March 2026

အီရန်ကို တိုက်ခိုက်မှု လနဲ့ချီ ကြာနိုင်တယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ မတ် ၂ အီရန်ရဲ့ သြဇာ အာဏာကြီးမားတဲ့ တော်လှန်ရေး အစောင့်တပ်ဖွဲ့ရဲ့ ဌာနချုပ်ကို ဖျက်ဆီးလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်က ကြေညာပြီးနောက် သမ္မတ ဒေါ်နယ် ထရန့်က အီရန် စစ်ပွဲ တစ်လလောက်အထိ ကြာနိုင်တယ်လို့ မတ် ၁ ရက်က ပြောလိုက်ပါတယ်။ အစ္စရေးကတော့ အမေရိကန်နဲ့ ပူးပေါင်းစစ်ဆင်ရေးတွေကြောင့် အီရန်ရဲ့ ကွပ်ကဲရေးနဲ့ ထိန်းချုပ်ရေး…

အကျဉ်းသား တစ်သောင်းကျော် လွတ်ငြိမ်းခွင့်ပြု

နေပြည်တော်၊ မတ် ၂ နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူအကျဉ်သား တစ်သောင်းကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပြုလုပ်တယ်လို့ စစ်ကော်မရှင်က ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ မတ်လ ၂ ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ…

မော်လမြိုင် မီးလောင်မှုမှာ အဘိုးအဘွား နှစ်ဦး သေဆုံး

မော်လမြိုင်၊ မတ် ၂ မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် အာဟာရမူကထဆိုင်အနီးက နေအိမ် တစ်လုံး မီးလောင်မှုမှာ အဘိုးအဘွား နှစ်ဦး သေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။ အဲဒီမီးလောင်မှုဟာ ဒီကနေ့ မတ်လ ၂ ရက်နေ့ မနက် ၂ နာရီခွဲအချိန်ခန့်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မီးလောင်မှုကြောင့် အဘိုးတစ်ဦး၊ အဘွား တစ်ဦး သေဆုံးကာ…