငံအတွင်း အလုပ်အကိုင် ၅ သောင်းခန့်…

စစ်တပ်ကြောင့် အရပ်သားတွေရဲ့ လုံခြုံရေး ဆိုးရွားစွာ ထိခိုက်နေတယ်လို့ KNU သထုံခရိုင် ပြော

သထုံ၊ ဇူလိုင် ၁၄ မွန်ပြည်နယ် သထုံခရိုင်ရဲ့ မြို့နယ်တွေမှာ အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေရဲ့ လုံခြုံရေး ဆိုးရွားစွာ ထိခိုက်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်က ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တို့မှာ နေ့စဉ်နဲ့အမျှ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတာပါ။ KNU သထုံခရိုင်ရဲ့…

ယီမင်ရှိ ဟူသီအဖွဲ့က ဆော်ဒီအာရေးဗီးယားကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်

ရီးယာ့ဒ်၊ ဇူလိုင် ၁၄ ယီမင်နိုင်ငံရှိ ဟူသီ အဖွဲ့က ဆော်ဒီအာရေးဗီးယားနဲ့ လေးနှစ်ကြာ အပစ်အခတ် ရပ်စဲမှုကို ချိုးဖောက်ပြီး ဇူလိုင် ၁၃ ရက်မှာ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ ပါတယ်။ ဇူလိုင် ၁၃ ရက်က သူတို့ ထိန်းချုပ်မှုအောက်ရှိ လေဆိပ် တစ်ခုကို ဆော်ဒီအာရေးဗီးယားက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဟူသီအဖွဲ့က စွပ်စွဲပြီး ဒုံးကျည်တွေနဲ့…

ဥရောပမှာ အပူလှိုင်း ဖြတ်သန်းနေချိန် ပါရီမြို့အနီး တောမီး လောင်ကျွမ်း

နိုက်စ်စီဆာ အေကိုးလ်၊ ဇူလိုင် ၁၄ ဥရောပမှာ အပူလှိုင်း ဖြတ်သန်းနေချိန် ပါရီမြို့အနီး ဇူလိုင် ၁၃ ရက်က မှတ်တမ်းဝင် တောမီး လောင်ကျွမ်းမှုကြောင့် အဝေးပြေးလမ်းမတွေကို ပိတ်ထားခဲ့ရပြီး လေယာဉ်တွေနဲ့ မီးငြှိမ်းသတ်ခဲ့ရပါတယ်။ ဥရောပ အနောက်ပိုင်းဒေသ အများစုမှာ အပူလှိုင်းတွေ ဖြတ်သန်းနေပြီး စပိန်မှာ တောမီး လောင်ကျွမ်းမှုကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။‘ဒေသတွင်း…

မွန်ပြည်နယ်မှာ ချဲသည်တွေ ဆက်တိုက်ဖမ်းဆီးခံနေရ

မော်လမြိုင်၊ ဇူလိုင် ၁၄ မွန်ပြည်နယ်အတွင်းမှာ နှစ်လုံးထီ၊ သုံးလုံးထီ ရောင်းချနေတဲ့ ချဲသည်တွေကို စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ပူးပေါင်းအဖွဲ့တွေက အသည်းအသန် လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့ကစလို့ နှစ်လုံးထီ၊ သုံးလုံးထီ ရောင်းချနေတဲ့ ကော်မရှင်သမားတွေကို နေအိမ်တွေအထိ…

စစ်အာဏာသိမ်း (၁၉၈၉)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၁၅၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်၁၄ AAPP ရဲ့ ဇူလိုင်၁၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၈၉) ရက်အတွင်း ပြည်သူ (၈၁၅၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၄၅၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၀၂၇)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ဘုံသဘောတူညီချက် ၅ ရပ်ကို ငြင်းဆန်ကြောင်း စစ်လွှတ်တော်ရဲ့ အတည်ပြုမှု အာဆီယံ လက်မခံ

ဘန်ကောက် ၊ ဇူလိုင် ၁၄ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော အစည်းအ‌ဝေးမှာ စစ်တပ်အသွင်ပြောင်း အစိုးရခန့် နိုင်ငံခြားရေးဝန်ကြီးက ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကနေ ငြင်းဆန်ကြောင်း အတည်ပြုခဲ့မှုအပေါ် တင်ပြခဲ့ပေမယ့် အာဆီယံက လက်မခံခဲ့ပါဘူး။ ဇူလိုင် ၁၂ ရက်နေ့က စစ်အစိုးရခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့…