သရက်ချောင်းမှာ ပိတ်မိနေတဲ့ စစ်ကြောင်းပြန်ထွက်နိုင်ဖို့ နေ့စဉ်ရက်ဆက် စစ်တပ် ဗုံးကြဲနေ
သရက်ချောင်း၊ မတ် ၂၄ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ကျေးရွာမှာ ပိတ်မိနေတဲ့ စစ်ကူစစ်ကြောင်းပြန်ထွက်ဖို့ စစ်ကော်မရှင်တပ်က နေ့စဉ်ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာမှာ နှစ်ပေါင်း ၃၀ ကျော်အကြာ တပ်စွဲထားတဲ့ ဝင်းဝစစ်တပ်စခန်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၀…
