March 2026

တနင်္သာရီ သရက်ချောင်းမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်

သရက်ချောင်း၊ မတ် ၂၁ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကော်မရှင်ဘက်က လေကြောင်းနဲ့ အဆက်မပြတ် ပစ်ကူပေးနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကစလို့ ဝင်းဝစခန်းကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ လာကြိုတဲ့ စစ်ကူစစ်ကြောင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့နေတာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ နေ့စဉ်ရက်ဆက်ဖြစ်ပွားပြီး…

ရေးမှာ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေ

ရေး၊ မတ် ၂၁ မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကစလို့ ရေးမြို့နယ် အောင်သာယာကျေးရွာနဲ့ လိမ္မော်ခြံကျေးရွာတို့ကို စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ အဲဒီတိုက်ပွဲတွေဟာ မတ်လ ၂၀…

အီရန် ရေနံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု တချို့ အမေရိကန် ရုတ်သိမ်း

ဝါရှင်တန်၊ မတ် ၂၁ အီရန်စစ်ပွဲကြောင့် စွမ်းအင် ဈေးကွက်တွေအပေါ် ရိုက်ခတ်မှုတွေကို ခက်ခက်ခဲခဲ ထိန်းသိမ်းနေရချိန် အမေရိကန်က အီရန် ရေနံ တချို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းလိုက်ပါတယ်။ လက်ရှိ ပယ်လယ်ရေပြင်မှာ ပိတ်မိနေတဲ့ အီရန် ရေနံတွေကို ကာလတို ရောင်းချခွင့် ပြုကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်စ်ဆန့်က ကြေညာလိုက်တာပါ။ ဒီလုပ်ရပ်က အမေရိကန်ရဲ့…

သင်္ဘောသားတွေ ဘေးအန္တရာယ်ကင်းရှင်းရေး ထိုင်းက အီရန်ကို တောင်းဆို

ဘန်ကောက်၊ မတ် ၂၁ ဟောမု့ဇ် ရေလက်ကြားကို ထိုင်းကုန်တင်သင်္ဘောတွေ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေး ကူညီပေးဖို့နဲ့ Mayuree Naree သင်္ဘောပေါ်က ထိုင်းသင်္ဘောသား ၃ ဦးကို ကူညီပေးရေး ထိုင်းအစိုးရက တောင်းဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကို ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က မတ် ၂၀ ရက်မှာ တွေ့ဆုံပြီး သင်္ဘောသားတွေကို ကူညီပေးဖို့နဲ့ လူသားချင်းစာနာရေး…

စက်သုံးဆီ အခက်အခဲကြောင့် ဘားအံမှာ မြို့ပတ်ယာဉ်လိုင်း စတင်ပြေးဆွဲ

ဘားအံ၊ မတ် ၂၁ ကရင်ပြည်နယ် မြို့တော် ဘားအံမြို့မှာ စက်သုံးဆီအခက်အခဲကြောင့် မြို့ပတ်ယာဉ်လိုင်း စတင်ပြေးဆွဲသွားမယ်လို့ ပြည်နယ်စစ်ကော်မရှင်က မတ်လ ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။ ကရင်ပြည်နယ် စစ်ကော်မရှင်ရဲ့ စီစဉ်မှုအရ ဘားအံမြို့ရှိ ဒေသခံပြည်သူတွေ သွားလာရေးအဆင်ပြေစေရေးအတွက် ဘားအံမြို့နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီက ဆောင်ရွက်တဲ့ မြို့ပတ်ယာဉ်တွေကို လမ်းကြောင်း နှစ်ကြောင်းနဲ့ နေ့စဉ်ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။ ပြေးဆွဲပေးတဲ့…

စစ်အာဏာသိမ်း (၁၈၇၄)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၉၃၈) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၂၁ AAPP ရဲ့ မတ်၂၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၇၄) ရက်အတွင်း ပြည်သူ (၇၉၃၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၆၆၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၃၀၉)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ရွေးကောက်ပွဲအနိုင်ရ ကြံ့ခိုင်ရေးပါတီက စစ်ဗိုလ်ချုပ်တွေအတွက် အဖြည့်ခံဖြစ်နေပြီလား

နေပြည်တော် ၊ မတ် ၂၁ စစ်ကော်မရှင်ကနေ ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက နိုင်ငံအင်္ဂါစဉ်အရ ထိပ်ပိုင်း ရာထူးနေရာတွေရရှိဖို့ သွေဖယ်လာနေပါတယ်။ တတိယကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကနေ ပါတီရဲ့ ဥက္ကဌ ဖြစ်တဲ့ ဦးခင်ရီက ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့အတွက် သမ္မတဖြစ်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ ဒါကြောင့် ကြံ့ခိုင်ရေးပါတီဟာ ရွေးကောက်ပွဲမှာ…

မွန်မှာ စက်သုံးဆီဈေး ဆက်တိုက်ထိုးတက်လာ

မော်လမြိုင် ၊ မတ် ၂၁ မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်လာမှုနဲ့အတူ တခြားဒေသတွေထက် စက်သုံးဆီ ဈေးနှုန်း အ ဆမတန် မြင့်တက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်သုံးဆီဈေးနှုန်းဟာ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က 95 ဓာတ်ဆီ တစ်လီတာ ကျပ် ၂၉၅၅ ကျပ်၊ 92 ဓာတ်ဆီ တစ်လီတာ…

သမ္မတရွေးချယ်ဖို့ အစုအဖွဲ့အစည်းအဝေးတွေကို တပ်မတော် နေ့အလွန်မှာ စတင်ကျင်းပမယ်

နေပြည်တော် ၊ မတ် ၂၁ နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့ အစုအဖွဲ့အစည်းအဝေးတွေကို လာမယ့် တပ်မတော်နေ့အလွန် မတ် ၃၀ ရက်နေ့မှာ စတင်ကျင်းပမယ်လို့ မတ်လ ၂၀ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကြေညာပါတယ်။ စစ်ကော်မရှင်က ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တတိယကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေ ခေါ်ယူကာ…

ပုလဲဆိပ်ကမ်း ဗုံးကြဲမှုနဲ့ အီရန်ကို တိုက်ခိုက်မှု ထရန့် နှိုင်းယှဉ် ပြောဆို

ဝါရှင်တန် မတ် ၂၀ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအီချီနဲ့ မတ် ၁၉ ရက်က တွေ့ဆုံချိန်အတွင်း ၁၉၄၁ ခုနှစ် ပုလဲဆိပ်ကမ်း ဗုံးကြံခံရတဲ့ဖြစ်ရပ်ကို ရည်ညွှန်းပြောဆိုခဲ့တာကြောင့် အများအာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံ့ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပွဲမှာ ဂျပန်သတင်းထောက်တစ်ဦးက အမေရိကန်ဘက်ကဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်ကို တိုက်ခိုက်မယ့် အစီအစဉ်နဲ့ပတ်သက်လို့ မဟာမိတ်နိုင်ငံတွေကို…