ဂန့်ဂေါမှာ YDF တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်
မကွေး မတ် ၂၃ မကွေးတိုင်း ဂန့်ဂေါမှာ ယောကာကွယ်ရေးတပ် YDF တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၂ ရက်က ဂန့်ဂေါမြို့နယ် ညောင်လယ်ကျေးရွာအနီးမှာ YDF တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်ကြီးကောင်းကောင်းအပါအဝင် နှစ်ဦး ကျဆုံးတယ်လို့ YAW IDP’s Support Network ရဲ့ထုတ်ပြန်ချက်အရ…
