မော်လမြိုင် မတ် ၂၃
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ခြင်း ဖြစ်ပေါ်ခဲ့လို့ ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့မှာ နေပြည်တော်ရှိ အမှတ်(၂) တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀) မှာ အရေးပေါ် ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း ဒီနေ့မှာ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
ဒီခွဲစိတ်ကုသမှုကို အိန္ဒိယနိုင်ငံက ပါရဂူဆရာဝန်တွေနဲ့ စစ်တပ်ရဲံ ဆေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ၂ နာရီခန့် ကြာမြင့်စွာ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။
ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ပြီးစီးခဲ့ပြီး လက်ရှိမှာတော့ ကျန်းမာရေးကောင်းမွန်နေပြီး နိုင်ငံရေးတာဝန်တွေနဲ့ တပ်မတော်တာဝန်တွေကို ဆက်လက်ထမ်းဆောင်နေပြီလို့ ဆိုပါတယ်။
မကြာမီ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကနေ အနားယူပြီး သမ္မတအဖြစ် တာဝန်ယူမယ်လို့ သတင်းထွက်နေတဲ့ စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ နောက်ဆုံးဖြစ်လာမယ့် ၈၁ နှစ် တပ်မတော်နေ့အခမ်းအနား တက်ရောက်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

