နိုက်စ်စီဆာ အေကိုးလ်၊ ဇူလိုင် ၁၄
ဥရောပမှာ အပူလှိုင်း ဖြတ်သန်းနေချိန် ပါရီမြို့အနီး ဇူလိုင် ၁၃ ရက်က မှတ်တမ်းဝင် တောမီး လောင်ကျွမ်းမှုကြောင့် အဝေးပြေးလမ်းမတွေကို ပိတ်ထားခဲ့ရပြီး လေယာဉ်တွေနဲ့ မီးငြှိမ်းသတ်ခဲ့ရပါတယ်။
ဥရောပ အနောက်ပိုင်းဒေသ အများစုမှာ အပူလှိုင်းတွေ ဖြတ်သန်းနေပြီး စပိန်မှာ တောမီး လောင်ကျွမ်းမှုကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
‘
ဒေသတွင်း နွေရာသီ တတိယမြောက် အပူလှိုင်းနဲ့ ရင်ဆိုင်နေရချိန် တောမီး လောင်ကျွမ်းမှု အရှိန် ပိုမြင့်စေတာ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။
ရာသီဥတု ပြောင်းလဲမှုကြောင့် တောမီးလောင်ကျွမ်းမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး တားဆီးဖို့ ခက်ခဲနေကြောင်း သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။
အလျင်အမြန် ပျံ့နှံ့နေတဲ့ တောမီးတွေကို ငြှိမ်းသတ်ရေး ပြင်သစ်က မီးသတ်သမား ရာနဲ့ချီ ချထားပါတယ်။
စပိန် နိုင်ငံတောင်ပိုင်း အယ်မားရီးယား ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က တောမီးကြောင့် သေဆုံးသူ ၁၃ ဦးအထိ ရှိခဲ့ပါတယ်။
ဇူလိုင် ၁၃ ရက် မီးလောင်မှုအတွင်း ပျောက်ဆုံးနေသူ ၁၀ ဦး ရှိနေသေးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
စပိန် ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်ဟာ မီးလောင်မှု ဖြစ်ပွားရာနေရာသို့ ဇူလိုင် ၁၃ ရက်က သွားရောက်ခဲ့ပြီး ကြိုတင် စီမံမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် နွေရာသီ အပူချိန် မြင့်တက်မှုကြောင့် ထိခိုက်မှုက ပိုမို များပြားကြောင်း ဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
ဇူလိုင် ၁၃ ရက် နေ့လယ်ခင်းမှာ တောမီးလောင်ကျွမ်းမှု အများစုကို ထိန်းချုပ်ထားနိုင်ပြီး လူပေါင်း ၈၀၀ ကျော်အထိ ဘေးကင်းရာ ရွှေ့ပြောင်းထားရပါတယ်။
တောမီး လောင်ကျွမ်းမှုကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပေမယ့် ၁၀၀၀ မီတာ အချင်းအဝန်း လောင်ကျွမ်းသွားကြောင်း အရာရှိတွေက ပြောထားပါတယ်။
ဒီအတောအတွင်း တောမီး လောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး လူ ၂ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး နူးနက်ဇ်က ပြောပါတယ်။
အော်လန်ဒိုး ပြည်နယ်လောက်ရှိတဲ့ မြေဧက ဟက်တာ ၃၂၀၀၀ လောင်ကျွမ်း ပျက်စီးသွားကြောင်း ပြင်သစ် အရာရှိတွေက ပြောကြားပြီး ၂၀၂၅ ခုနှစ်က လောင်ကျွမ်းမှုထက် ပိုမို ပျက်စီးတယ်လို့ သိရပါတယ်။
ပြင်သစ်မှာ လူပေါင်း ၂၆ သန်းခန့်ကို ဇူလိုင် ၁၃ ရက်က အပူလှိုင်း သတိပေးချက် ထုတ်ပြန်ထားခဲ့ပြီး ပါရီမြို့ ဒေသလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။’
အခု သီတင်းပတ် အလယ်ပိုင်းအထိ ဥရောပမှာ အပူလှိုင်း ဆက်လက် ဖြတ်သန်းဦးမှာ ဖြစ်ကြောင်း ရာသီဥတု ခန့်မှန်းသူတွေက ပြောပါတယ်။
ဥရောပ နိုင်ငံများမှာ အပူလှိုင်းကြောင့် ဇွန်လနှောင်းပိုင်းမှာ သေဆုံးသူ ၁၀၆၅၀ ဦးရှိကြောင်း တရားဝင် စာရင်းဇယားတွေအရ သိရပါတယ်။
အင်္ဂလန်နဲ့ ဝေးလ်စ်မှာ မေလနဲ့ ဇွန်လအတွင်း အပူလှိုင်းတွေနဲ့ ဆက်စပ်တဲ့ သေဆုံးမှု ၂၇၀၀ ရှိကြောင်း သီးခြား လေ့လာမှု တစ်ခုမှာ ဖော်ပြထားပါတယ်။
Ref:Reuters

