မွန်မှာ စက်သုံးဆီ ဝယ်မရလို့ စိုက်ပျိုးရေးလုပ်ငန်း ပြိုလဲလာနိုင်
မော်လမြိုင် ၊ မတ် ၂၄ မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်လာမှုနဲ့အတူ ဝယ်ယူလို့မရတဲ့ အခက်အခဲတွေကြောင့် ရေရှည်မှာ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုလုံး ပြိုလဲလာနိုင်တယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းတွေဟာ မီးစက်တွေကို အသုံးပြုပြီး ရေသွင်း စိုက်ပျိုးရတာ ဖြစ်ပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီ ပြတ်လပ်မှုကြောင့် ရေသွင်းပြီး စိုက်ပျိုးလို့ မရတော့တဲ့ အခြေအနေနဲ့ ကြုံနေရတာပါ။…
