ပြုံးယမ်း၊ မတ် ၂၃
မြောက်ကိုရီးယားက ခေါင်းဆောင် ကင်ဂျံအန်ကို နိုင်ငံရေးရာများဆိုင်ရာ ဥက္ကဋ္ဌ အဖြစ် ပြန်လည် ခန့်အပ်လိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက မတ် ၂၃ ရက်မှာ ဖော်ပြပါတယ်။
အာဏာရှင်နိုင်ငံရဲ့ အမြင့်မားဆုံး မူဝါဒချမှတ်ရေးနဲ့ အုပ်ချုပ်ရေး အဖွဲ့၊ နိုင်ငံ့ရေးရာ ကော်မရှင် အဖွဲ့ခေါင်းဆောင်အဖြစ် ကင်ဂျုံအန်ကို ခန့်အပ်လိုက်တာ ဖြစ်တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ကြေညာပါတယ်။
မြောက်ကိုရီးယားမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲတွေဟာ ကြိုတင် ဆုံးဖြတ်ထားပြီး ဖြစ်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်တယ်လို့ ဝေဖန်သူတွေက တုံ့ပြန်ပါတယ်။
မြောက်ကိုရီးယားရဲ့ ထိပ်တန်းလွှတ်တော်က ကင်ဂျုံအန်ကို အဲဒီ ရာထူးမှာ ပြန်လည် ခန့်ထားလိုက်တာက ကိုရီးယားပြည်သူ အားလုံးရဲ့ တစ်ညီ တစ်ညွတ်တည်း ဆန္ဒကို ဖော်ပြနေတယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြထားပါတယ်။
၁၉၄၈ ခုနှစ်မှာ အဖိုးဖြစ်သူ ကင်အီဆောင် တည်ထောင်ခဲ့တဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားမှာ ကင်ဂျုံအန်ဟာ တတိယမျိုးဆက် အုပ်ချုပ်သူ ဖြစ်ပါတယ်။
သူဟာ ၂၀၁၁ ခုနှစ် သူ့ ဖခင် ကွယ်လွန်သွားပြီးကတည်းက နိုင်ငံကို အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ ရွေးကောက်ပွဲတွေကနေ အရင်ကနဲ့ မတူတဲ့ ရလဒ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ ထင်မှတ်ထားသူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူးလို့ ကိုရီးယား ကာကွယ်ရေး သုတေသနဆိုင်ရာ အင်စတီကျု့ဒ် သုတေသီ လီဟိုရောင်က ပြောပါတယ်။
နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှု ဒဏ်ကို ပြင်းပြင်းထန်ထန် ခံနေရတဲ့ မြောက်ကိုရီးယားမှာ ခေါင်းဆောင် ကင်ဂျုံအန်က ပြည်သူတွေရဲ့ ဘဝ နေထိုင်မှု စံနှုန်း တိုးမြှင့် ပေးမယ်လို့ ကတိပေးထားပါတယ်။
ဒီအတောအတွင်း တောင်ကိုရီးယားက မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုတွေ ပြန်လည် စတင်နိုင်ရေး ကြိုးပမ်းနေပြီး ထရန့်နဲ့ ကင်ဂျုံအန် တွေ့ဆုံရေး အတွက်လည်း ကြိုးပမ်းနေကြောင်း တောင်ကိုရီးယား သတင်းဌာန Yonhap က ဖော်ပြထားပါတယ်။
Ref:AFP

