March 2026

စက်သုံးဆီကြောင့် သင်္ကြန်ပွဲတော် အကျပ်အတည်း မဖြစ်စေချင်ဘူးလို့ စစ်ခေါင်းဆောင် ပြော

နေပြည်တော် မတ် ၂၅ စက်သုံးဆီ ကန့်သတ်ချက်တွေကြောင့် အတာသင်္ကြန်ပွဲတော်ကျင်းပမှုကို အကျပ်အတည်း မဖြစ်စေလိုကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မနေ့ မတ်လ ၂၄ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်လာတဲ့ စက်သုံးဆီများ ဖူလုံစွာရရှိရေးနဲ့သုံးစွဲမှုများ စနစ်တကျဖြစ်စေရေးအတွက် ကျင်းပတဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။ စစ်ခေါင်းဆောင်က မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ဟာ ပြည်သူတွေမျှော်လင့်ထားတဲ့ မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်တာကြောင့်…

အီရန်က သဘောတူညီမှု အသည်းအသန် လိုချင်နေပြီလို့ ထရန့် ပြော

ဝါရှင်တန်၊ မတ် ၂၅ အီရန် စစ်ပွဲ အဆုံးသတ်ရေး ညှိနှိုင်းမှုတွေ လက်ရှိ လုပ်ဆောင်နေပြီး အမေရိကန်နဲ့ ဆွေးနွေးနေသူတွေက သဘောတူညီမှု တစ်ရပ် အသည်းအသန် လိုချင်နေကြတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ထရန့်က အခုလိုမျိုး ပြောကြားလိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်း ၆ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပါတယ်။ အမေရိကန်နဲ့ ဆက်သွယ် ဆွေးနွေးနေတာမျိုး မရှိဘူးလို့…

စွမ်းအင်ဆိုင်ရာ အရေးပေါ် အခြေအနေ ဖိလစ်ပိုင် ကြေညာ

မနီလာ၊ မတ် ၂၅ အီရန် စစ်ပွဲနဲ့ပတ်သက်လို့ တုံ့ပြန်တဲ့အနေနဲ့ ဖိလစ်ပိုင်က ကမ္ဘာ့ ပထမဆုံးအဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စွမ်းအင်ဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။ နိုင်ငံအတွက် စွမ်းအင် ထောက်ပံ့မှု တည်ငြိမ်စေရေးနဲ့ ဝယ်ယူရရှိနိုင်မှုအပေါ် မလွဲဧကန် အန္တရာယ် ကျရောက်လာတော့မှာ ဖြစ်တာကြောင့် စွမ်းအင်ဖူလုံမှု ကာကွယ်ရေး အထူးအမိန့်တစ်ရပ်ကို လက်မှတ် ရေးထိုးလိုက်ကြောင်း ဖိလစ်ပိုင်သမ္မတ…

စစ်အာဏာသိမ်း (၁၈၇၈)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၉၄၄) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၂၅ AAPP ရဲ့ မတ်၂၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၇၈) ရက်အတွင်း ပြည်သူ (၇၉၄၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၆၈၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၃၈၈)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

နိုင်ငံရေးရော စစ်ရေးမှာပါ လွှမ်းမိုးနိုင်မယ့် အခင်းအကျင်းမျိုး စစ်ခေါင်းဆောင်လုပ်လာနိုင်

နေပြည်တော် ၊ မတ် ၂၅ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတလုပ်မယ်ဆိုရင် သူ့အတွက် နိုင်ငံရေးအပြင် စစ်ရေးမှာပါ ဩဇာအာဏာပိုညောင်းမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မတချို့ ပြင်ဆင်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀ (ဂ) အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ လက်နက် ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်တယ်လို့ ဖော်ပြထားတာပါ။ တစ်ဘက်မှာ…

