March 20, 2026

စစ်အာဏာသိမ်း (၁၈၇၄)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၉၃၈) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၂၁ AAPP ရဲ့ မတ်၂၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၇၄) ရက်အတွင်း ပြည်သူ (၇၉၃၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၆၆၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၃၀၉)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ရွေးကောက်ပွဲအနိုင်ရ ကြံ့ခိုင်ရေးပါတီက စစ်ဗိုလ်ချုပ်တွေအတွက် အဖြည့်ခံဖြစ်နေပြီလား

နေပြည်တော် ၊ မတ် ၂၁ စစ်ကော်မရှင်ကနေ ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက နိုင်ငံအင်္ဂါစဉ်အရ ထိပ်ပိုင်း ရာထူးနေရာတွေရရှိဖို့ သွေဖယ်လာနေပါတယ်။ တတိယကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကနေ ပါတီရဲ့ ဥက္ကဌ ဖြစ်တဲ့ ဦးခင်ရီက ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့အတွက် သမ္မတဖြစ်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ ဒါကြောင့် ကြံ့ခိုင်ရေးပါတီဟာ ရွေးကောက်ပွဲမှာ…

မွန်မှာ စက်သုံးဆီဈေး ဆက်တိုက်ထိုးတက်လာ

မော်လမြိုင် ၊ မတ် ၂၁ မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်လာမှုနဲ့အတူ တခြားဒေသတွေထက် စက်သုံးဆီ ဈေးနှုန်း အ ဆမတန် မြင့်တက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်သုံးဆီဈေးနှုန်းဟာ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က 95 ဓာတ်ဆီ တစ်လီတာ ကျပ် ၂၉၅၅ ကျပ်၊ 92 ဓာတ်ဆီ တစ်လီတာ…

သမ္မတရွေးချယ်ဖို့ အစုအဖွဲ့အစည်းအဝေးတွေကို တပ်မတော် နေ့အလွန်မှာ စတင်ကျင်းပမယ်

နေပြည်တော် ၊ မတ် ၂၁ နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့ အစုအဖွဲ့အစည်းအဝေးတွေကို လာမယ့် တပ်မတော်နေ့အလွန် မတ် ၃၀ ရက်နေ့မှာ စတင်ကျင်းပမယ်လို့ မတ်လ ၂၀ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကြေညာပါတယ်။ စစ်ကော်မရှင်က ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တတိယကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေ ခေါ်ယူကာ…

ပုလဲဆိပ်ကမ်း ဗုံးကြဲမှုနဲ့ အီရန်ကို တိုက်ခိုက်မှု ထရန့် နှိုင်းယှဉ် ပြောဆို

ဝါရှင်တန် မတ် ၂၀ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအီချီနဲ့ မတ် ၁၉ ရက်က တွေ့ဆုံချိန်အတွင်း ၁၉၄၁ ခုနှစ် ပုလဲဆိပ်ကမ်း ဗုံးကြံခံရတဲ့ဖြစ်ရပ်ကို ရည်ညွှန်းပြောဆိုခဲ့တာကြောင့် အများအာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံ့ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပွဲမှာ ဂျပန်သတင်းထောက်တစ်ဦးက အမေရိကန်ဘက်ကဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်ကို တိုက်ခိုက်မယ့် အစီအစဉ်နဲ့ပတ်သက်လို့ မဟာမိတ်နိုင်ငံတွေကို…

ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ပြစ်မှု ထင်ရှားတဲ့ စင်ကာပူနိုင်ငံသားကို အမေရိကန် နှင်ထုတ်

ဝါရှင်တန်၊ မတ် ၂၀ နိုင်ငံတည်ထောင်သူ လီကွန်းယုကို စော်ကားတဲ့ အငြင်းပွားဖွယ် ပြောဆိုမှုတွေကြောင့် စင်ကာပူမှာ လူအများ အမှတ်ရနေကြတဲ့ စင်ကာပူ နိုင်ငံသား တစ်ဦးကို မိခင်နိုင်ငံမှာ စွဲချက်တင်ရေး အမေရိကန်က ပြန်လည် ပို့ဆောင်လိုက်ပါတယ်။ အမို့စ်ယီဟာ ဘာသာရေးကို ဝေဖန်တဲ့ ဗီဒီယိုတွေနဲ့ ပတ်သက်လို့ စင်ကာပူမှာ နှစ်ကြိမ်တိုင် ထောင်ချခံရပြီးနောက် ၂၀၁၇ ခုနှစ်က အမေရိကန်နိုင်ငံမှာ…

ကရင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးစန်းကို ရွေးချယ်ခံရ

ဘားအံ၊ မတ် ၂၀ စစ်ကော်မရှင်ရဲ့ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးပါတီက ဦးစန်းကို ရွေးချယ်ခံရပါတယ်။ ဒီကနေ့ မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက ဘားအံမြို့နယ်ရှိ ကရင်ပြည်နယ် လွှတ်တော်မှာ လွှတ်တော် အကြီးအကဲတွေကို ခန့်အပ်ခဲ့တာပါ။ ဒီအစည်းအဝေးမှာ သဘာပတိအဖြစ် လက်ရှိဝန်ကြီးချုပ် ဦးစောမြင့်ဦးက တာဝန်ယူဆောင်ရွက်ခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစန်းကို၊…

မွန်မှာ ယာဉ်လိုင်းအများစု ပုံမှန်မပြေးဆွဲနိုင်တော့

မော်လမြိုင်၊ မတ် ၂၀ မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်လာတာကြောင့် မြို့နယ်ချင်းဆက် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအများစု နေ့စဉ် မပြေးဆွဲနိုင်တော့ဘူးလို့ ယာဉ်လိုင်းလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြို့နယ်ချင်းဆက် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအများစုဟာ စက်သုံးဆီ ပြတ်လပ်လာမှုနဲ့အတူ ဝယ်ယူရ အခက်အခဲတွေကြောင့် တစ်ပတ်လျှင် နှစ်ရက်လောက်သာ ပြေးဆွဲရတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။ စက်သုံးဆီ ဝယ်ယူရာမှာလည်း စစ်ကော်မရှင်ရဲ့ စုံမယာဉ်…

ကျောက်ကြီးမှာ စစ်မှုထမ်းတပ်သား သုံးဦး လက်နက်ချ အလင်းဝင်

ကျောက်ကြီး၊ မတ် ၂၀ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်း တပ်သား သုံးဦး လက်နက်ချ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ကျောက်ကြီးမြို့နယ် သံဆိပ်စခန်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သား သုံးဦးဟာ မနေ့ မတ်လ ၁၉ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၉ ထံ…

မွန်ပြည်နယ် လွှတ်တော် အကြီးအကဲ နေရာတွေအတွက် ကြံ့ခိုင်ရေးပါတီ ပြိုင်ဘက်မရှိ ရွေးချယ်ခံရ

မော်လမြိုင်၊ မတ် ၂၀ ဒီကနေ့ မော်လမြိုင်မှာ ကျင်းပတဲ့ စစ်ကော်မရှင်ရဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ ပြည်နယ်လွှတ်တော် အကြီးအကဲ နေရာတွေအတွက် ကြံ့ခိုင်ရေးပါတီက ပြိုင်ဘက်မရှိ ရွေးချယ်ခံရပါတယ်။ ဒီအစည်းအဝေးမှာ လက်ရှိ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သဘာပတိအဖြစ် ရွေးချယ်ခံရပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးသက်ထွေး၊ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် ဦးမင်းအောင်မြင့်တို့က ပြိုင်ဘက်မရှိ…