ပုလဲဆိပ်ကမ်း ဗုံးကြဲမှုနဲ့ အီရန်ကို တိုက်ခိုက်မှု ထရန့် နှိုင်းယှဉ် ပြောဆို

ဝါရှင်တန် မတ် ၂၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအီချီနဲ့ မတ် ၁၉ ရက်က တွေ့ဆုံချိန်အတွင်း ၁၉၄၁ ခုနှစ် ပုလဲဆိပ်ကမ်း ဗုံးကြံခံရတဲ့ဖြစ်ရပ်ကို ရည်ညွှန်းပြောဆိုခဲ့တာကြောင့် အများအာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။

နိုင်ငံ့ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပွဲမှာ ဂျပန်သတင်းထောက်တစ်ဦးက အမေရိကန်ဘက်ကဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်ကို တိုက်ခိုက်မယ့် အစီအစဉ်နဲ့ပတ်သက်လို့ မဟာမိတ်နိုင်ငံတွေကို ကြိုတင်သတိမပေးခဲ့တာ ဘာကြောင့်လဲ” လို့ မေးမြန်းရာမှာ ထရန့်က အခုလိုမျိုး နှိုင်းယှဉ်ပြောဆိုလာတာပါ။

“အံ့အားသင့်ဖွယ် တိုက်ခိုက်မှုအကြောင်းကို ဘယ်သူက ပိုသိမလဲ။ ဂျပန်ပဲ မဟုတ်လား။ ပုလဲဆိပ်ကမ်းကိစ္တုန်းက မင်းတို့ ဘာလို့ မပြောခဲ့တာလဲ” လို့ ထရန့်က ပြောဆိုခဲ့တာပါ။

အဲဒီ ပြောကြားချက်ကြောင့် အခန်းအတွင်းမှာ ရယ်မောသံများ ထွက်ပေါ်ခဲ့ပေမယ့် ဝန်ကြီးချုပ် တာကာအီချီရဲ့ မျက်နှာအမူအရာမှာ အံ့အားသင့်မှုနဲ့ မသက်သာဖြစ်မှု ထင်ရှားနေကြောင်း မီဒီယာတွေမှာ ဖော်ပြကြပါတယ္။

ဂျပန်ပြည်သူတချို့ကလည်း အခုလို မှတ်ချက်အပေါ် မတူညီတဲ့ အမြင်တွေကို ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။

ပုလဲဆိပ်ကမ်း ဗုံးကြဲမှုဟာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့မာ ဂျပန်က အမေရိကန်နိုင်ငံ ဟာဝိုင်ယီရှိ စစ်တပ်အခြေစိုက်စခန်းကို မမျှော်လင့်ဘဲ တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပြီး၊ အဲဒီဖြစ်ရပ်ကြောင့် အမေရိကန်စစ်သား ၂၀၀၀ ကျော်နဲ့ အရပ်သား ၆၈ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီနောက် အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်ထဲ တရားဝင် ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဂျပန်နဲ့ မဟာမိတ်ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။

အခုဖြစ်ရပ်မှာတော့ သမိုင်းအကြောင်းအရာတွေကို ပြန်လည်ရည်ညွှန်းပြောကြားမှုဟာ သံခင်းတမန်းခင်းကဏ္ဍမှာ သတိထားစရာဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.