ကျားဖြန့်နှိမ်နှင်းမှုမှာ မပူးပေါင်းတဲ့ BGF တပ်ဖွဲ့ဝင်တွေကို ရှင်းထုတ်ပစ်မယ်လို့ စစ်ကော်မရှင် ကြွေးကြော်
မြဝတီ၊ ဒီဇင်ဘာ ၁၆ ရွှေကုက္ကိုနယ်မြေက အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုလုပ်ငန်း တိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်မှုမရှိတဲ့ BGF အဖွဲ့ဝင်တွေကို ခွဲခွဲခြားခြားလုပ်ပစ်ရမှာဖြစ်တယ်လို့ စစ်ကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကော်မရှင်ရဲ့ အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဖွဲ့အစည်းတိုင်းမှာ ကောင်းတဲ့သူနဲ့…
