မွန်ပြည်နယ် လွှတ်တော် အကြီးအကဲ နေရာတွေအတွက် ကြံ့ခိုင်ရေးပါတီ ပြိုင်ဘက်မရှိ ရွေးချယ်ခံရ

မော်လမြိုင်၊ မတ် ၂၀

ဒီကနေ့ မော်လမြိုင်မှာ ကျင်းပတဲ့ စစ်ကော်မရှင်ရဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ ပြည်နယ်လွှတ်တော် အကြီးအကဲ နေရာတွေအတွက် ကြံ့ခိုင်ရေးပါတီ
က ပြိုင်ဘက်မရှိ ရွေးချယ်ခံရပါတယ်။

ဒီအစည်းအဝေးမှာ လက်ရှိ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သဘာပတိအဖြစ် ရွေးချယ်ခံရပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးသက်ထွေး၊ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် ဦးမင်းအောင်မြင့်တို့က ပြိုင်ဘက်မရှိ ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတဲ့ ဦးသက်ထွေးဟာ မွန်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။

ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတဲ့ ဦးမင်းအောင်မြင့်ဟာ စစ်ကော်မရှင်ရဲ့ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးဖြစ်သလို မွန်ပြည်နယ် ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုကော်မဝင်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။

မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတဲ့ သူတို့ နှစ်ဦးဟာ စစ်ကော်မရှင် ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ်နဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာသူတွေ ဖြစ်ပါတယ်။

စစ်ကော်မရှင် ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခုနှစ်ဦးနဲ့ ဒုတိယအများဆုံး အနိုင်ရရှိထားတဲ့ မွန်ညီညွှတ်ရေးပါတီကတော့ လွှတ်တော်အကြီးအကဲ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်တာ မရှိပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ရာမညအသံ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.