မွန်မှာ ယာဉ်စီးခတွေ ဈေးနှုန်း ထိုးတက်လာ

မော်လမြိုင် ၊ မတ် ၂၅ မွန်ပြည်နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ ဝယ်ယူရ အခက်အခဲကြောင့် ယာဉ်စီးခအပါအဝင် ပစ္စည်းတန်ဆာခတွေပါ ဈေးနှုန်း မြင့်တက်လာတယ်လို့ ယာဉ်လိုင်းပိုင်ရှင်တွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေသတွင်းမှာတော့ စက်သုံးဆီတွေဟာ ပြီးခဲ့တဲ့ မတ်လပထမအပတ်က စတင်ကာ လိုသလောက် ဝယ်ယူလို့ မရဘဲ အကန့်အသတ်နဲ့သာ ဝယ်ယူလို့ ရတာ၊ အချိန်ကြာမြင့်စွာ တန်းစီ…

ကျောက်ကြီးမှာ သုံးလအတွင်း အရပ်သားပြည်သူ ၄၀ နီးပါး သတ်ဖြတ်ခံရ

ကျောက်ကြီး၊ မတ် ၂၅ ပဲခူတိုင်း ကျောက်ကြီးမြို့နယ်မှာ ပြီးခဲ့တဲ့ သုံးလအတွင်း စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၃၈ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။ ၂၀၂၆ ခုနှစ် ပထမသုံးလအတွင်း စစ်ကော်မရှင်တပ်ဟာ ကျောက်ကြီးမြို့နယ်ကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ လူမဆန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တာပါ။ စစ်ကော်မရှင်တပ်ရဲ့…

မော်လမြိုင်မှာ စက်သုံးဆီ တရားမဝင် ရောင်းချမှုနဲ့ ဆီဆိုင်ပိုင်ရှင် ၇ ဦး ဖမ်းဆီးခံရ

မော်လမြိုင်၊ မတ် ၂၅ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စက်သုံးဆီ တရားမဝင် ရောင်းချမှုနဲ့ ဆီဆိုင်ပိုင်ရှင်တွေအပါအဝင် လုပ်ငန်းတာဝန်ရှိသူ ၇ ဦး ဖမ်းဆီးအရေးယူခံထားရတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ ဌာနစုံပါဝင်တဲ့ စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကစလို့ စက်သုံးဆီ ရောင်းချမှုအပါအဝင် စုံမ ယာဉ်စနစ်နဲ့ စက်သုံးဆီ ရောင်းချမှု ရှိမရှိကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ…

တရုတ်ပြည်နယ်အဖြစ် ဖော်ပြခံရလို့ WTO ညီလာခံ ထိုင်ဝမ် တက်မှာမဟုတ်

တိုင်ပေ၊ မတ် ၂၄ ဗီဇာ စာရွက်စာတမ်းတွေမှာ ထိုင်ဝမ်ရဲ့ နာမည်ကို ဖော်ပြပုံနဲ့ပတ်သက်လို့ အိမ်ရှင် ကင်မရွမ်းနဲ့ အငြင်းပွားပြီးနောက် ထိုင်ဝမ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ညီလာခံသို့ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်မှာ မဟုတ်ကြောင်း မတ် ၂၄ ရက်မှာ ပြောလိုက်ပါတယ်။ မတ် ၂၆ ရက်ကနေ ၂၉ ရက်အထိ ကင်မရွမ်းက လက်ခံ ကျင်းပမယ့်…

ကိုလမ်ဘီယာ စစ်ဖက်ဆိုင်ရာ လေယာဉ် ပျက်ကျပြီး အနည်းဆုံး လူ ၆၆ ဦး သေဆုံး

ဘိုဂိုတာ၊ မတ် ၂၄ ကိုလမ်ဘီယာ လေတပ် လေယာဉ်တစ်စီး နိုင်ငံတောင်ပိုင်းကနေ ပျံတက်ပြီး မကြာခင် ပျက်ကျသွားတာကြောင့် လူ ၆၆ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများကြီး ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။ လေယာဉ်ပေါ်မှာ လေယာဉ် အမှုထမ်း ၁၁ဦးနဲ့အတူ စစ်သား ၁၁၄ ဦး လိုက်ပါသွားခဲ့တာ ဖြစ်တယ်လို့ လေတပ်တပ်မှူး ကားလို့စ်…